Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပေါင်(၂၀)ကျော် ဝိတ်ချနည်း
-မနက်စာကို ငှက်ပျောသီးနှစ်လုံး စားပါ
-ရိုးရိုးရေ ဝင်သလောက်သောက်ပါ
-နေ့လည်စာကိုလည်း အသီးအရွက်နဲ့ ငှက်ပျောသီးရောစားပါ
-ကြားထဲမှာ အချိုရည်၊အချိုပွဲ မစားရဘူး၊
-ဗိုက်ဆာလာရင် ရေနဲ့ငှက်ပျောစားလို့ရတယ်
-ညစာကိုပုံမှန်အတိုင်းစား၊ ဒါပေမယ့် (၈)နာရီနောက်ပိုင်း ဘာမှ မစားနဲ့။ ဝိတ်ကျဖို့လည်း စိတ်မပူနဲ့။
ဘာ့ကြောင့်ဝိတ်ကျလဲ
ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်က်ုပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ တခြား အာဟာရစုပ်ယူမှုကိုလည်း တားဆီးနိုင်တယ်။ ငှက်ပျောမှာပါတဲ့ ကစီဓာတ်တမျိုးက အူထဲမှာ ကစော်ပေါက်ပြီး အင်ဇိုင်းတမျိုး ထွက်လာတယ်။ ထွက်လာတဲ့အင်ဇိုင်းက ဗိုက်ထဲမှာ ရှိတဲ့ အဆီတွေရဲ့ ၂၅ရာခိုင်နှုန်းကို လောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးစားရုံနဲ့ ဝိတ်ကျစေတယ်လို့ ဆိုတာပါ။ ဒီနေရာမှာ ဒေါက်တာ Fujimoto ကလည်း ထပ်ဆင့် အကြံပေးပါတယ်။ ညစဉ် detox soup ဆွပ်ပြုတ်တခွက်သောက်တာဟာ ဝိတ်ကျဖို့ပိုပြီး အထောက်အကူပြုနိုင်တယ်ဆိုတာပါ။ ခရမ်းချဉ်သီး၊ကြက်သွန်နီ၊ဂေါ်ဖီထုပ်၊ခါကြက်ဥ၊ငရုတ်သီးစိ်မ်းကို ရောပြီး စွပ်ပြုတ်လုပ်၊တရုတ်နံနံနဲ့ရောပြီးသောက်ရင် အဆိပ်အတောက်ကင်းပြီး ဝိတ်လည်းကျဦးမတဲ့။
တတယ်တော့ ငှက်ပျောသီးအကြောင်း သိပ္ပံနည်းကျပြောထားတာ ၁၉၇၀လောကိကတည်းက ရှိခဲ့ဖူးတယ်။ အနောက်တိုင်းမှာပါ။ ငှက်ပျောသီးမှာပါတဲ့ ကစီဓာတ်က ရင်ပြည့်စေတယ်၊အဆီပိုလောင်ကျွမ်းစေတယ်။ အထဲမှာပါတဲ့ ပရိုတင်းဓာတ်က အစာခြေဖျက်မှုကို ဖြစ်စေတဲ့ amylaseကို တားဆီးတယ်။ အူလမ်းက ဝင်လာတဲ့ ကစီဓာတ် စုပ်ယူမှုကို လျှော့နည်းစေတယ်။ နောက်ပြီး ပါတဲ့အင်ဇိုင်းဓာတ်တမျိုးကလည်း အစာချေဖျက်မှုအားပေးပြီး ဝိတ်ကျဖို့ ကူညီနိုင်တယ်လို့ ဆိုပါတယ်။
ငှက်ပျောသီးမှာ ဗီတာမင်ဘီ၊စီ၊မဂ္ဂနီစီယမ်၊ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တွေပါတယ်။ အနေတော် ငှက်ပျောသီးတလုံးမှာ ကာဗိုဟိုက်ဒရိတ် 23 grams လောက်ပါတယ်။ ကယ်လိုရီနဲ့တွက်ရင် 92 calorieလောက် ရရှိစေမယ်။ ပိုတက်စီယမ် 467 mgနဲ့ ဆိုဒီယမ် 1 mgလောက်ပါလို့ အားကစားသမားတွေက အစာပြေသလို သက်လုံကိုလည်း ကောင်းစေတယ်လို့ ယုံကြည်ကြတယ်။ တချို့က အားဖြည့်အချိုရည်တွေထက် အလေးပေးပြောဆိုတာလည်း ရှိပါတယ်။ ဒါတင်မကသေးဘူး။ ပိုတက်စီယမ်ပါတာချင်း တူဦးတော့။ ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်ကိုယိတိုင်က အရိုးအတွက် ကောင်းမွန်စေသတဲ့။ ဆီးတွင်း ကယ်လ်စီယမ်စွန့်ထုတ်မှုကို လျှော့နည်းစေလို့ အရိုးပွရောဂါဖြစ်ပွားမှုကို လျှော့ကျစေတယ်။
တွက်ချက်မှုတွေအရ ငှက်ပျောသီးတလုံးမှာ အမျှင်ဓာတ် 3 grams လောက်ပါတယ်။ soluble fibre နဲ့ insoluble fibre နှစ်မျိုးလုံးပါတယ်။ သွေးကြောနဲ့ ပတိသက်တဲ့ရောဂါတွေမှာ အမျှင်ဓာတ် 5 grams စားပေးရုံနဲ့ အာနိသင်က စရလာပြီ။ အမေရိကန်နိုင်ငံမှာ လူပေါင်း (၄၀၀၀၀)ကျော်ကို လေ့လာတဲ့အခါ တရက်ကို အမျှင်ဓာတ် 21 grams စားသုံးရုံနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှုကို ၁၁ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ တွေ့တယ်။ ငှက်ပျောသီးအာဟာရကြောင့် သွေးပေါင်လျှော့စေသလို နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုပါ ကာကွယ်ပေးဦးမတဲ့။
ဘယ်အသီးမဆို ရင့်မှည့်လာချိန်မှာ အာဟာရတန်ဖိုး အနည်းနဲ့ အများ ပြောင်းလဲတတ်ကြတယ်။ အာဟာရတန်ဖိုးနဲ့ ကာဗိုဟိုက်ဒရိတ်က သွေးတွင်းအချိုဓာတ်နဲ့ အင်ဆူလင်ဓာတ်ကို သက်ရောက်စေတယ်။ ရင့်မှည့်လွန်းတဲ့သစ်သီးက သကြားဓာတ်ပိုကဲလို့ သွေးတွင်းဂလူးကို့စ် အတက်မြန်တယ်။ ဂလူးကို့စ်တက်တဲ့ပမာဏကို glycemic indexနဲ့ တွက်တယ်။ဂလူးကို့စ်မြန်မြန်တက်တဲ့အစားအစာတွေဟာ glycemic index များပြီး၊အတက်နှေးတာတွေက glycemic indexနည်းတယ်။ သတ်မှတ်ချက်တွေအရ 55အောက် ရှိတာတွေကို နည်းတယ်လို့ သတ်မှတ်ပါတယ်။ ငှက်ပျောသီးစိမ်းက glycemic indexနည်းလို့ လူနဲ့တဲ့တယ်။ ရင့်မှည့်စ ငှက်ပျောသီးဟာ glycemic index 51လောက်ပဲ ရှိတယ်။ အမှည့်လွန် အညိုရောင်သမ်းတဲ့အသီးမှာတော့ glycemic index 58လောက် ရှိတယ်။ ဒါ့ကြောင့် ဝိတ်ချဖို့ စားသင့်တဲ့ ငှက်ပျောသီးက မှည့်ကာစ အမည်းကွက်ကလေးတွေ စတင်ပေါ်ပေါက်တဲ့ အချိန်ဖြစ်ပါတယ်။
