တစ်စုံတစ်ယောက်ကို
ကိုယ်နဲ့ယှဉ်ပြီး စိတ်ပူလွန်ခဲ့ဖူးတယ်
ဒါပေမဲ့ သူကကိုယ့်လို
ထိလွယ်ရှလွယ်မှမဟုတ်တာ
သူ့ဟာနဲ့သူ အဆင်ပြေနေတာပါပဲ ။
#မာဂရက်

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်စုံတစ်ယောက်ကို
ကိုယ်နဲ့ယှဉ်ပြီး စိတ်ပူလွန်ခဲ့ဖူးတယ်
ဒါပေမဲ့ သူကကိုယ့်လို
ထိလွယ်ရှလွယ်မှမဟုတ်တာ
သူ့ဟာနဲ့သူ အဆင်ပြေနေတာပါပဲ ။
#မာဂရက်
ဘယ်သူ့ကိုမှ မချစ်ချင်တော့ဘူးဆိုပြီး
အမြဲပြောနေတဲ့ လူတစ်ယောက်ပါ ။
အတိတ်မှာ လူတစ်ယောက်ကို
ရူးလောက်အောင်ချစ်ခဲ့ဖူးတယ်လေ ။
#သွယ်မြိတ်
စောင့်နိုင်ရင် စောင့်ပေါ့လို့ မင်းပြောခဲ့လို့
ငါစောင့်ခဲ့ပါတယ်။
ဒါဟာရေခဲကို နေလှမ်းပြီး
ရေခဲခြောက်ဖြစ်လာမလားလို့
မျှော်လင့်ခဲ့ဘူးတဲ့ ကလေးတစ်ယောက်လိုပေါ့
#လင်းချမ်းလွန်း
ချစ်ခြင်းမေတ္တာကို ဘယ်လောက်ထိ
လိုအပ်သလဲလို့ မေးလာခဲ့ရင်
ကျနော်က တစ်လှမ်းချင်း ၊
တစ်လှမ်းချင်း လျှောက်ပြီး
ဒီလောက်ထိ ၊ ဒီလောက်ထိ လို့
ရသလောက် ဆွဲခေါ်သွားမယ့်လူမျိုး ။
နေရထိုင်ရကျပ်တည်းလာလေ
ချစ်မြတ်နိုးရသူတွေကို မပွန်းမပဲ့စေချင်လေပါပဲ ။
မပျောက်မရှဘဲ ၊ အထိအခိုက်မဖြစ်ဘဲ
မနီးမဝေးမှာ ရှိနေစေချင်တာပါပဲ
ဒီလောက်ထိ ၊ ဒီလောက်ထိ လို့
ဆက်ပြီးဆွဲခေါ်သွားဖို့ လိုကိုလိုအပ်လို့ပါ ။
#မြကျေး
ချစ်ခြင်းမေတ္တာမှာပျော်ဖို့အတွက်ကလည်း
ကျနော်တို့ချစ်မိတဲ့လူတစ်ယောက်က ကျနော်တို့ကို ရွှေးချယ်ဦးမှဖြစ်မှာပါလေ၊၊
#တိမ်ဖြူလွှာ
❝ နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး ❞
ဘဝဆိုတာ ...
အဲဒီလို စလိုက်တာနဲ့ ငါ့မှာ
မျက်ရည်ဝဲရတယ်
မင်းကို
တစ်ဝက်လောက်ပဲ နားလည်ခဲ့တုန်းက
သိပ်ချစ်ခဲ့ရ
တစ်ဝက်ထက် ပိုပြီး နားလည်ခဲ့တော့
ပိုပြီး ချစ်ခဲ့ရတာပေါ့
ဒါပေမဲ့ အဲဒီအချိန်မှာ
မင်းက မရှိတော့ဘူးလေ
သေခြင်းတရားကို အရှင်လတ်လတ်
ငါ မြင်ဖူးခဲ့ပြီ
တအားအား အော်မြည်နေတဲ့
ကျီးကန်းတစ်ကောင်လို
တထိုင်းထိုင်း မှုတ်ထုတ်နေတဲ့
မီးခိုးငွေ့တွေလို
တဝီဝီလည်နေတဲ့ ဘီးတစ်ခုလို
ငါ ကျန်ရစ်ခဲ့
နာကျင်တဲ့ ဒဿနတွေ မရချင်တော့ဘူး
အတူတကွ ရှင်သန်ခဲ့ကြဖူးတယ်
ဒါဟာ ပြောပြလို့ ဘယ်တော့မှ
ဆုံးမှာမဟုတ်တဲ့ ခက်ခဲသော
ငါတို့အကြောင်းတွေရဲ့ အစပေါ့ .... ။
အိမ်မှာ ကျွန်တော်မရှိခိုက် စာတိုက်မှ
အမြန်ချောနှင့် စာအုပ်တစ်အုပ်ရောက်လာသည်။
ရန်ကုန်မြို့ ရနံ့သစ်မဂ္ဂဇင်းတိုက်မှ ဖြစ်သည်။
အမြန်ချောစာအိတ်ကို သူက လက်မှတ်ထိုး
ယူထားလိုက်သည်။ စာအိတ်ကိုဖွင့်
စာအုပ်ကိုလှပ်လိုက်တော့ အထဲမှာ စာမူခပါ
ပါလာသည်။ ပျော်ဖို့ကောင်း တဲ့ အဖြစ်အပျက်
ကလေးတစ်ခု အိမ်မှာ ရောက်နေပြီဆိုတာကို
