6 w - Translate

Chapter 6_______Muira

လန်ဘိုဂီနီသမိုင်း​ကြောင်းကို ​​ရေးနေပါတယ်ဆို လန်ဘိုဂီနီရဲ့ ဂန္တဝင်ကားအ​ကြောင်း ဘယ်ချန်ထားလို့ ဖြစ်မှာလဲဗျ။ 350GT ထုတ်လုပ်ပြီး​နောက်ပိုင်း 400GT ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ တစ်​နေ့မှာ ဖရူချီယိုရဲ့ အင်ဂျင်နီယာ​တွေက ပိုပြီး innovative ဖြစ်တဲ့ ကားပုံစံကို ဖရူချီယိုကို တင်ပြခဲ့ပါတယ်။ ​rear-wheel drive(နောက်ယက်) ဖြစ်ရမယ်၊ ပေါ့ပါးရမယ်၊ rear mid-engine layout နဲ့ V12 ဖြစ်ရမယ် ဆိုတဲ့ အိုင်ဒီယာပါ။ ၁၉၆၅ Turin Motor Show မှာ concept ကားကို ပြသခဲ့ပြီး​​တော့ လူစိတ်ဝင်စားမှု​ကော ​​ဝေဖန်မှု​တွေ​ကော ရရှိခဲ့ပါတယ်။ NA V12 အင်ဂျင်ကြီးကိုမှ အ​လယ်မှာဆို​​တော့ ဒီကားက သူ့အချိန်သူ့​ခေတ်ထက်ကိုပိုပြီး ​ခေတ်​​ရှေ့​ပြေး​နေခဲ့တာပါ။ ဒီလိုကားမျိုးကို ဖရူချီယို ဘယ်​တော့မှ ထုတ်နိုင်မှာမဟုတ်ဘူးလို့ ​လူ​တွေက ရယ်​မော​ပြောဆိုခဲ့ကြပေမယ့် Muira ကားတကယ်ထွက်လာတဲ့အခါ လူ​တွေအားလုံးရဲ့ ရယ်သံ​တွေ တိတ်သွားပါတယ်။ ဘာလို့လဲဆို Lamborghini Muira က ကမ္ဘာ့ပထမဆုံး Supercar ဖြစ်ပြီး 350HP နဲ့ 300 ft-lbs of torque ထွက်​တဲ့ 3.9L NA V12 အင်ဂျင်ကြီးဟာ Lamborghini Muira ကို 1967 ခုနှစ်ရဲ့ ကမ္ဘာ့အမြန်ဆုံးကား ဖြစ်​စေခဲ့လို့ပါ။ 0-60 ကို 6.7sec နဲ့ ​ရောက်ပြီး top speed က​​ 174MPH ပါ။ (အဲ့​ခေတ်က​ အဲ့​လောက် speed က အမြန်ဆုံးပေါ့​နော် ။ ယ​နေ့​ခေတ်​တော့ SSC TUATARA က 330 MPH နဲ့ ကမ္ဘာ့အမြန်ဆုံးကားပါ) Muira နာမည်က ဖရူချီယိုရဲ့ မိတ်​​ဆွေ Don Eduardo Muira ဆိုတဲ့ နာမည်ကို အစွဲပြုပြီး မှည့်ခဲ့တာဖြစ်ပါတယ်။

6 w - Translate

ပထမဆုံး လန်ဘိုဂီနီကား 350GT ရဲ့ မူလပုံကြမ်း 350GTV ကို ၁၉၆၃ ခုနှစ် Turin Motor Show မှာ ​တွေ့ရစဥ်

Chapter 5______The First Lamborghini

အန်ဇိုဖရာရီကို စိန်​ခေါ်ပြီး ၁၉၆၃ ခုနှစ်မှာ Automobili Lamborghini နာမည်နဲ့ ပြိုင်ကား​တွေ​ဆောက်ဖို့ စက်ရုံတစ်ရုံကို Sant' Agata မှာ တည်​ထောင်ခဲ့ပါတယ်။ (ယခုချိန်ထိ လန်ဘိုဂီနီပြိုင်ကား​တွေကို မူလစက်ရုံမှာ တည်​ဆောက်​နေဆဲပါ) ဖရာရီက ဝန်ထမ်း​ဟောင်းသုံး​ယောက်ကို အလုပ်ခန့်ခဲ့ပြီး ၉ လအတွင်းမှာတင် Naturally Aspirated V12 အင်ဂျင်သုံး ပထမဦးဆုံး လန်ဘိုဂီနီ 350GT ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ထို V12 engine ဟာ ဖရာရီအင်ဂျင်နီယာ​ဟောင်း ဂျီယိုတို ဘစ်ဇရီနီ(Giotto Bizzarrini) တည်​ဆောက်​ပေးခဲ့တာဖြစ်ပြီး 400HP 11000RPM ထိ rev လုပ်နိုင်ပါတယ်။ ဒါ​​ပေမယ့် ဖရူချီယိုက သာမန် road car တစ်စီးဘဲလိုချင်တာမို့ 342HP ထိ ပြန်​​လျှော့လိုက်ပါတယ်။ ဘစ်ဇရီနီရဲ့ V12 engine က ​ကောင်းလွန်းတာမို့ ၂၀၁၀ မတိုင်ခင်ထိ ထိုအင်ဂျင်ရဲ့ ပုံစံကွဲ​တွေကို ဆက်လက်ပြီး အသုံးပြုခဲ့ပါတယ်။

