Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လယ်ဝေးတွင် လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနေ
-------------------------
ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရာ (၂)ပတ်အတွင်း လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနကနေ သိရပါတယ်။ ဓာတ်အားပြတ်တောက်သွားတဲ့ ကျေးရွာတွေကို ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေး အတွက် စက်တင်ဘာ ၁၆ ရက်ကစပြီး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာပါ။
စက်တင်ဘာ(၂၆)ရက်မှာ ကျေးရွာ (၁၃)ရွာကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သာဝတ္ထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းကနေ သိရပါတယ်။ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိတဲ့ ကျေးရွာ တွေကတော့ လယ်ဝေးမြို့နယ် အတွင်းက လက်ပံတန်း၊ ကြို့ပင်သာ၊ သစ်ခေါက်ခွ၊ ကြို့တန်း၊ ဆီဆုံကုန်း၊ ပေါက်မြိုင်၊ ရေလဲပေါက်၊ ဘို့ကိုးလုံး၊ ရေနီလေး၊ မြောင်းမြ၊ အင်ပင်တဲစု၊ နှစ်ဆောင်မြိုင်နဲ့ ညောင်ပင်အိုင်ကျေးရွာ တွေ ဖြစ်တယ်လို့ သိရပါတယ်။
အောက်တိန်း 92 နှင့် 95 ဈေး အနည်းငယ်တက်လာ
---------------------
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက မြို့ကြီးတချို့ရဲ့ အောက်တိန်း 92 နဲ့ 95 ဈေးတွေဟာ စက်တင် ဘာလ ၂၇ ရက်မှာ အနည်းငယ် တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးဟာဆိုရင် အောက်တိန်း 92 တစ်လီတာကို ၃၁၃၅ ကျပ်၊ အောက် တိန်း 95 တစ်လီတာကို ၃၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၅၈၅ ကျပ် နဲ့ ပရီမီယမ် ဒီဇယ်တစ်လီတာကို ၃၂၃၀ ကျပ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခုထုတ်ပြန်တဲ့ ဈေးနှုန်းဟာ စက်တင်ဘာလ ၂၆ ရက်နဲ့ နှိုင်းယှဉ်ရင် အောက်တိန်း 92 နဲ့ 95 တစ် လီတာကို ၇၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာကို ၁၀ ကျပ်လောက် ဈေးနှုန်းမြင့်တက်လာတာဖြစ်ပြီး ပရီမီယမ်ဒီဇယ်ဈေးကတော့ အနည်းငယ်ကျဆင်းသွားပါတယ်။ အလားတူ နေပြည်တော်အပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ကြီးတွေရဲ့ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးတွေကလည်း အရင်နေ့ ပေါက်ဈေးထက် အနည်းငယ်တက်လာ တာကို တွေ့ရပါတယ်။
ယူရိုပါလိဂ် ပွဲစဉ်တွင် စပါးအသင်း ဂိုးပြတ်အနိုင်ရ
---------------------------
စက်တင်ဘာ ၂၆ ရက်ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ စပါးအသင်းက ကွာရာဘတ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် စပါးအသင်းဟာ ပွဲချိန် (၇)မိနစ်မှာပဲ နောက်ခံလူ ဒရာဂူဆင် အထုတ်ခံရလို့ တစ်ပွဲလုံးနီးပါးကို ဆယ်ယောက်နဲ့ ကစားခဲ့ရတာပါ။
ပွဲချိန် (၁၂)မိနစ်မှာရခဲ့တဲ့ ဂျွန်ဆင်ရဲ့ ဦးဆောင် ဂိုးက စပါးအသင်းရဲ့ ဖိအားတွေကို လျော့ကျစေခဲ့သလို ၅၂ မိနစ်မှာ ပါပီဆားက စပါးအတွက် အနိုင်သေချာစေ မယ့် ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၅၈ မိနစ်မှာ ကွာရာဘတ်အသင်း ပင်နယ်တီရခဲ့ပေမယ့် ဘေရာမော့ဗ်ရဲ့ ကန်ချက်က ဂိုးပေါက်နဲ့လွဲခဲ့ပါတယ်။
၆၈ မိနစ်မှာတော့ ဆိုလန်ကီက ဆွန်ဟောင်မင်ရဲ့ ကန်ချက် ဂိုးသမား ပုတ်ထုတ်တာကို ပိတ်သွင်းပြီး စပါးအတွက် တတိယဂိုး ရယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲက မြောက်လန်ဒန် ဒါဘီမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း စပါးအသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက်အနိုင်ရတာ ဖြစ်ခဲ့သလို တောင်ပံတိုက်စစ်မှူး ဂျွန်ဆင်အတွက်လည်း စပါးအသင်းနဲ့အတူ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ခဲ့ပါတယ်။ စပါးအသင်းဟာ အခုတစ်ပတ် မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် မန်ယူအသင်းအိမ်ကွင်းကို သွားရောက် ကစားရမှာလည်း ဖြစ်ပါတယ်။
"မင်းဖြစ်ချင်တာကို လုပ်လို့မရဘူးလို့ ဘယ်သူကမှမပြောစေနဲ့
ငါကတောင် မပြောစေနဲ့ ဟုတ်ပြီလား။
မင်းမှာ အိပ်မက်တစ်ခုရှိရင် မင်းအဲ့တာကိုကာကွယ်ရမယ်။
လူတွေက သူတို့မလုပ်နိုင်တော့တဲ့အရာတစ်ခုဆိုရင် မင်းလည်းလုပ်နိုင်မှာမဟုတ်ဘူးလို့ မင်းကိုပြောကြလိမ့်မယ်။
ဒီတော့ မင်းကရအောင်လုပ်ပြလိုက်”
-
The Pursuit of Happyness (2006)
#fypシ゚
#moti