7 w - Translate

"$850 ပေးရမယ်ဆို vivo X200 Ultra ပဲ​​ ဝယ်မှာပေါ့" ဆိုတဲ့သူတွေအတွက် မဟုတ်တဲ့ Fujifilm X Half Camera 🫥
.
Fujifilm ကနေ အခုပဲ မထွက်ခင်ထဲက စိတ်ဝင်စားမှုများနေကြတဲ့ Camera အသစ် - X Half Camera ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Fujifilm X Half Camera က ကင်မရာဆိုပေမယ့် လက်ရှိမြင်နေကြ Digital Camera တွေထက် Film Camera တစ်လုံးပုံစံအတိုင်း ခံစားရအောင်ထုတ်ထားတဲ့ ကင်မရာလို့ ပြောလို့ရပါတယ်။ အလေးချိန်ကလည်း 240g ပဲဆိုတော့ ပေါ့ချက်ပဲ။
ဆိုတော့ အရင်ဆုံးနာမည် - Fujifilm X Half ဆိုတဲ့နာမည်က Half Frame Film Camera တွေရဲ့ ပုံစံမျိုးကို ယူထားတယ်၊ 35mm Film လိပ်တစ်ခုကို ၂ ဆ ပုံပိုရိုက်နိုင်အောင် Frame တစ်ခုကို ၂ ခုခွဲရိုက်တဲ့ Half Frame အစစ်တော့မဟုတ်ပေမယ့် Fujfilm X Half ကြတော့ တခြား Fujifilm X Camera တွေမှာသုံးတဲ့ APSC Camera Sensor ရဲ့ ထက်ဝက်ပဲရှိတဲ့ 1-inch Type 1 Sensor (8.8mm x 13.3mm) ကိုပဲ သုံးထားတယ်။ ပြောရရင် 35mm Film Size ရဲ့ တဝက်ဆိုတာထက် APSC Sensor Size ရဲ့ တဝက်ဖြစ်နေလို့ X Half လို့ ခေါ်ထားတယ်။
ပြီးတော့ Fujifilm X-Half က ဒီလို 1-inch Sensor ဖြစ်တော့ Fujifilm XF Lens တွေတပ်ရမှာမဟုတ်ပဲ 32mm f2.8 Fixed Lens ကိုပဲ တပ်ပေးထားတယ်။ Lens က f2.8 ကနေ f11 ပြောင်းနိုင်တဲ့အပြင် Manual Focusing Ring လည်းပါမယ်။ အဲ့အပြင် Sensor ကလည်း 3:4 Ratio - Portrait အနေနဲ့ Default ရိုက်နိုင်အောင်လုပ်ထားတယ် - ပုံမှန် ကင်မရာတွေလို Landscape ဦးစားပေးလည်းမဟုတ်နေပြန်ဘူး။
အဲ့အပြင် Digital Camera တွေနဲ့မတူအောင် Viewfinder က EVF မဟုတ်ပဲ လုံးဝ Optical Viewfinder ပဲ သုံးထားတယ်၊ ပြီးတော့ Flash တပ်ရိုက်ရင်လည်း Data Sync မရတဲ့ Cold Shoe အမျိုးအစားပဲ ပါမယ်၊ Mic Port တွေ ဘာတွေလည်း ပါမှာမဟုတ်ပြန်ဘူး။ Digital Camera တွေလို RAW ကိုလည်း လုံးဝပေးမရိုက်ဘူး - JPG Only ပဲ ရိုက်လို့ရမယ်။
ဆိုတော့ Fujfilm X Half Camera ကို သုံးပြီး ဓါတ်ပုံတွေရိုက်မယ်ဆိုရင် ၂ မျိုးရိုက်လို့ရမယ်။ ပုံမှန် Point & Shoot Digital Camera ပုံစံနဲ့ Film Camera Mode ဆိုပြီး ခွဲထားတယ်။
ပုံမှန် Point & Shoot Mode ကြတော့ လက်ရှိ Fujifilm Camera တွေလိုမျိုးပဲ Fujfilm ရဲ့ Film Simulation ၁၃ မျိုးနဲ့ တခြား Film Effect တွေသုံးပြီး ရိုက်လို့ရမယ်။ ကိုယ်ရိုက်တဲ့ပုံကို နောက်ဖက်က 2.4" LCD Display မှာ မရိုက်ခင် ကြိုမြင်ရမယ်၊ ဘေးက LCD Display အသေးမှာ ရိုက်နေတဲ့ Film Simulation ကို ပြပေးနိုင်မယ်။
ဒါပေမယ့် ပိုထူးခြားသွားတာကြတော့ Film Camera Mode ပဲ - ဒီ Film Camera Mode ထဲဝင်လိုက်တာနဲ့ တကယ့် Film လိပ်လိုမျိုး ၃၆ ပုံ၊ ၅၄ ပုံနဲ့ ၇၂ ပုံထဲက ဘာနဲ့ရိုက်မလဲ ရွေးရမယ်၊​ ပြီးတော့ Date/Time တွေထည့်မှာလားဆိုတာတွေရွေးလို့ရမယ် - ဒါက ရွေးပြီးရင် ပြီးမှ ပြန်ပြင်မရတော့ဘူး။
