Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ele-vator Game (2023)
ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကိုအတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစ သူငယ်ချင်း ငါးယောက်ဟာ သူတိုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့လုပ်ဖိုရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင် က စပွန်ဆာရအောင်ရှာဖွေရပြီး ခရစ်၊ မက်တီ နဲ့ ကလိုဝီ တိုကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီ ကတော့ တည်းဖြတ်ရေးပိုင်းကိုတာဝန်ယူရတယ်။ တစ်နေ့ သူတိုကုမ္ပဏီကို အထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်က volunteer အနေနဲ့ကူညီပေးဖိုရောက်လာတယ်။ တစ်ဖွဲလုံးက အပိုင်းသစ်ရိုက်ကူးဖိုအတွက်အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elev-ator Ga-me ကိုကစားလိုရကြောင်းပြောလာတယ်။ အရင်က ခရစ် က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေပျင်းမှာစိုးလို မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ product ကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာကုမ္ပဏီက တင်းပြီးတော့ တစ်ပတ်အတွင်းအပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖိုဆုံးဖြတ်ခဲ့ကြတယ်။ Ele-vator Ga-me ဟာ အွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်း ကလိုဝီ တိုအဖွဲသိလိုက်ကြတယ်။ သရဲကားတိုထုံစံအတိုင်း Elev-ator Ga-me ရဲ့ သံမဏိစည်းမျဉ်းကို ကလိုဝီ တိုအဖွဲချိုးဖောက်လိုက်တဲ့အခါမှာတော့
The Cur-se of La Lloro-na (2019)
လာရိုရိုနာဆိုတာ အင်္ဂလိပ်လိုဆိုရင် ငိုကြွေးနေတဲ့မိန်းမ ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ (ဖြစ်ရပ်မှန် သရဲပုံပြင်) ဒီရုပ်ရှင်မှာတော့ လာရိုရိုနာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန် လင်မယား နှစ်ယောက်နဲ့ သူတိုရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ကြပါဦးဗျ။