6 ပတ် - ဘာသာပြန်ပါ။

iPhone 17 Air အကြောင်းတစေ့တစောင်
းiPhone 17 Air ကိုလာမည့်ယခုစက်တင်ဘာလတွင် iPhone 16 Plus နေရာကိုအစားထိုးမည့်သီတင်းနှင့်အတူအခြားသီတင်းအသစ်များထွက်ပေါ်လာသည်။

iPhone 17 Air ​၏အလေးချိန်နှင့်ပတ်သက်သည့်အချက်အလက်များမှာ 146g ဟုပြောသော်လည်း ယခင်သိထားခဲ့သည့်အတိုင်း 145g နှင့် 150g ကြားရှိမည်ဟု ယူဆထားနိုင်သည်။

၎င်းသည် Samsung ၏ Galaxy S25 Edge ထက်ပိုမိုပေါ့ပါးလိမ့်မည်။ပိုပေါ့ပါးရသည့်အကြောင်းမှာ Apple သည် Samsung ကဲ့သို့ တိုက်တေနီယမ်ဖရိန်ကို အသုံးမပြုတော့ဘဲ ပိုမိုပေါ့ပါးသော 7000 စီးရီးအလူမီနီယမ်ကို အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။

Frame ​၏ကလေးချိန်မှာ 25-30g သာရှိသည်ဟုသိရသည်။ OLED မျက်နှာပြင်သည် 35g၊ 5-7g ရှိသည့် 48MP နောက်ကျောဘက်ကင်မရာတစ်လုံး၊ A19 ချစ်ပ်နှင့် logic board တို့၏အလေးချိန်မှာ အကြမ်းဖျင်းအားဖြင့် 10-12g ၊ MagSafe module နှင့် "အခြားအစိတ်အပိုင်းများ" သည် 10-12g တို့ဖြစ်ပြီး၊ ထို့နောက်တွင် 15g glass back နှင့် battery က 35g ပါရှိမည်လို့သိရသည်။

ထွက်ရှိလာသောသီတင်းများအရ Apple သည် iPhone 17 Air ၏ဘက်ထရီကို Si/C နည်းပညာကို အသုံးပြုမည်ဟုဆိုထားသည်။ပါဝင်မည့်ပမာဏအတိအကျကို မသိရသော်လည်း 3,000 mAhအောက်ဖြစ်မည်ဟုကြားသိရသည်။

5.5 mm အထိပါးလွှာမည်ဖြစ်ပြီး အဓိကပြိုင်ဘက်ဖြစ်သည့် Galaxy S25 Edge ထက်ပိုပါးနိုင်မည်ဖြစ်သည်။

iPhone 17 Air တွင် 24 MP selfie၊ 8GB ​​RAM၊ 120 Hz refresh rate ပါရှိသော OLED မျက်နှာပြင်၊ Always-On Display၊ Dynamic Island၊ Face ID၊ wireless အားသွင်းစနစ်နှင့် eSIM ပါsupport လုပ်မည်ဟုသိရသည်။

image
6 ပတ် - ဘာသာပြန်ပါ။

ကြော်ငြာရိုက်ကွင်းတစ်ခုမှာ တွေ့ခဲ့ရတဲ့ Google Pixel 10
ကနေဒါနိုင်ငံ၊ ဗန်ကူဗာကမ်းခြေမှာ တီဗီကြော်ငြာတစ်ခုကို Google Pixel 10 (Pixel 10 Pro XL) လို့ယူဆရတဲ့ ဖုန်းနဲ့ ရိုက်ကူးနေတာကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ခဲ့တာပါ။
ရိုက်ကူးရေးမှာ သုံးနေတဲ့ Google Pixel 10 (Pixel 10 Pro XL) ဟာဆိုရင် Google ကနေ မမိတ်ဆက်ရသေးတဲ့ မော်ဒယ်အသစ်ဖြစ်ပြီး Leak တွေအရ လာမယ့် ဩဂုတ် မဟုတ်ရင် စက်တင်ဘာလလောက်မှ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ရိုက်ကူးနေရးအဖွဲ့တစ်ဖွဲ့ဟာ ဗန်ကူဗာကမ်းခြေမှာ ဖုန်းကိုဝှက်ထားခြင်းမရှိဘဲ ရိုက်ကူးရေးလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခြားကြော်ငြာပဲလား Google Pixel 10 Series အတွက် ကြော်ငြာပဲလားဆိုတာကတော့ ထွက်လာခါမှပဲ သိပါမယ်။
လက်ရှိထွက်ထားတဲ့ Leak တွေအရ Google Pixel 10 Series မှာ Google Add Me ဆိုတဲ့ AI ကင်မရာလုပ်ဆောင်ချက်အသစ်ပါလာမယ့်အပြင် အရောင်အသစ်တွေကိုလည်း ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