Film Camera Mode နဲ့ရိုက်ရင် ဘာပြောင်းလဲသွားမလဲဆိုတော့ ကိုယ်ရိုက်မယ့်ပုံကို LCD Display မှာ Preview မြင်ရမှာမဟုတ်တော့ဘူး၊ ကိုယ်ထားထားတဲ့ Camera Setting ပဲ မြင်ရတော့မယ်၊ အဓိပ္ပါယ်က အခုနက Optical Viewfinder နဲ့ပဲ Focus ချိန်ပြီး ရိုက်ရမှာပါ။
ပြီးတော့ တစ်ပုံရိုက်ပြီးရင်လည်း နောက်ထပ်တစ်ပုံရိုက်ဖို့အတွက် တကယ့် Film Camera တွေလိုမျိုး Film Roll မှာ နောက်တစ်ပုံပြောင်းဖို့အတွက် Faux Film Advance Lever ကို ဆွဲပြီး ပြောင်းရမယ်။ မဟုတ်ရင် နောက်တစ်ပုံထပ်ရိုက်လို့ရမှာလည်းမဟုတ်ဘူး။ အဲ့အပြင် ကိုယ်က Film Roll တစ်ခုမှာရိုက်နေပြီး ထပ်မရိုက်တော့ရင်လည်း ကျန်တဲ့ Film ပုံအလွတ်တွေက အကုန်ပျက်သွားလိမ့်မယ်။
ဒီ Fujifilm X Half Camera ကို ဝယ်သုံးမယ်ဆိုရင် တွဲသုံးရတဲ့ App ကလည်း သီးသန့် X Half App ကို သုံးရမယ်။ အဲ့မှာ အခုနက Film Camera Mode နဲ့ ရိုက်ထားတဲ့ Film Roll တွေကို ဒီ App မှာ ပြန်ကြည့်ပြီး ဖုန်းထဲကူးတာတွေ၊ Half Frame Film တွေလို တစ်ပုံထဲမှာ ပုံ ၂ ပုံပေါင်းတာတွေ လုပ်လို့ရတယ်။
RAW ရိုက်မရတဲ့အတွက် Fujifilm X Half Camera က တခြား Fujifilm Camera တွေလိုမျိုးလည်း ပုံရိုက်ပြီးမှ Film Simulation တွေ​၊ တခြား Exposure လို Post-image Processing တွေလုံးဝလုပ်လို့ရမှာမဟုတ်ဘူး။ Film Camera အတိုင်းပဲ Shutter နှိပ်ပြီးရင် ကိုယ်ရိုက်တဲ့အတိုင်းပဲ ပုံထွက်လာမယ်။
Video လည်း ရိုက်ချင်တယ်ဆိုရင် 1080 x 1440 Pixel (HD+) Video ကို Portrait အနေနဲ့ရိုက်လို့ရမယ်။ ဒါပေမယ့် Video အတွက်ကတော့ လုံးဝမရွေးသင့်တဲ့ Camera ပါ။
ပြောရရင် ဒီ Fujifilm X Half Camera က Digital Camera ခေတ်မှာ Digital Camera ကိုမှ Film Camera နဲ့အနီးစပ်ဆုံးတူအောင် ထုတ်ချလိုက်တာပဲ။ Film Camera အစစ်လိုမျိုး Film တွေလိုက်ရှာဝယ်ရတာတွေ၊ Film ကို ဆိုင်တွေမှာ သွားပြီး Develop လုပ်စရာမလိုတော့ ကုန်ကျစရိတ် ရေရှည်မှာ ပိုသက်သာသွားတာပဲရှိမယ်။
ဒါကို $849 ဆိုတဲ့စျေးနဲ့ တန်လားဆိုရင် ဒီလိုပစ္စည်းမျိုးက ပေးရတဲ့စျေးနဲ့ တန်မတန် အရင်ချိန်မယ့်သူတွေအတွက် လုံးဝမဟုတ်ဘူးလို့ပဲ ပြောရလိမ့်မယ်။ အခုမှ ဓါတ်ပုံရိုက်ဖို့ ကင်မရာဝယ်ချင်တယ်ဆိုရင်လည်း $799 နဲ့ Fujifilm X-M5 လို ကင်မရာတွေရှိနေတယ်... တကယ့် ကင်မရာတွေ မသယ်ချင်တာမျိုး၊ တကယ့်ကင်မရာရိုက်ရတဲ့ Setting ဘာညာလည်း ခေါင်းမရှုပ်ချင်ရင် vivo X200 Series လို ဖုန်းတွေက ပိုတောင် အဆင်ပြေနိုင်တယ်။
အဲ့အစား Fujfilm X Half Camera က Film Camera တွေကို ကြိုက်တယ်၊ ပိုက်ဆံပေါတယ်၊ တခြား Professional သုံးဖို့ Digital Camera တွေ၊​ Mirrorless တွေလည်းရှိနေပြီးသား - အပျော်ရိုက်ဖို့ ပျော်ဖို့ကောင်းတဲ့ Experience ကို လိုချင်တယ်ဆိုရင်တော့ တော်တော်လေးကို Unique ဖြစ်၊​ ကိုင်လိုက်၊ ရိုက်ဖြစ်တိုင်း ထူးခြားနေမယ့် ကင်မရာတစ်လုံးပါ။