image
6 w - Translate

Chapter 4_______Ferrari vs. Lamborghini

လယ်ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်း​အောင်မြင်လာပြီး​နောက် ဖရူချီယိုဟာ အီတလီနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်လာပါ​တော့တယ်။ အီတလီမှာ ​နေပြီး ချမ်းသာလာ​တော့ လူချမ်းသာ​တွေထုံးစံတိုင်း ကားအ​ကောင်းစား​တွေ ဝယ်စီးတာ​ပေါ့။ Masertati 3500GTS, Mercedes 300SL, Jaguar E-Type Coupe နဲ့ Ferrari ​တော်​တော်များများ ဝယ်စီးခဲ့ပါတယ်။ ဖရူချီယို စီးတဲ့ကား​တွေထဲ Ferrari 250GT က ခဏခဏ clutch breakdown ဖြစ်လို့ စိတ်ပျက်​နေခဲ့ပါတယ်။ တစ်​နေ့ သူ့ကားရဲ့ clutch ကို ပြင်ဖို့ စက်ရုံကို ယူသွားတဲ့အခါ ကားထဲမှာ သုံးထားတဲ့ clutch ​တွေက လန်ဘိုဂီနီလယ်ထွန်စက်​ထဲမှာ သုံးထားတဲ့ clutch နဲ့ ​ဆင်တူ​နေတာကို ​တွေ့လိုက်ရပါတယ်။ လယ်ထွန်စက်အတွက် clutch က ၁၀ လိုင်ယာဘဲ​ပေးရပြီး ဖရာရီကားအတွက်ကျ ၁၀၀၀ လိုင်ယာ​လောက် ကုန်ကျ​နေတာမို့ ( lira = အီတလီ​ငွေ​ကြေး) မ​ကျေမနပ်ဖြစ်သွားခဲ့တယ်ဗျ။ ဒါနဲ့ဘဲ ​နောက်ရက်ပိုင်းကျ ဖရူချီယိုတစ်​ယောက် ဖရာရီစက်ရုံဆီ သွားဖို့ စီစဥ်လိုက်ပါတယ်။ ကဲအခု ကမ္ဘာ​ကျော်ဖြစ်ရပ်ဖြစ်တဲ့ အန်ဇိုဖရာရီ နဲ့ ဖရူချီယိုလန်​ဘိုဂီနီ ​တွေ့ဆုံတဲ့ကိစ္စ စ​ပါ​တော့မယ်။ စကား​ပြောမို့ အင်တာဗျူး section လို ဘာသာပြန်​ပေးထားပါတယ်​နော်။

ဖရူချီယို: "ခင်ဗျားက ခင်ဗျားရဲ့ ကား​​တွေကို ကျုပ်ရဲ့လယ်ထွန်စက်က ပစ္စည်း​တွေနဲ့ ​ဆောက်ပြီး ဟန်ကျ​နေတာ​ပေါ့​လေ"

အန်ဇို: "မင်းက လယ်သမား၊ လယ်ထွန်စက်​မောင်းတဲ့သူ၊ ငါတို့ ဖရာရီကား​​တွေအ​ကြောင်းကို မင်းဘာမှ​​ဝေဖန်​နေစရာမလိုဘူး၊ ငါ့ကား​တွေက ကမ္ဘာ​ပေါ်မှာ အ​ကောင်းဆုံးဘဲကွ"

ဖရူချီယို: "အိုး ဟုတ်ပါတယ်၊ ကျုပ်က လယ်သမားတစ်​ယောက်ပါ၊ ဒါ​ပေမယ့် ကားတစ်စီးဆိုတာ ဘယ်လိုဖြစ်သင့်သလဲ ခင်ဗျားကို ကျုပ်ပြမယ်၊ ပြီး​တော့ ကျုပ်စီးဖို့ ကား​တွေကိုလဲ ကျုပ်ကိုယ်တိုင်​ဆောက်ပြမယ် အန်ဇို" လို့ စိန်​ခေါ်ခဲ့ပါတယ်။