ကြော်ငြာရိုက်ကွင်းတစ်ခုမှာ တွေ့ခဲ့ရတဲ့ Google Pixel 10
ကနေဒါနိုင်ငံ၊ ဗန်ကူဗာကမ်းခြေမှာ တီဗီကြော်ငြာတစ်ခုကို Google Pixel 10 (Pixel 10 Pro XL) လို့ယူဆရတဲ့ ဖုန်းနဲ့ ရိုက်ကူးနေတာကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ခဲ့တာပါ။
ရိုက်ကူးရေးမှာ သုံးနေတဲ့ Google Pixel 10 (Pixel 10 Pro XL) ဟာဆိုရင် Google ကနေ မမိတ်ဆက်ရသေးတဲ့ မော်ဒယ်အသစ်ဖြစ်ပြီး Leak တွေအရ လာမယ့် ဩဂုတ် မဟုတ်ရင် စက်တင်ဘာလလောက်မှ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ရိုက်ကူးနေရးအဖွဲ့တစ်ဖွဲ့ဟာ ဗန်ကူဗာကမ်းခြေမှာ ဖုန်းကိုဝှက်ထားခြင်းမရှိဘဲ ရိုက်ကူးရေးလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခြားကြော်ငြာပဲလား Google Pixel 10 Series အတွက် ကြော်ငြာပဲလားဆိုတာကတော့ ထွက်လာခါမှပဲ သိပါမယ်။
လက်ရှိထွက်ထားတဲ့ Leak တွေအရ Google Pixel 10 Series မှာ Google Add Me ဆိုတဲ့ AI ကင်မရာလုပ်ဆောင်ချက်အသစ်ပါလာမယ့်အပြင် အရောင်အသစ်တွေကိုလည်း ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

ကြော်ငြာရိုက်ကွင်းတစ်ခုမှာ တွေ့ခဲ့ရတဲ့ Google Pixel 10
ကနေဒါနိုင်ငံ၊ ဗန်ကူဗာကမ်းခြေမှာ တီဗီကြော်ငြာတစ်ခုကို Google Pixel 10 (Pixel 10 Pro XL) လို့ယူဆရတဲ့ ဖုန်းနဲ့ ရိုက်ကူးနေတာကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ခဲ့တာပါ။
ရိုက်ကူးရေးမှာ သုံးနေတဲ့ Google Pixel 10 (Pixel 10 Pro XL) ဟာဆိုရင် Google ကနေ မမိတ်ဆက်ရသေးတဲ့ မော်ဒယ်အသစ်ဖြစ်ပြီး Leak တွေအရ လာမယ့် ဩဂုတ် မဟုတ်ရင် စက်တင်ဘာလလောက်မှ မိတ်ဆက်သွားမှာဖြစ်ပါတယ်။
ရိုက်ကူးနေရးအဖွဲ့တစ်ဖွဲ့ဟာ ဗန်ကူဗာကမ်းခြေမှာ ဖုန်းကိုဝှက်ထားခြင်းမရှိဘဲ ရိုက်ကူးရေးလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခြားကြော်ငြာပဲလား Google Pixel 10 Series အတွက် ကြော်ငြာပဲလားဆိုတာကတော့ ထွက်လာခါမှပဲ သိပါမယ်။
လက်ရှိထွက်ထားတဲ့ Leak တွေအရ Google Pixel 10 Series မှာ Google Add Me ဆိုတဲ့ AI ကင်မရာလုပ်ဆောင်ချက်အသစ်ပါလာမယ့်အပြင် အရောင်အသစ်တွေကိုလည်း ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။

imageimage
6 ပတ် - ဘာသာပြန်ပါ။

Tesla သည်၎င်း​၏ကားများကို ၂၀၂၅ ခုနှစ် ဧပြီလ တွင်ဆော်ဒီအာရေးဗျနိုင်ငံတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး Riyadh မြို့တွင်ပထမဆုံး Showroom နှင့် Service Center ကိုဖွင့်လှစ်ခဲ့သည်။