ကျန်းမာရေးအတွက်သင့်တော်တာက ငှက်ပျောသီးကြောင့် ခုခံအားကို တက်စေတယ်။ ရင့်မှည့်ကာစ အမည်းပျောက်တွေပါတဲ့ ငှက်ပျောသီးက ခုခံအားများတဲ့ TNFကို ထုတ်ပေးတယ်။ TNFဆိုတာ ခုခံအားစနစ်ဆဲလ်တွေက ထုတ်ပေးတဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ ကင်ဆာကုသရာမှာ သုံးတဲ့ Lentinan လိုပါပဲ။ ကင်ဆာကို တိုက်ဖျက်ရာမှာ အသုံးဝင်သေးတယ်။အင်တီအောက်စီးဒင့်အာနိသင် ရှိလို့ လူနဲ့တော်တယ်။ ငှက်ပျောသီး မှည့်လာတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်ဆည်းထားခြင်းက ဗီတာမင်ဆုံးရှုံးမှုကို ကာကွယ်ပေးတယ်။ ညိုစပြုလာတာနဲ့ ချက်ချင်းစားပါ။ထိပ်ပိုင်းကို လေလုံအောင် ပလက်စတစ်နဲ့ ထုပ်ပိုးထားရင် ကြာရှည်ခံတယ်။ ဒီနည်းနဲ့ ရင့်မလာအောင် ထိန်းပေးတယ်။
ငှက်ပျောသီးနည်း ဘာ့ကြောင့်နာမည်ကြီးလဲ
ဝိတ်ချတဲ့အခါ လိုအပ်တဲ့အချက်နဲ့ ကိုက်ညီလို့ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝပြီး glycemic index နည်းလို့၊အမျှင်ဓာတ်များပြီး အစာစားချင်စိတ်က်ိုတားဆီးနိုင်လို့၊ ဗီတာမင်ကြွယ်ဝလို့၊အဆီပိုတွေ လောက်ကျွမ်းစေလို့ စတဲ့အချက်တွေ သွားတွေ့ရတယ်။ စျေးသိပ်မကြီးတာ၊အလုပ်ရှုပ်သက်သာတာ၊အလွယ်ဝယ်လို့ရနေတာတွေလည်း ပါမှာပေါ့။
ဒါဆို ငှက်ပျောသီးစားတာ သိပ်ကောင်းတာပဲ၊ကျန်းမာရေးအတွက် ကောင်းရုံမက ဝိတ်ကျတော့မှာပေါ့။ ဒီလိုလည်း တွက်လိုမရသေးဘူး။ American dietic associationက ငှက်ပျောသီးနှစ်လုံး နေ့စဉ်စားရုံနဲ့ ဝိတ်ကျတာ ဟုတ်နိုင်ပါ့မလား။ မနက်စာကလွဲရင် ကျန်တဲ့အချိန်စားချင်တာ စားဆိုတာလည်း သဘာဝမကျဘူး။ junk foodတွေ၊glycemic index များတဲ့အစားအစာတွေကနေ ပိုစားမိအောင် လှုံဆော်ရာရောက်နိုင်တယ်၊ အခန့်မသင့်ရင် ပိုဝလာနိုင်တယ်လို့ ထောက်ပြထားတယ်။ Niigata တက္ကသိုလ်က ဆေးပညာပါမောက္ခပြောတာ အရှင်းဆုံးပဲ။ ငှက်ပျောသီး ဆိုတာ fad diet တမျိုးပါပဲတဲ့။ ဆိုလိုချင်တာက ဒီဝိတ်ချနည်းက ကြာကြာမခံတဲ့ ပေါ်ပင်အစားအစာမျိုးပါ။ ဘာ့ကြောင့်လဲဆိုတော့ တကယ်ဝိတ်ကျဖို့ ရုပ်ပိုင်းလှုပ်ရှားမှုနဲ့ အစားအသောက်ထိန်းဖို့ ပိုအရေးကြီးတာ သူတို့နားမလည်သေးလို့ ဖြစ်နိုင်တယ်။ တနေ့တော့ ပျောက်ကွယ်သွားမယ် ထင်ပါတယ်
တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာက ပြခန်း ၈၄ ခန်းပြသ
-----------------------------
တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်း ပြသထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ် မယ့် အဲဒီ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဆန်စပါး၊ အာရေဗီးကာကော်ဖီ၊ ရေထွက်ကုန်၊ သစ်သီးဝလံ၊ လက်ဖက်၊ ဟင်းခတ်အမွှေးအကြိုင်၊ သစ်သားထည်၊ လက်မှုအနုပညာနဲ့ ကျောက်မျက် စတဲ့ ပြခန်းတွေ ပါဝင်ပြသ နေတာပါ။