မသိသေး ဘဲ အပြင်မှ ကျွန်တော်ပြန်ရောက်
လာသည်။ သူက အစ်မကြီးတစ်ယောက်လို
တည်ငြိမ်မှုမျိုးနဲ့ ကျွန်တော့်ကို အမြဲတမ်း
စောင့်ကြိုတတ်သူ ဖြစ် သည်။ ကျွန်တော့်
ဝင်ငွေကို အကောင်းဆုံး စီမံခန့်ခွဲသူဖြစ်ရုံမက
ဘဝ၌ ကျွန်တော့်ကို ပိုလေးနက်သူ ဖြစ်စေခဲ့သည်။ အကျပ်အတည်းများကြား၌ အတူတကွ
ရှင်သန်ခဲ့ရ၊ ပျော်ရွှင်ခဲ့ရပုံတွေသည် ယခုထိ
ရှင်သန်နေသော ပုံရိပ်များ ဖြစ်သည်။ ကျွန်တော် အစားမှား အစာအိမ်အချဉ်ပေါက်ပြီး
ဝမ်းဗိုက်တစ်ခုလုံး မခံမရပ်နိုင်လောက်အောင်
နာလာသောနေ့က စိုးရိမ် ကြီးစွာဖြင့်
ဆေးခန်းကို ပို့ခဲ့ပုံမှာ တသဖွယ်ပင်။
ဆေးခန်းကအပြန်မှာ တစ်ကိုယ်လုံး
ချမ်းတုန်ကာနေလို့ ချစ်ဇနီး အစ်မမဝင်းမေက
ကျွန်တော့် ကို ကောင်းစွာ ဖေးမခဲ့ပေသည်။
• နေမျိုး •
❝ ဒီတိုင်းပြည်မှာကတော့
မိန်းကလေးတစ်ယောက် ဖြစ်ရတာထက်
ကျောက်ခဲတစ်လုံး ဖြစ်ရတာကမှ
ပိုပြီးကောင်းပါသေးတယ် ❞
_ _
❝ အာဖဂန်အမျိုးသမီးတွေရဲ့
ဆုံးရှုံးနေရတဲ့ လူ့အခွင့်အရေးတွေနဲ့
သူတို့အပေါ် ဖိနှိပ်တာတွေက ဘယ်အချိန်များမှ
ရရှိကင်းလွတ်နိုင်ပါ့မလဲဆိုတာ ကိုတော့
စောင့်ကြည့်နေရဦးသဘော ရှိပါတယ်။
ရွှေပြည်တော် မျှော်တိုင်းဝေးနေဦး မလားပဲ ❞
_ _
❝ ဒီကမ္ဘာကြီးမှာ ကျမဘဝရဲ့
နိဂုံးချုပ်မယ့်နေ့ဟာ
တာလီဘန်တွေက သိုဝှက်ထားတဲ့
လက်နက်တွေကို ရှာဖွေဖို့ ကျမတို့အိမ်ထဲ
တာလီဘန်တွေ တသဲသဲ ဝင်လာပြီးတော့
ရှာဖွေရမယ့်အစား ‘တပ်မှူးမိုဆာ’က ကျမကို
အာရုံစိုက်နေခဲ့တာ ပေါ့. . . ၊ ဒါမှမဟုတ်
ကျမသားလေး လုယူခံသွားရပြီးတဲ့နောက်
ပြည်နှင်ဒဏ်ဘဝနဲ့ ကျမကုန်လွန်ခဲ့ရတဲ့
(၃) နှစ်တာကာလအတောအတွင်း
ဘယ်နေ့ပဲဖြစ်ဖြစ် ဖြစ်နိုင်တာ ❞
_ _
❝ ကျမရဲ့တချို့ အရင်းဆုံးသူငယ်ချင်းတွေ
ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ကြတဲ့
အများအပြားနေ့တွေ ရှိကြပါတယ်။
သူတို့တတွေရဲ့ တစ်ယောက် ချင်းစီနဲ့အတူ
ကျမ သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့
ကျမရဲ့ စိတ်ကတော့ ပြာပုံတွေထဲက နေ
အမြဲပဲ ပေါ်ထွက်လာခဲ့ပါတယ် ❞
❛ ဆိုကြပါစို့
ခင်ဗျားပဲဖြစ်ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ်
အဲဒီခေတ်က မကုန်သေးဘူး
သံဝေဂတွေ အဆုပ်လိုက်အခိုင်လိုက်
ပေါင်မုန့်တစ်လုံးကို
အချစ်ရေလို့လည်း မခေါ်နိုင်ဘူး
လိုအပ်ချက်ကို ပြုပြင်ဖို့ရာ
မတည်မြဲသော စိတ်နဲ့
မတည်မြဲသော ညီညွတ်မှုများ
ကြက်ကလေး ငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကို မိမယ်မထင်ဘူး ❜
* စတိုင်သစ်မဂ္ဂဇင်း နိုဝင်ဘာ၊ ၁၉၉၉
• အောင်ခိုင်မြတ် •