လူ​တွေက​​တော့ ဖရူချီယိုကို ဒီလူ ရူး​နေတယ်လို့ ​ဝေဖန်ခဲ့ကြ​ပေမယ့် ဖရူချီယိုရဲ့ ပြိုင်ဆိုင်ချင်စိတ်က ကမ္ဘာ​ကျော်လန်ဘိုဂီနီပြိုင်ကား​တွေ ​ဖြစ်​ပေါ်လာ​စေဖို့ အစပျိုးခဲ့ပါတယ်။

image
6 w - Translate

Chapter 3_______Tractors Business

ဇနီးသည်ဆုံးပြီး​နောက်ပိုင်း ဖရူချီယိုတစ်​ယောက်ဟာ ​ဝေါ့ရှော့ရုံမှာဘဲ စစ်ကျန်ထရပ်ကား၊ ​လော်ရီကား​တွေနဲ့ လယ်ထွန်စက်​တွေကို ပြင်ရင်းဘဲ အလုပ်များ​နေခဲ့ပါတယ်။ တစ်​နေ့မှာ​တော့ အ​ဖေဖြစ်သူက ဖရူချီယိုဆီ လယ်ထွန်စက်အသစ်တစ်စီးလိုတယ်လို့ အားချင်း​လှမ်းတောင်းလိုက်ပါတယ်။ ထိုအချိန်က အီတလီနိုင်ငံဟာ စစ်ဒဏ်ကို နလံထူဖို့ ရုန်းကန်​နေရချိန်ပါ။ အ​​ခြေံကျတဲ့ စိုက်ပျိုး​​ရေးလုပ်ငန်းပြန်ပြီး တွင်ကျယ်လာဖို့ဆို ပို​ကောင်းတဲ့ စိုက်ပျိုး​ရေးသုံးပစ္စည်း/ယာဥ်​တွေကို လိုအပ်မှန်း ဖရူချီယို သ​ဘော​ပေါက်ခဲ့ပါတယ်။ ဒါ​​ကြောင့် ဖရူချီယိုဟာ စစ်ပွဲလက်ကျန် တင့်ကား၊ ထရပ်ကား​တွေက အကြွင်းအကျန်​တွေကို စု​ဆောင်းပြီး Lamborghini Tractors နာမည်နဲ့ လယ်ထွန်စက်​တွေ ထုတ်လုပ်ပါ​တော့တယ်။ ဖရူချီယိုရဲ့ လယ်ထွန်စက်​တွေဟာ ဗြိတိန်ထုတ် Morris engine ကိုအသုံးပြုထားပြီး ​စျေးကြီးတဲ့ Petrol အစား Deisel ကိုသုံးထားလို့ အကုန်အကျသက်သာပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းလူဝယ်လိုအား များလာတဲ့အခါ စက်ရုံ​ထောင်ဖို့အတွက် ဖရူချီယိုရဲ့ အ​ဖေက မိသားစုပိုင် စိုက်ပျိုး​ရေးခြံ​လေးကို ​ပေါင်ခဲ့ရပါတယ်။ ကံ​ကောင်းစွာနဲ့ ဖရူချီယိုရဲ့ လယ်ထွန်စက်လုပ်ငန်းဟာ ​အောင်မြင်လာပြီး ၁၉၄၉ ခုနှစ်က​နေ စလို့ ဘာစစ်ပွဲကျန်ပစ္စည်း​အ​ဟောင်းတွေမသုံးဘဲ လယ်ထွန်စက်​​တွေ ကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၅၁ မှာ L33 လို့​ခေါ်တဲ့ ပထမဆုံးလန်ဘိုဂီနီ လယ်ထွန်စက်အသစ်တစ်စီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဖရူချီယိုဟာ FIAT ကား​တွေ tuned တဲ့အလုပ်ကိုလဲ လုပ်​နေခဲ့ပြီး FIAT Topolina ကား​လေးနဲ့ ၁၉၄၈ Mille Miglia ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ သို့​ပေမယ့် မနိုင်မရဘဲ စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝင်တိုက်မိခဲ့ပါတယ်။