image

ဝင်ငွေနဲ့ ပတ်သက်ရင် အခြေခံအားဖြင့် Earned Income နဲ့ Passive Income ဆိုပြီး အမျိုးအစား နှစ်မျိုးခွဲနိုင်ပါတယ် ။ Earned Income ဆိုတာက ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပြီးမှ အပြန်အလှန်အားဖြင့် ဝင်ငွေရရှိတဲ့နည်း ဖြစ်ပါတယ် ။ တစ်နည်းအားဖြင့် မိမိရဲ့လုပ်အားဖြစ်စေ ၊ အချိန်ဖြစ်စေ ၊ ကျွမ်းကျင်မှုဖြစ်စေ တစ်ခုခုကို အနည်း နဲ့ အများပေါင်းစပ်ပြီးမှ ဝင်ငွေအဖြစ်ဖန်တီးတဲ့ နည်းလမ်းပါ ။
Earned Income ဟာ အားသာချက်တွေ ရှိသည့်တိုင် အားနည်းချက်များစွာလည်း ရှိပါတယ် ။ အထူးသဖြင့် Earned Income ဆိုတဲ့ ဝင်ငွေလမ်းကြောင်း တစ်ခုတည်းပေါ်မှာ မှီခိုတဲ့အခါ ငွေကြေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ရမယ့် အခြေအနေ ရောက်နိုင်ပါတယ် ။ ကိုယ်တိုင်အလုပ်လုပ်နေမှ ရတဲ့ဝင်ငွေဖြစ်တဲ့အတွက် အလုပ်ပြုတ်သွားတဲ့အခါ ၊ အလုပ်မလုပ်နိုင်တော့တဲ့အခါ ဝင်ငွေရပ်တန့်သွားပါတော့တယ် ။ Earned Income ဟာ တခြားသူကို မှီခိုမှုများသလို အကန့်အသတ်လည်း များစွာရှိပါတယ် ။
Passive Income ဆိုတာကတော့ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်အားထုတ်စရာမလိုဘဲ ကိုယ်က ခရီးပဲထွက်နေထွက်နေ ၊ အိပ်ရာထဲမှာပဲ အိပ်နေအိပ်နေ အချိန်တန်တဲ့အခါ ကိုယ့်အိတ်ကပ် ၊ ကိုယ့်ဘဏ်အကောင့်ထဲ ငွေတွေ ဝင်လာတာကို ဆိုလိုတာပါ ။ Financial Freedom လို့ခေါ်ကြတဲ့ ငွေကြေးဆိုင်ရာလွတ်လပ်မှုကို ခံစားရရှိဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက Passive Income ရှိနေဖို့ပါပဲ ။
Passive Income ရဖို့အတွက် Earned Income တစ်ခု အရင်ဆုံး ရှိနေဖို့လိုပါတယ် ။ ဒုတိယအဆင့်က အဲဒီ Earned Income ကနေ ရာခိုင်နှုန်းတစ်ခုကို လစဉ်စုဆောင်းပြီး ပမာဏတစ်ခုရအောင် လုပ်ရပါမယ် ။ ဒီလိုစုဆောင်းနေစဉ်မှာလည်း မိမိရဲ့ Earned Income ကို ဆပွားတိုးလာအောင် လုပ်ဆောင်ရပါမယ် ။ ဒါဆို စုလာတာရယ် ၊ ဆပွားတိုးလာတာရယ်ကို ပေါင်းပြီး Passive Income တစ်ခုတည်ဆောက်ရုံပါပဲ ။
ဆရာ Kaung Hein Soe (Strategic) ရဲ့ “ Passive Income ” စာအုပ်ထဲက ကောက်နှုတ်ချက်တချို့ ဖြစ်ပါတယ် ။ ဒီစာအုပ်မှာ Personal Finance, Passive Income, Wealth ဆိုပြီး အပိုင်း ၃ ပိုင်း ပါဝင်ပါတယ် ။ ငွေဘယ်လိုရှာမလဲ ၊ အထူးသဖြင့် Passive Income တစ်ခုဘယ်လိုတည်ဆောက်မလဲ ၊ ငွေကို ဘယ်လိုထိထိရောက်ရောက်စီမံခန့်ခွဲမလဲ ၊ ဘယ်လိုစုဆောင်းပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ စတာတွေနဲ့ ပတ်သက်ပြီး စုံစုံလင်လင်ဖတ်ရှုရမှာ ဖြစ်ပါတယ် ။
Passive Income တည်ဆောက်လိုသူတွေ ၊ ဝင်ငွေတိုးလိုသူတွေ ၊ ငွေကြေးစီမံခန့်ခွဲမှု ၊ ငွေစုနည်း နဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း လေ့လာလိုသူတွေ ၊ Financial Freedom အိပ်မက်ရှိသူတွေအတွက် အထောက်အကူဖြစ်စေမယ့် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ် ။
#passiveincome #earnedincome #income #ဝင်ငွေ #personalfinance #saving #investment #wealth #financialliteracy #kaungheinsoe #ကောင်းဟိန်းစိုး

image
7 w - Translate

#knowledge #ဗဟုသုတ

image
7 w - Translate

White Snake II: The Tribulation of the Green Snake ( 2021 )

