ကိုယ်လျှောက်လှမ်းတဲ့လမ်းမှာ လုပ်သမျှ မှန်နေတဲ့အချိန်ဆို လူသားဆန်ပါ ။ မှားသွားတဲ့အချိန်မှာ ခွင့်လွှတ်ပါ ။ စာနာရိုင်းပင်းပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အရာကမှ အကောင်းချည်းပဲ အဆိုးချည်းပဲ ဖြစ်မနေလို့ပါ ။ ကမ္ဘာကြီးက ကြီးမားပြီး ရှုပ်ထွေးပါတယ် ။ ကံတရားနှင့် အန္တရာယ် နှစ်ခုစလုံးဟာ အစစ်အမှန်တွေဖြစ်ပြီး ခွဲခြားရခက်ပါတယ် ။
သင်ကိုယ်တိုင်ရော အခြားသူများကိုပါ စီရင်ဆုံးဖြတ်တဲ့အခါ ထိုကဲ့သို့ ပြုလုပ်လိုက်နာပါ ။ ကံကောင်းခြင်းနှင့် စွန့်စားခြင်းရဲ့စွမ်းအားကို လေးစားပါ ။ သင် အမှန်တကယ် ထိန်းချုပ်နိုင်တဲ့ အရာများကို အာရုံစိုက်ပါက ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကို ရရှိမှာပါ ။ သင့်မှာ မှန်ကန်တဲ့ စံနမူနာပြတွေကို ရှာဖွေရန် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းလည်း ရရှိမှာပါ ။
အတ္တနည်းလေ ပိုမိုကြွယ်ဝလေလေပါ ။ ငွေစုခြင်းဟာ သင့်အတ္တနှင့် သင့်ဝင်ငွေကြား ကွာဟချက်ပါ ။ နောက်ပြီး ကြွယ်ဝခြင်းဆိုတာ သင်မြင်တွေ့နေတဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် ပိုမိုရရှိအောင် ဒါမှမဟုတ် အနာဂတ်မှာ ရွေးချယ်စရာ ပိုများလာအောင် ယနေ့ သင်ဝယ်နိုင်တဲ့ အရာများအပေါ် စိတ်ချိုးနှိမ်ထားခြင်းဖြင့် ကြွယ်ဝချမ်းသာမှုကို ဖန်တီးပါ ။
မင်းရဲ့ငွေနဲ့ ဒီနေ့ ဘယ်လောက် ပျော်စရာကောင်းလဲဆိုတာကို အနားမသတ်နိုင်ဘူးဆိုရင် ဘယ်လောက်ပဲ ဝင်ငွေရနေပါစေ ပေါများကြွယ်ဝမှုကို ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး ။

image

ကောင်းတာ ပြောလည်း ဒီပါးစပ်
မကောင်းတာ ပြောလည်း ဒီပါးစပ်မို့
နှုတ်စည်းစောင့်ဖို့ လိုပါတယ် ။
ကိုယ်က ဘာရယ်မဟုတ် ပြောလိုက်ပေမယ့်
တစ်ဖက်လူမှာ ခံရခက်ပါတယ် ။
ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့်
လူ တစ်ဖက်သား နစ်နာသွားတာမျိုး
သိက္ခာကျမယ့် အဖြစ်မျိုး
ဘယ်တော့မှ မလုပ်မိ မပြောမိပါစေနဲ့ ။
အကောင်းမြင်စိတ်နဲ့ မကြည့်နိုင်ရင်တောင်
ကိုယ့်ကြောင့် တစ်ဖက်လူ
ဒုက္ခရောက်မယ့် အဖြစ်မျိုးနဲ့
ချောက်ထဲ တွန်းမချမိပါစေနဲ့ ။
#ခမ်း

image
7 w - Translate

The recall includes 22 flavors of ice cream and frozen yogurt packaged in 3-gallon tubs, which were available at 103 distribution centers across the United States.