image
6 w - Translate

Chapter 2_______Surviving WW2

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်​ထောင်ကျပြီး ​​ပျော်ရွှင်စရာဘဝ​လေးပိုင်ဆိုင်​နေတဲ့ ဖရူချီယိုရဲ့ ​​​​နေ့ရက်​တွေဟာ ကြာကြာမခံခဲ့ပါဘူး။ စစ်မှုမထမ်းမ​နေရစနစ်​ကြောင့် ဒုတိယကမ္ဘာစစ်ထဲ ​ဝင်​ခဲ့ရတာ​ပေါ့။ ​အီတလီ​တော်ဝင်​လေတပ်ရဲ့ သယ်ယူပို့​ဆောင်​ရေးပိုင်းမှာ mechanics အဖြစ်ဝင်​ရောက်ခဲ့ပြီး ဂရိနိုင်ငံ၊ ရိုဒီကျွန်းမှာ တာဝန်ကျပါတယ်။ အီတလီက ဂျာမန်​တွေနဲ့ ပူး​ပေါင်းခဲ့​ပေမယ့် စစ်အသုံးစရိတ်မတတ်နိုင် တစ်ဘက်မှာလဲ နိုင်ငံက မွဲပြာကျ​နေတာမို့ ​စော​စောစီးစီးဘဲ ၁၉၄၃ မှာ လက်နက်ချခဲ့ပါတယ်။ ​အီတလီဘက်က လက်နက်ချ​သော်လည်း ချက်ချင်း​နေရပ်ကို မပြန်နိုင်​သေးတာမို့ ဖရူချီယိုတို့ ကျွန်းကို ဂျာမနီဘက်ကသိမ်းလိုက်ပြီး ၁၉၄၄ မှာ မဟာမိတ်ဗြိတိသျှတပ်​တွေ ကျွန်းကို ထပ်သိမ်းလိုက်ပါတယ်။ စစ်သုံ့ပန်းဆို​ပေမယ့် ဖရူချီယိုက စက်ပြင်တဲ့​နေရာမှာ ထူးချွန်တာ​​ကြောင့် ဗြိတိန်တပ်မှာ အကျဥ်းသားဘဝနဲ့ အလုပ်လုပ်​ပေးခဲ့ပါတယ်။ ၁၉၄၅ မှာ အီတလီနိုင်ငံကို ပြန်ခွင့်ရပါတယ်။ ဒါ​ပေမယ့် ဖရူချီယိုရဲ့ ကံ​ကောင်းခြင်းက ခဏ​လေးပါဘဲ။ သူပြန်​ရောက်ပြီး ၂ နှစ်အကြာမှာ ဇနီးဖြစ်သူ ကလဲလီယာ မွန်တီ(Clelia Monti) ဟာ သားဦးဖြစ်တဲ့ တိုနီနို လန်ဘိုဂီနီ(Tonino Lamborghini) ကို ​မွေးဖွား​နေရင်း မီးတွင်းထဲမှာဘဲ ဆုံးသွားရှာပါတယ်။

image

မရှိပါဘူး အဖွားရယ်

6 w - Translate

Lamborghini လို့ ကြားလိုက်တာနဲ့ သူမတူတဲ့ angular shape ဒီဇိုင်း၊ Naturally Aspirated V12 အင်ဂျင်ကြီးနဲ့ Sports Car ​​ကောင်းတစ်စီးကို မြင်မိကြမှာပါ။ သို့​ပေမယ့် Lamborghini ဆိုတဲ့ နာမည်ရဲ့​နောက်ကွယ်မှာ လူတိုင်းမသိ​ကြတဲ့ အမုန်းတရားနဲ့ ပြိုင်ဆိုင်မှု​တွေ ရှိလို့​နေပါတယ်။ စာဖတ်သူဟာ စိတ်ဝင်စားဖို့​ကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားတယ်၊ ဒါမှမဟုတ် ကျွန်​တော့်လို Lamborghini ကား​တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီ​ဆောင်းပါး​လေးကို အချိန်​ပေးပြီး အဆုံးအထိဖတ်ဖို့ တိုက်တွန်းချင်ပါတယ်​။ မိနစ်အနည်းငယ်ကြာဖတ်ရှုရမှာမို့ စာရှည်မယ်လို့ ကြိုသတိ​ပေးပါရ​​စေ။
Chapter 1_______Biography

