6 ပတ် - ဘာသာပြန်ပါ။

“လမ်းခွဲပြီ"🔵❌
ဆရာပက်ရဲ့ အနာဂတ်ပလန်မှာ ဝေါလ်ကာ မပါတော့ကြောင့် ဆရာပက်ကိုယ်တိုင် အတည်ပြုခဲ့ပါပြီ ။ စီးတီးရဲ့ကလပ်ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ခေါ်ယူမှာမဟုတ်ဘူးလို့သိရပြီး သူ့နေရာကို ကာဆယ်က လီဗရာမန်တိုနဲ့ အစားထိုးမှာပါ 🚨
[Fabrizio]🌕

image
6 ပတ် - ဘာသာပြန်ပါ။

• မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ဟွိုင်လန်းဟာ အင်တာမီလန် ၊ ဂျူဗင်တပ်စ် နဲ့ နာပိုလီ အသင်းတို့ရဲ့ စိတ်ဝင်စားမှု ခံနေရပြီး ခေါ်ယူဖို့ပြင်ဆင်နေကြပါတယ်။ 🇮🇹🔴
[Fabrizio]🌕

image
6 ပတ် - ဘာသာပြန်ပါ။

🚨 OFFICIAL
FWA အဖွဲ့ရဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက ရရှိခဲ့ပါတယ်။ ဆာလာဟာ ဒီဆုကို Voting 90% ထိရရှိပြီး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ် 🏆

image
6 ပတ် - ဘာသာပြန်ပါ။

"ဘာစီလိုနာအနေနဲ့ လူးဝစ်ဒီရက်ဇ် ၊ မားကပ်စ်ရက်ဖိုဒ့်တို့လို တောင်ပံကစားသမားတွေကို သဘောကျနေပါတယ်။ ကျွန်တော်တို့ တခြားတောင်ပံကစားသမားတွေကိုလည်း သဘောကျတာရှိပေမယ့် တခြားအသင်းနဲ့စာချုပ်ရှိတဲ့ကစားသမားတွေအကြောင်းအများကြီးပြောလို့မကောင်းပါဘူး" 👀🚨
🗣️ဒေကို (ဘာစီလိုနာ ဒါရိုက်တာ)

image
6 ပတ် - ဘာသာပြန်ပါ။

🌷အဖော်မဲ့ရင် အထီးကျန်ပါတယ်🌷
အသက်ကြီးလာရင်
မကောင်းတာတွေဟာ များလာကြပါတယ်
မကောင်းတာတွေက ဘာတွေလဲဆို‌တော့
နားမကောင်းဘူး ခါးမကောင်းဘူး
ဒူးမကောင်းဘူး မျက်စိမကောင်းဘူးပေါ့ ။
မကောင်းလာတာများတော့
ထင်သလောက်ခရီးမတွင်တော့ဘူးပေါ့ ။
လုပ်ချင်စိတ်ရှိသော်လည်း
လုပ်နိုင်စွမ်းက နည်းလာတဲ့အတွက်
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ဘူး မဟုတ်လား ။
အလိုမကျစိတ်တွေ မဖြစ်ပါနဲ့
ဇရာက နားသင့်ပြီလို့ သတိပေးလာလို့
အရာရာကို လျော့ချပြီးတော့
ကောင်းတဲ့အာရုံဘက်မှာ ရှိနေနိုင်ပါစေ ။
မသိသင့်တာတွေကို စိတ်မ၀င်စားပဲ
သိသင့်တာတွေမှာ အချိန်ပေးနိုင်ပါစေ ။
ဘ၀အဖော်မရှိတာထက်
ဓမ္မအဖော်မရှိခြင်းက ဘ၀ဆင်းရဲစေနိုင်လို့
နောက်ဆုံးအရွယ်မှာ
စိတ်ငြိမ်းချမ်းပြီး ဘ၀အဆင်ပြေမယ့်
အလုပ်တွေကိုသာ ရှာဖွေနိုင်ဖို့ကြိုးစားပါ ။
သာရ ဂ ဝေ သီ