https://www.goodmorningamerica.....com/food/story/1780

image
7 w - Translate

"Our hearts are with President Biden and his entire family right now," California Gov. Gavin Newsom posted to X on Sunday upon learning the news.
https://abcnews.go.com/US/poli....tical-leaders-react-

image
7 w - Translate

Tiffany Slaton spoke to reporters during a press conference on Friday about her experience that started out as a three-day solo camping trip and ended up as a survival mission.
https://abcnews.go.com/US/woma....n-found-alive-after-

image
7 w - Translate

ဒေါ်လာ ၃၅ သန်းကျော် ပမာဏရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ခု ဝင်ရောက်လာ
ရန်ကုန်၊ မေ ၁၇
အမေရိကန်ဒေါ်လာ ၃၅.၇၇၈ သန်း ပမာဏရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI လုပ်ငန်းသစ် ၃ ခု ဝင်ရောက်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကနေ သိရပါတယ်။
မေလ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ MIC အစည်းအဝေးမှာ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနဲ့ ဝန်ဆောင်မှုကဏ္ဍတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၃ ခုနဲ့ စက်မှုကဏ္ဍမှ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုတို့ကို ခွင့်ပြုပေးခဲ့ပါတယ်။
ဒေါ်လာ ၃၅.၇၇၈ သန်းနဲ့ ကျပ် ၃၀၂၀၆.၉၂၀ သန်း ပမာဏရှိတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲမှာ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်ခြင်း၊ လျှပ်စစ်သွယ်တန်းခြင်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ အရန်သင့်အစားအစာတွေ ပြင်ဆင်ထုတ်လုပ်ခြင်း၊ CMP စနစ်နဲ့ အထည်ချုပ်လုပ်ခြင်း၊ သံနဲ့ သံမဏိ အခြေခံပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ အခြားလုပ်ငန်းတွေ ပါဝင်လာပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့ နိုင်ငံ၊ ဒေသတွေအဖြစ် ရပ်တည်နေပါတယ်။
စီးပွားရေးကဏ္ဍ ၁၂ ခုအနက် စွမ်းအင်ကဏ္ဍမှာ ၂၈.၃၄ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ၂၄.၆၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၁၄.၄၉ ရာခိုင်နှုန်းနဲ့ အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

image
7 w - Translate

လားရှိုးမှာ ရပ်/ကျေးအုပ်ချုပ်ရေးတွေ ပြန်လည်ပတ်ဖို့ လုပ်ဆောင်နေ
မေ ၁၉၊ ၂၀၂၅
Shy V (VOM )
နစက တပ်ဖွဲ့ ပြန်လည် ထိန်းချုပ်ထားတဲ့ လားရှိုးမှာ လတ်တလော ရပ်/ကျေးတွေ ပြန်လည်ပတ်ဖို့ လုပ်နေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"ရပ်ကွက် အုပ်ချုပ် ရေးရုံးကတော့ ဘယ်သူ ဘယ်ဝါ ဥက္ကဌ ဆိုတာ လောလောဆယ်ကတော့ အဟောင်းလို့ပဲ ပြောတယ်။ ဒါပေမယ့် ရပ်ကွက် ၁ ရုံးကတော့ ပိတ်ထားတာ တွေ့တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ် ပြန်ရွေးမလား၊ ဘယ်လိုလဲ ဆိုတာတော့ မသိရဘူး" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ရပ်ကွက် ဥက္ကဌ အေဟာင်းရှိတဲ့ ရပ်ကွက်က ရုံးဖွင့် နေပြီဖြစ်ပေမယ့် ထောက်ခံစာတွေ ဘာတွေ ယူကြတာ မတွေ့သေးဘူးလို့ သူက ပြောပါတယ်။
"ရပ်ကွက် ၉၊ ရပ်ကွက် ၁၀၊ ရပ်ကွက် ၁၁ ကပြီးခဲ့တဲ့ တပတ်ထဲက စဖွင့်ပြီ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတွေ ပြန်ရောက်လာ သူတွေရှိတယ်။ ဆင့်ခေါ် ထားဆဲ သူတွေလည်းရှိတယ်" လို့ လားရှိုးမြို့ အခြေအနေကို စောင့်ကြည့်နေတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
ရပ်ကျေး အုပ်ချုပ် ရေးမှူးဟောင်းတွေ ပြန်လည် ဆင့်ခေါ်လို့ ရောက်ရှိလာပြီ ဖြစ်တဲ့တချို့ ရပ်ကွက် အုပ်ချုပ်ရေးရုံးတွေကိုတော့ ပြန်လည် ဖွင့်လှစ်ထားပြီးနောက် ဧည့်စာရင်း တိုင်ကြားမှုတွေ စတင် လက်ခံ စိစစ်နေပြီလို့လည်း သူကပြောပါတယ်။
လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်းတေဠကိုတော့ လာမယ့် မေလ ၂၂ ရက်နေ့ ကျောင်းအပ် လက်ခံမှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒိနေ့ မေလ ၁၉ ရက် တနင်္လာနေ့ကစ လူဝန်မှုကြီးကြပ်ရေး (လဝက)ရုံးလည်း ပြန်လည် ဖွင့်လှစ်ပြီး ရံးလုပ်ငန်းတွေ စတင်လည်ပတ် တော့မှာ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
MNDAA တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေခဲ့တဲ့ လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစ နစက တပ်ဖွဲ့က ပြန်လည် လွှဲပြောင်း ရယူခဲ့တာ ဖြစ်ပါတယ်။