Lamborghini တည်​ထောင်သူ Ferruccio Elio Arturo Lamborghini(ဖရူချီယို အဲလီယို အာထျူရို လန်​​ဘိုဂီနီ) ကို ​ဧပြီလ ၂၈ ရက်​နေ့ ၁၉၁၂ ခုနှစ်၊ အီတလီနိုင်ငံ ရီနာဇ်ဇို(Renazzo, Italy) လို့ ​ခေါ်တဲ့ မြို့ငယ်​လေးမှာ ​မွေးဖွားခဲ့ပါတယ်။ မိဘ​တွေက ​ဝိုင်လုပ်ငန်းအတွက် စပျစ်သီးစိုက်ပျိုးရင်း အသက်​မွေး​ပေမယ့် ဖရူချီယို က​တော့ စပျစ်သီးစိုက်တဲ့အစား စက်​ပစ္စည်းတွေကို ပိုစိတ်ဝင်စားတဲ့သူပါ။ အဲ့​တော့ဖရူချီယိုက mechanics ပိုင်း​လေ့လာချင်တာမို့ Fratelli Tadia Technical Institute (or) Bologna Technical School မှာ ​ကျောင်းတက်ခဲ့တယ်။ ​ကျောင်းပြီးတဲ့အခါ မိဘလုပ်ငန်းဖြစ်တဲ့ စပျစ်ခြံလုပ်ငန်းကို မလုပ်ဘဲ ပန်းပဲဖိုက ဆရာတစ်​ယောက်ဆီမှာ ပညာသွားသင်ခဲ့ပါတယ်၊ သူ့ရည်ရွယ်ချက်က Bologna မြို့မှာ ရှိတဲ့ Cavalier Righi ဆိုတဲ့ အီတလီစစ်တပ်ရဲ့ လက်နက် နဲ့ သံချပ်ကာကား ​တွေကို ထိန်းသိမ်းပြုပြင်တဲ့ စက်ရုံမှာ အလုပ်ရဖို့ပါ။ ဇွဲ​ကောင်းပြီး သတ္တိရှိတဲ့ ဖရူချီယိုဟာ စက်ရုံပိုင်ရှင်ဆီ သွားပြီး သူ့ကို အလုပ်ခန့်ဖို့ ​ပြောခဲ့ပါတယ်။ အသက် ၁၈ ပြည့်တဲ့အခါ စက်ရုံက​နေ အလုပ်ထွက် ​နေရပ် ရီနာဇ်ဇို ကိုပြန်ပြီး ငယ်သူငယ်ချင်း မာရီနို ဖီလစ်ပီနီ(Marino Filippini) ဆိုသူနဲ့ ​
ဝေါ့​ရှော့​လေးတစ်ခု​ထောင်ခဲ့ပါတယ်။

image

ဆစ်နဲ့ ရှစ်

သတိရမိလေခြင်း // IDIOTS

6 w - Translate

Snapdragon 8 Elite မဟုတ်ပဲ အဆင့်ပြန်လျော့သွားပြီ 🫠
.
Samsung ကနေ ဒီလာမယ့်နှစ်လယ်ပိုင်းမှာ Foldable ဖုန်းအသစ်တွေ - Galaxy Z Fold7 နဲ့ Z Flip7 ဖုန်းတွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ထဲက Flip Foldable ဖုန်းဖြစ်တဲ့ Galaxy Z Flip7 ဟာ ဒီနှစ်မှာ Chipset ပိုင်း အပြောင်းအလဲရှိလာမယ့်ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် Galaxy Z Flip7 ဖုန်းလို့ယူဆရတဲ့ Codename "SM-F766U" နာမည်နဲ့ ဖုန်းရဲ့ Geekbench Benchmark တွေပေါက်လာခဲ့တာကြောင့်ဖြစ်ပြီး အဆိုပါ Z Flip7 ဖုန်းဟာ Snapdragon အစား Exynos 2500 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။
Samsung Galaxy Z Flip7 ရဲ့ Exynos 2500 Chipset ဟာ 1 Core @ 3.30 GHz | 2 Cores @ 2.75 GHz | 5 Cores @ 2.36 GHz | 2 Cores @ 1.80 GHz အစရှိတဲ့ Core (၄) မျိုးပါဝင်တဲ့ 10-Core CPU နဲ့ Samsung Xclipse 950 GPU တွေကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 12GB ပါဝင်ပြီး Android 16 နဲ့ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။
ဒါပေမယ့် Geekbench ရလဒ်တွေအရ​ Single-Core မှာ 2012 Points နဲ့ Multi-Core မှာ 7563 Points ပဲရရှိထားတာကြောင့် လက်ရှိ Snapdragon 8 Elite | Dimensity 9400 လို Flagship Chipset တွေနဲ့ယှဥ်ရင် အားနည်းနေမှာပါ။
ပြောရရင် ဒီ Exynos 2500 Chipset ထက် Xiaomi ရဲ့ ပထမဆုံး 3nm Chipset - XRING O1 ကတောင် အများကြီးပိုသာနေတာပဲ 🫠

image