တရုတ်ပြည်ရဲ့ မြွေဖြူနဲမြွေစိမ်း ညီအစ်မ white snake animation ဇာတ်လမ်းရဲ့အဆက်
white snake2 ဟာ ၂၀၂၁ထွက် animation movieကောင်းလေးပါ
စတင်ပြသတဲ့၃ရက်အတွင်း box office ဝင်ငွေး$77millionsအထိ စံချိန်တင်ရရှိထားပါတယ်.
. ဒီဇာတ်ကားမှာမြွေစိမ်းမလေး ရှောင်ချင်းကို အဓိကထားရိုက်ကူးထားတာပါ….
မြွေဖြူမလေးရှောင်ပိုင်ဟာ အချစ်အတွက်ကြောင့် ဘုန်းတော်ကြီးရှောဖာဟိုင်ရဲ့
လွေဖုန်း မျှော်စင်အောက်မှာ ဖမ်းချုပ်ထားခြင်းခံရပါတယ်…
ဒါကိုလက်မခံနိုင်တဲ့ရှောင်ချင်း(မြွေစိမ်းမလေး)ဟာ ဘုန်းတော်ကြီးဖာဟိုင်ကို
ပြန်တိုက်ခိုက်ရင်း ရှုးလော်မြိုဆိုတဲ့ နေရာကိုအမှန်မထင်ရောက်သွားပါတယ်..
ရှုးလော်မြိုကလူတွေဟာ စိတ်ထဲလွှတ်မချနိုင်တဲ့အရာတွေရှိနေလို
လူပြန်မဝင်စားနိုင်ပဲ ရောက်လာတဲ့သူတွေ ပါ… အန္တရာယ်ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့
ရှုးလော်မြိုမှာ ရှောင်းချင်းတစ်ယောက် ရှင်သန်နိုင်ပါ့မလာ….
ရှုးလော်မြိုကနေထွက်ခွာနိုင်ပါ့မလား…. ရှုးလော်မြိုမှာ
သူ့အစ်မရှောင်ပိုင်နဲ့ရုပ်ချင်းဆင်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံရတဲ့အခါ
ဘာတွေဆက်ဖြစ်လာမှာလဲ… အစ်မဖြစ်သူနဲ့ရောပြန်ဆုံနိုင်ပါ့မလား..
အချစ်..အမုန်း…ရင်ထဲက အာဃာတတွေ…ခံစားချက်မျိုးစုံ ကို ကြည့်ရှုခံစားရမှာပါ……

ဇာတ်ကားလင့်
https://t.me/c/2186686827/365

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
7 w - Translate

He-re Aft-er (2024)

သေဆုံးခြင်းဟာ အဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်။ Robin ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကြုံတွေ့ခဲ့ရတဲ့ မတော်တဆမှုတစ်ခုကြောင့် စကားမပြောနိုင်ပါဘူး။ ဒါပေမဲ့ စန္ဒရားတီးခတ်တဲ့နေရာမှာတော့ ပါရမီထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ Claire ကတော့ သမီးဖြစ်သူ Robin အတွက် အကောင်းဆုံးတွေကိုသာ ဖန်တီးပေးချင်ပြီး သမီးငယ်သည်သာ သူ့ဘဝအတွက်အရာရာအဖြစ် မှတ်ယူထားသူပါ။ သမီးကိုပဲ ကြည့်ပြီး ရှင်သန်နေတဲ့ Claire ကို တစ်ရက်မှာတော့ အဖြစ်ဆိုးတစ်ခုက ကျီစယ်လာပါတော့တယ်။ Robin ဟာ ဒုတိယအကြိမ်မြောက် မတော်တဆမှုတစ်ခုကို ထပ်မံကြုံတွေ့ရပြီး ဒီတစ်ခါမှာတော့ အသက်သေဆုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မလို အသက်ဘေးကလွတ်ခါ စကားလည်း ပြန်ပြောနိုင်ခဲ့ပေမဲ့ သေမင်းတံခါးဝက ပြန်လှည့်ခဲ့သူ Robin ဟာ တကယ့် Robin အစစ်ဟုတ်ရဲ့လား ဆိုတာ...