image

သမ္ဗုဒ္ဓေ ဂါထာတော်ကြီး

6 ပတ် - ဘာသာပြန်ပါ။

“ဗုဒ္ဓမြတ်စွာဘုရားက
အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်”
ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက
အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။
တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး
“ အရှင်ဘုရား
တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့်
ဆုံးမသြ၀ါဒတရားလေး ဟောပေးပါ,
အရှင်ဘုရား ဟောထားတဲ့အတိုင်း
တပည့်တော်ဟာ အားတက်သရော
ကြိုးကြိုးစားစားနဲ့ လိုက်နာကျင့်သုံးပါ့မယ် ” လို့
ဘုရားကို လျှောက်ပါတယ်။
ဒါနဲ့ မြတ်စွာဘုရားက
ကမ္မဌာန်းတစ်ပုဒ် ပေးလိုက်ပါတယ်။
အဲဒီကမ္မဌာန်းက ဘာတုန်းဆိုရင်
မျက်စိက နှစ်သက်စရာ
မြင်စရာ အာရုံကို မြင်တဲ့အခါ၊
နားက သာယာစရာ နှစ်သက်စရာ
အသံကိုကြားတဲ့အခါ၊
နှာခေါင်းက မွှေးကြိုင်ပြီးတော့
နှစ်သက်စရာအနံ့ကိုရှူရှိုက်ရတဲ့အခါ၊
လျှာကလည်း အင်မတန် အရသာရှိတဲ့
အစာအဟာရကို လျက်ရတဲ့အခါ၊
ခန္ဓာကိုယ်ကလည်း အင်မတန်မှ အထိအတွေ့ကောင်းတဲ့
အရာ၀တ္ထုကို ထိတွေ့ရတဲ့အခါ၊
စိတ်ထဲကလည်း ကြည်နူးစရာကောင်းတဲ့
အရာမျိုးကို တွေးရတဲ့အခါမျိုးတွေမှာ
“မင်း” လောဘမဖြစ်အောင် ထိန်းပါ။
လောဘမဖြစ်ပါစေနဲ့။
ဒါက ကျင့်ရမယ့် ကျင့်၀တ်တစ်ခုပါ။
လူတိုင်းလူတိုင်းဟာ အာရုံမုန်တိုင်းက
ကိုယ့်စိတ်ကို အမြဲတမ်းလာတိုက်တယ်။
မုန်တိုင်းတိုက်ပြီဆိုရင်
သာမန်အခုအခံ မရှိဘူးဆိုရင်
လူတွေရဲ့စိတ်ဟာ ပြိုလဲသွားပါတယ်။
လောဘဖြစ်စရာအာရုံနဲ့တွေ့ရင်
လောဘဖြစ်တယ်၊
ဒေါသဖြစ်စရာ အာရုံနဲ့တွေ့ရင်
ဒေါသဖြစ်တယ်၊
ဒါ ••• ပြိုလဲသွားတာ ဖြစ်ပါတယ်။
မျက်စိက မြင်တာ၊
နားက ကြားတာ၊
နှာခေါင်းက အနံ့ရတာ၊
လျှာက အရသာသိတာ၊
ခန္ဓာကိုယ်က အထိအတွေ့ထိတာ၊
စိတ်ကူးစိတ်သန်းထဲက သိတာ၊
ဒါကိုအကြောင်းပြုပြီး
နှစ်သက်စရာအာရုံ နဲ့ထိတွေ့ရင် လောဘဖြစ်တယ်၊
နှစ်သက်စရာ မဟုတ်ဘူးဆိုရင် ဒေါသဖြစ်တယ်၊
အဲဒါ.. စိတ်လှုပ်ရှားမှု၊
အာရုံမုန်တိုင်းတွေရဲ့ အတိုက်ကို ခံရတဲ့အတွက်ကြောင့်
လူရဲ့စိတ်ဟာ ယိမ်းထိုးနေပါမယ်။
မြတ်စွာဘုရားက အဲဒီလို မဖြစ်အောင် ထိန်းရပါမယ်တဲ့။
“နန်ဒီ ဒုက်ခဿမူလံ ”
နှစ်သက်စွဲလမ်းတဲ့ တဏှာရာဂသည်
ဒုက္ခဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။
မျက်စိကနှစ်သက်စရာ အာရုံတွေ့လာရင်
လောဘကဖြစ်လာပါတယ်။
လောဘဖြစ်လာရင်၊
ဒီ. လောဘကို မထိန်းနိုင်ရင် ရှေ့ဆက်
ပြဿနာတွေ ဆောင်ကျဉ်းတော့ပါမယ်၊
“နန္ဒိသမုယာ ဒုက္ခသမုဒယော ”
အာရုံတွေပေါ်မှာ နှစ်သက်တဲ့တဏှာ ပေါ်လာပြီ
ဆိုလို့ရှိရင် ဒုက္ခကိုဖြစ်စေတော့မှာ သေချာပါတယ်။
ဒါကြောင့်မို့ “နန္ဒီ” ကို မဖြစ်စေနဲ့လို့ မြတ်ဗုဒ္ဓဆုံးမခဲ့ပါတယ်။
တစ်ခါ အာရုံခြောက်ပါး တွေ့လာတဲ့အခါ
ထို အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို
ထိန်းလိုက်နိုင်ပြီဆိုရင်
“နန္ဒီ” ဆိုတဲ့တဏှာဟာ ချုပ်ငြိမ်းသွားပါလိမ့်မယ်။
“နန္ဒီ ” ဆိုတဲ့တဏှာ ချုပ်သွားပြီဆိုရင်
“ နန္ဒိနိရောဓာ ဒုက္ခနိရောဓော ”
ဒုက္ခဆင်းရဲတွေ ပြဿနာတွေ ချုပ်မှာပါ။
သူရှိနေရင် ပြဿနာတွေ ရှိနေပါမယ်။
သူချုပ်သွားရင် ပြဿနာတွေ ချုပ်သွားပါမယ်။
ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းတို့ကလည်း
တရားသဘောကို နားလည်ကြပြီး
အာရုံခြောက်ပါးပေါ်မှာ တွယ်တာမှုကို
ထိန်းနိုင်ကြကာမြင့်မြတ်သော မြတ်နိဗ္ဗာန်ကို
ရရောက်နိုင်ကြပါစေ ကုန်သတည်း။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

image

နေ့စဉ်မိုးလေဝသသတင်း
=============
(၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
--------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့်ရှိနိုင်ပါသည်။ ကျန် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့် ရှိနိုင်ပါသည်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

image

image

image