image

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
ဂျကာတာ၊ မေ-၁၉-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားနိုင်ငံမှာ သီတင်းပတ်ကုန်ပိုင်းက ရှစ်ကြိမ်တိုင်ပေါက်ကွဲခဲ့တဲ့ လီဝိုတီဘီ လာကီ-လာကီ မီးတောင်နဲ့ပတ်သက်တဲ့ သတိပေးချက်အဆင့်ကို အမြင့်ဆုံး တိုးမြှင့်လိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံအရှေ့ပိုင်း ဖလောရက်စ်ကျွန်းမှာတည်ရှိတဲ့ အဲဒီမီးတောင်ဟာ တနင်္ဂနွေနေ့ကလည်း အမြင့် ၃ မီတာကနေ ၅ ဒဿမ ၅ ကီလိုမီတာအမြင့်ထိ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့ပါတယ်။ ငလျင်ဌာနရဲ့ လေ့လာအကဲဖြတ်ချက်တွေအရ မီးတောင်ရဲ့လှုပ်ရှားမှုတွေ မြင့်တက်နေတဲ့အတွက် မနေ့ည ၈ နာရီကစပြီး သတိပေးချက်ကို တိုးမြှင့်လိုက်တာလို့ ဆိုပါတယ်။
ဒီနေ့မနက်မှာလည်း မီးတောင်ဟာ ထပ်မံပေါက်ကွဲခဲ့ပြီး အမြင့် ၁ ဒဿမ ၂ ကီလိုမီတာအထိ မီးတောင်ပြာတွေ မှုတ်ထုတ်ခဲ့တယ်လို့ မီးတောင်ဌာနက ထုတ်ပြန်ပါတယ်။ မီးတောင်ကနေ ၆ ကီလိုမီတာပတ်လည်မှာ အန္တရာယ်ရှိပြီး မိုးသည်ထန်စွာ ရွာသွန်းမှုတွေကြောင့် မီးတောင်၀ကနေ ချော်ရည်ပူတွေ ဆီးကျလာမယ့် အန္တရာယ်ကိုလည်း သတိပေးထားပါတယ်။
လက်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွေ့ပြောင်းတာနဲ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းရတာတွေ မရှိသေးဘူးလို့ ဒေန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လအတွင်းကလည်း အဲဒီမီးတောင်ပေါက်ကွဲမှုကြောင့် ဩစတြေးလျ ဂျက်စတားလေကြောင်းလိုင်းနဲ့ ကာတာလေကြောင်းလိုင်းအပါအဝင် ဘာလီကိုပျံသန်းမယ့် လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်ငလျင်ကြောကြီးပေါ်မှာ တည်ရှိပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကလည်း မီးတောင်ပေါက်ကွဲမှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးပြီး ထောင်နဲ့ချီပြီး ဘေးလွတ်ရာ ရွေ့ပြောင်းခဲ့ရပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါလက်စတိုင်းများကို လစ်ဗျားသို့ ပို့မည့်သတင်း မှန်ကန်မှုမရှိကြောင်း အမေရိကန်သံရုံးငြင်းဆို
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားနိုင်ငံသို့ ပို့ဆောင်နေရာချရန် အမေရိကန်အစိုးရက စီစဉ်နေပြီဆိုသော သတင်းများကို လစ်ဗျားနိုင်ငံထရီပိုလီမြို့တော်အခြေစိုက်အမေရိကန်သံရုံးက မေ ၁၈ ရက်တွင် ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးတစ်သန်းအား လစ်ဗျားသို့ပို့ဆောင်၍ အမြဲတမ်းနေရာချထားမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်အစိုးရက အကောင်အထည်ဖော်နေကြောင်း အင်န်ဘီစီသတင်းဌာနက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ၏ ပြောကြားချက် ကိုကိုးကား၍ အထက်ပါသတင်းအား အင်န်ဘီစီသတင်းဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်း လူမျိုးများအား လစ်ဗျားသို့ပို့ဆောင်နေရာချရန် စီစဉ်နေသည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
အင်န်ဘီစီ သတင်းဌာန၏ သတင်းနှင့်ပတ်သက်၍ ထရီပိုလီမြို့ တော်အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိပေ။
အမေရိကန် ပြည်ထောင်စု အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို လက်လွှဲရယူ၍ ယင်းဒေသရှိပါလက်စတိုင်းလူမျိုးများအား အခြားနေရာများသို့ ရွှေ့ပြောင်းနေရာချလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောကြားခဲ့ဖူးသည်။
ယင်းအပြင် ဂါဇာကမ်းမြောင်ဒေသကို လက်လွှဲရယူခဲ့သည့် ဆန္ဒ အား အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယခုသီတင်းပတ်တွင် သွားရောက်ခဲ့သော ကာတာခရီးစဉ်အတွင်း ထပ်လောင်း အတည်ပြုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသမှ အခြားနေရာများသို့ ထွက်ခွာပေးရမည့် မည်သည့်အစီအစဉ်မျိုးကိုမဆို ဂါဇာဒေသနေ ပါလက်စတိုင်းလူမျိုးများက အပြင်းအထန်ကန့်ကွက်ထားကြသည်။
ရိုက်တာ