image
7 w - Translate

Pres. Trump posted, "Hatred and Radicalism have no place in the USA" on his social media platform, Truth Social, after two Israeli embassy staff members were killed in a shooting outside an event at the Capital Jewish Museum in Washington, D.C.
Read more: https://abcnews.link/SsC9RWM

image
7 w - Translate

EXCLUSIVE: Pentagon leaker Jack Teixeira, who was sentenced to 15 years on federal charges for disclosing defense information, tells Linsey Davis he doesn't feel he betrayed his country and wouldn’t change what he did.
Read more: https://abcnews.link/XSBcb6t

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ နှစ်ဖက်တပ်များ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့် ပါကစ္စတန် သဘောတူ
စစ်ရေး ပဋိပက္ခများဖြစ်ပွားခဲ့စဉ် အင်အားဖြည့်တင်း ဖြန့်ကြက် ထားသော တပ်ဖွဲ့ဝင်များကို ယခုလကုန်တွင် ပြန်လည်ရုပ်သိမ်းရန် ပါကစ္စတန်နှင့် အိန္ဒိယတို့က သဘောတူထားကြောင်း ပါကစ္စတန် ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူတစ်ဦးက မေ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား မေ ၇ ရက်တွင် စတင်ဖြစ်ပွားခဲ့သော လေးရက်ကြာ စစ်ရေးပဋိပက္ခများကြောင့် နှစ်ဖက်သေဆုံးသူ ၇ဝ ကျော်အထိရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဂျမူးနှင့်ကက်ရှ်မီးယားဒေသ၌ ဧပြီ ၂ ရက်တွင် ဖြစ်ပွားခဲ့သော လူပေါင်း ၂၆ ဦးသေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုကိုအကြောင်းပြု၍ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား လေးရက်ကြာ စစ်ရေးပဋိပက္ခများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
သို့ရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိအားပေးမှု ကြောင့် အိန္ဒိယနှင့်ပါကစ္စတန်တို့သည် မေ ၁ဝ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ရာ လက်ရှိအချိန်ထိ အပစ်အခတ်ရပ်စဲမှု ခိုင်မြဲနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် လေးရက်ကြာစစ်ရေး ပဋိပက္ခကာလအတွင်း အင်အားဖြည့်ဆည်း ဖြန့်ကြက်ထားသော နှစ်ဖက်တပ်ဖွဲ့ဝင်များကို ပဋိပက္ခမတိုင်ခင်ကာလ မူလတပ်စခန်းနေရာများသို့ ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယနှင့်ပါကစ္စတန်တို့ကသဘောတူညီချက် ရယူထားကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ

image

#နိုင်ငံတကာသတင်း
◼ထရမ့်၏ရွှေကွန်ချာကာကွယ်ရေးစနစ်သစ်တွင်ပူးပေါင်းရန်အမေရိကန်နှင့်ဆွေးနွေးနေကြာင်းကနေဒါပြော
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြေညာထားသော မျိုးဆက်သစ် ဝေဟင် ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ရည်ရွယ်သည့် ‘ရွှေကွန်ချာ’ ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တွင် ပူးပေါင်းပါဝင်ရန် ကနေဒါအစိုးရက အမေရိကန်နှင့်အဆင့်မြင့် ဆွေးနွေးမှုများလုပ်ဆောင်နေ‌ကြောင်းဝန်ကြီးချုပ်မာ့ခ်ကာနေးကပြောကြားသည်။
ဒုံးကျည်ကာကွယ်ရေးစနစ်သစ်အတွက် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကအင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ကနဦးတန်ဖိုးမှာ ဒေါ်လာ ၂၅ ဘီလီယံ (ပေါင် ၁၈ဒသမ၇ ဘီလီယံ) ဖြစ်ကြောင်း ကြေညာခဲ့သည်။
လက်ရှိနှင့် ‘ရွှေကွန်ချာ’စနစ်ကဲ့သို့အစီအစဉ်သစ်များ အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုကနေဒါနှင့် အမေရိကန်တို့အကြား တက်ကြွစွာ ဆွေးနွေးမှုများ ရှိနေကြောင်း ၀န်ကြီးချုပ် မာ့ခ်ကာနေး ၏ရုံးက ပြောကြားသည်။
သို့ရာတွင်ကျယ်ပြန့်သောစနစ်တစ်ခုကို အမေရိကန်က မည်သို့ပေးအပ်မည်နှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ သံသယများရှိနေပြီး ကနေဒါက မည်သို့ပါဝင်မည် သို့မဟုတ် မည်မျှပေးချေမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိသေးပေ။
"ကနေဒါနိုင်ငံသားတွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးနဲ့ စီးပွားရေး ဆက်ဆံရေးသစ်ကို ဆွေးနွေးညှိနှိုင်းဖို့ ၀န်ကြီးချုပ်ကို ခိုင်မာတဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တယ်။ အဲဒီအတွက်ကြောင့် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ဝန်ကြီးတွေဟာ သူတို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျယ်ပြန့်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။” ဟု ဝန်ကြီးချုပ်ကာနေး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စအောဒရေးရှမ်းပေါ့ဇ်က ပြောကြားသည်။