ကုန်စည်ပြပွဲကို ကျင်းပတာဟာ ချစ်ကြည်ရင်နှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကုန်သွယ်မှု အကျိုးကျေးဇူး ရရှိစေဖို့ တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ-၃ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နဲ့ တရုတ်-အာဆီယံဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ အာဆီယံ (၁၀)နိုင်ငံနဲ့ တရုတ်နိုင်ငံတွေက ပြခန်းပေါင်း ၃၀၀၀ ကျော် ပါဝင်ပြသထားတာ ဖြစ်တယ်လို့ သိရပါတယ်။
အရင်ကတော့
ဒုက္ခတွေ .. အခက်အခဲတွေ ကြုံလာရင် လွယ်လွယ်ကူကူ စိတ်ဓာတ်ကျတယ်
အရှုံးပေးချင်လာတယ်
အခုတော့
ဒုက္ခတွေ .. ကြပ်တည်းမှုတွေ ကြုံလာလည်း
ဒီအတိုင်း ရင်ဆိုင်ကြည့်ချင်တယ်
ဘယ်သူက ကိုယ်နဲ့အတူရှိမလဲ .. ဆိုတဲ့
စစ်မှန်မှု ဖေးမ မှုတွေရယ် ..
ကိုယ်ကရော ဘယ်လောက်အထိ
ကျော်ဖြတ်နိုင်မလဲ ဆိုတဲ့ ..
အဲဒီ ခံနိုင်ရည်တွေကိုရယ်
ပိုပြီး သိချင်လာတယ် ။
ဒုက္ခကို သတ္တိရှိရှိ ကြိုဆို ထွေးပွေ့ခြင်းပေါ့ ..
ရင်ခုန်စရာပါပဲ ။
#သက်ထားခင်thk
#ဒုက္ခအားထွေးပွေ့ခြင်း
ထွန်းထွန်းမင်းက ရေဘေးအတွက် ကူညီလှူဒါန်းမည်
----------------------
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းဟာ သူရဲ့ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ် လေလံတင် ရောင်းချ ရငွေနဲ့ စက်တင်ဘာလ(၂၇)ရက်မှာ ကလောမြို့က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ ထွန်းထွန်းမင်းနဲ့အတူ ရိုးရာလက်ဝှေ့ကျော်တွေ၊ နာမည်ကျော် လက်ဝှေ့သမားတွေနဲ့ မျိုးဆက်သစ် လက်ဝှေ့ လူငယ်တွေ ပါဝင်ပြီး လှူဒါန်းမှုတွေ ပြုလုပ်သွားမှာပါ။
လှူဒါန်းမှာကတော့ ချန်ပီယံ ခါးပတ်ရောင်းချငွေ အပါအဝင် အလှူရှင်တွေရဲ့ လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း (၈၀၀)နီးပါလောက် ကုန်ကျခံပြီး လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ရာမှာ ဆန်အိတ်(၅၀၀)၊ ဆီပုံး (၅၀၀) အပါအဝင် အဝတ်အထည်၊ ခေါက်ဆွဲခြောက်နဲ့ အခြား စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေပါ လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။