image
7 w - Translate

#ပြည်တွင်းသတင်း
◼ တပ်ကုန်းမြို့နယ်ရှိကျေးရွာတချို့ရေကြီးရေလျှံမှုဖြစ်၊ လူဦးရေ ၄၀၀ ခန့်ရွှေ့ပြောင်းထားရ
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၌ ယမန်နေ့(မေ ၁၈ ရက်)ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မကျီးပင်ကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာတို့တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ကရုဏာရှင်လူမှူကူညီရေးအသင်းထံမှသိရသည်။
အဆိုပါကျေးရွာများမှာနဝင်းချောင်းအနီးတွင်ရှိပြီး တောင်ကျရေများဝင်ရောက်လာခြင်းကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်ရှိတွင်ဒေသခံ ၄၀၀ ခန့်ကို ရေဘေးလွတ်ရာ ရေတွင်းဖြူဘုန်းတော်ကြီးကျောင်းသို့ပို့ဆောင်ထားကြောင်း ကရုဏာရှင်လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
"အဓိကတော့မိုးများတာရယ် တောင်ကျရေကြောင့် နဝင်းချောင်းကရေလျှံပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကိုရေဝင်တာပါ။ ရေကနှစ်ပေကျော်လောက်တက်တယ်။ ဒေသခံတွေကိုချက်ခြင်း ရွှေ့ပြောင်းပေးလိုက်တယ်။ အခုမနက်တော့ရေပြန်ကျသွားပြီ" ဟု၎င်းကပြောသည်။
ရေတွင်းဖြူဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိနေသည့် ရေဘေးသင့်သူများအား ကရုဏာရှင်လူမှု ကူညီရေးပရဟိတအသင်းနှင့် တာဝန်ရှိသူများက အစားအသောက်များလှူဒါန်ပေးထားကြောင်း သိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - ကရုဏာရှင်လူမှူကူညီရေးအသင်း

image