အဆိုပါဆွေးနွေးမှုများတွင်မြောက်အမေရိကလေကြောင်းကာကွယ်ရေးကွပ်ကဲမှု(Norad)ကိုအားကောင်းလာစေရန်နှင့် ရွှေကွန်ချာစနစ်ကဲ့သို့ဆက်စပ်လုပ်ဆောင်မှုများ ပါဝင်ကြောင်း၎င်းကဆိုသည်။
“ဒါပေမယ့် အစီအစဉ်မှာ ကနေဒါက ဘာတွေပေးရမလဲ၊ ဒါမှမဟုတ် တိုင်းပြည်အတွက် ဘယ်လို အလုပ် လုပ်မယ် ဆိုတာ ပြောဖို့ စောလွန်းသေးတယ်။”ဟု မစ္စရှမ်းပေါ့ဇ် ကဆက်လက်ပြောကြားသည်။
ရွှေကွန်ချာ အစီအစဉ်တွင် တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရန် ကနေဒါက စိတ် ဝင်စား ကြောင်း အင်္ဂါနေ့အစောပိုင်းတွင်ထရန့် ကပြောကြားခဲ့သည်။
“ကျွန်တော်တို့သူတို့နဲ့ စကားပြောမယ်၊သူတို့က အကာအကွယ်လည်း လိုချင်နေတယ်၊ ထုံးစံအတိုင်းပဲ ကျွန်တော်တို့ ကနေဒါကို ကူညီပါတယ်။" အမေရိကန် သမ္မတကဆိုသည်။
အမေရိကန်အဆိုပြုထားသောရွှေကွန်ချာစနစ် သည် အသံထက်မြန်သော ဒုံးကျည်များ အပါအဝင် ပိုမိုခေတ်မီသော ဝေဟင်လက်နက်များကို ပစ်မှတ်ထားရန် ရည်ရွယ်ပြီး အာကာသအခြေပြု အာရုံခံကိရိယာများနှင့် ကြားဖြတ်ကိရိယာများ ပါဝင်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ရွှေကွန်ချာ ကာကွယ်ရေး အစီအစဉ်သစ်သည် ၎င်း၏ ရာထူးသက်တမ်းကုန်ဆုံးချိန်တွင် စတင်လည်ပတ်မည်ဖြစ်ပြီး ဒေါ်လာ ၁၇၅ ဘီလီယံ အထိကုန်ကျမည်ဟုထရန့်က ပြောကြားခဲ့ပြီး ကနေဒါက သင့် တင့်မျှတစွာထည့်ဝင်နိုင်ရေးအတွက် ၎င်း၏ အစိုးရအဖွဲ့ကကြိုပမ်း နေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
သို့ရာတွင် အဆိုပါစနစ်၏ အာကာသအခြေပြု အစိတ်အပိုင်းများအတွက် အနှစ် ၂၀ အတွင်း နောက်ဆုံးရှိလာနိုင်သည့်စျေးနှုန်းမှာ ဒေါ်လာ ၅၄၂ ဘီလီယံ အထိဖြစ်နိုင်ကြောင်း ပါတီဝင်များမပါသော ကွန်ဂရက်လွှတ်တော်ဘတ်ဂျက်ရုံးက ခန့်မှန်းထားသည်။
အာကာသနှင့် ရေကြောင်းထောက်လှမ်းမှုသတိပေးချက်နှင့် ကာကွယ်ရေးအတွက် တာဝန်ယူပြီး ခရုဇ်ဒုံးကျည်များကို ထောက်လှမ်းပစ်ချနိုင်သည့် စနစ်ဖြစ်သည့် Norad အား ကနေဒါနှင့် အမေရိကန်တို့က ပူးပေါင်းလုပ်ဆောင်ထားပြီးသားဖြစ်သည်။
Noradသည်၁၉၅၈ခုနှစ်ကတည်းကတည်ရှိပြီး၎င်းစနစ်ကိုခေတ်မီစေရန်နှစ်မကြာသေးမီနှစ်များအတွင်းနိုင်ငံစလုံးကဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
သတင်း-လင်းခေတ်
ကိုးကား- BBC

image
7 w - Translate

#ပြည်တွင်းသတင်း
◼မေလနောက်ဆုံးပတ်အတွင်း တိုင်းနှင့်ပြည်နယ်တချို့မိုးကြီးနိုင်
မနက်ဖြန်(မေ ၂၃ ရက်မှ ၃၀ ရက်) အတွင်းတိုင်းနှင့်ပြည်နယ်တချို့၌ မိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါ ရက်များအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့်သော်လည်းကောင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်းကြောင့်သော် လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းများကြောင့်သော်လည်းကောင်း မိုးကြီးနိုင်ကြောင်းယင်းထုတ်ပြန်ချက်အရသိရသည်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍မိုးကြီးမည်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန် ထားသည်။
"၂၅ ရက်ကျော်ရင်ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း၊ မုန်တိုင်းတစ်လုံးဖြစ်ဖို့ရှိတယ်။ သူကအားပိုကောင်းလာနိုင်တာတော့တွေ့တယ်။ ဆိုင်ကလုန်း activity chart မှာတော့ ၅၀ ရာခိုင်နှုန်းဆိုင်ကလုန်းဖြစ်နိုင်ချေပြတယ်။ အခုလောလောဆယ်တော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်တဲ့လေဖိအားနည်းရပ်ဝန်းက မုတ်သုံကိုတွန်းတင်ပေးရုံ လောက်ပဲသက်ရောက်မှုရှိတယ်။ နောက်တစ်လုံးမှမိုးများမယ်ဆိုတော့ ၂၅ ရက်၊၂၆ ရက်နဲ့ ဇွန်လ ပထမ ပတ်အတောအတွင်းမှာတော့ မိုးများမယ့်အနေအထား၊ မိုးသက်လေပြင်းကျမယ့်အနေအထား ရှိပါတယ်" ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကစံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်နိုင်‌သောကြောင့် သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးနှိုးဆော်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - CJ

image