အဆိုပါစင်တာတွင် Model 3၊ Model Y နဲ့ Cybertruck မော်တော်ယာဉ်များကိုရရှိနိုင်ပြီး မကြာမီတွင် Jeddah,နှင့် Dammam မြို့များတွင်လည်းယာယီ Pop-up စတိုးဆိုင်များဖွင့်လှစ်မည်ဖြစ်သည်။

မိတ်ဆက်ပွဲအခမ်းအနားတွင် Tesla က မော်တော်ယာဉ်များနှင့် နည်းပညာသစ်ဖြစ်သည့် မောင်းသူမဲ့အလိုလျှောက် Cybercab နှင့် လူသားဆန်သောစက်ရုပ်ဖြစ်သည့် Optimus တို့ကိုပါပြသခဲ့သည်။

ဆော်ဒီအာရေးဗျမှာ လျှပ်စစ်ကားများအတွက် အားသွင်းစက်ကိရိယာများနည်းနေသလို၊ အလွန်ပြင်းထန်သောအပူချိန်ကြောင့် ဘက်ထရီစွမ်းဆောင်ရည်ထိခိုက်နိုင်ခြင်းကဲ့သို့သော စိန်ခေါ်မှုများရှိနေသော်လည်း Tesla သည် အရေးကြီးမြို့များတွင် Supercharger အားသွင်းစခန်းများဖွံ့ဖြိုးရေးလုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့အပြင် စွမ်းအင်တည်တံ့မှုအတွက် အစိုးရလည်း အားသွင်းကွန်ယက်ဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်လျှက်ရှိသည်။

image
6 ပတ် - ဘာသာပြန်ပါ။

အီလွန်မတ်စ်ရဲ့ Starship ဒုံးပျံ ထပ်မံ ပျက်ကျ
ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ အီလွန်မတ်စ်ပိုင် SpaceX က Starship ဒုံးပျံ တတိယအကြိမ်မြောက် ပျက်ကျခဲ့ပြန်ပါတယ်။
မေလ ၂၇ ရက် အင်္ဂါနေ့ တက္ကဆက်ကနေ လွှင့်တင်တဲ့ Starship မဂ္ဂါဒုံးပျံဟာ အစမ်းပျံသန်းမှုအတွင်းမှာ ပျက်ကျခဲ့တာပါ။ ပေ ၄၀၀ ရှည်တဲ့ ဒီ Starship ဒုံးပျံကို SpaceX ပိုင် Starbase အခြေစိုက်စခန်းကနေ လွှင့်တင်ခဲ့ရင်း ပထမအဆင့် Super Heavy booster မှာ ပေါက်ကွဲသွားခဲ့တာလို့ ပြောပါတယ်။
ဒီတစ်ခေါက်က သုံးပြီးသား booster ဒုံးပျံကို ပထမဆုံးအကြိမ် ပြန်သုံးတာ ဖြစ်ပြီး ယာဉ်အပေါ်အကန့်လောင်စာယိုစိမ့်မှုကြောင့် ကမ္ဘာ့လေထုထဲ ပြန်မဝင်နိုင်ခင် booster နဲ့ ထိန်းချုပ်မှုလွတ်သွားခဲ့တာပါ။ လောင်စာယိုစိမ့်မှုကြောင့် ပင်မလောင်စာကန်ဖိအား ဆုံးရှုံးခဲ့ပြီး အထိန်းအချုပ်လွတ်တဲ့အနေအထား ရောက်သွားခဲ့တာလို့ ဆိုပါတယ်။
အစီအစဉ်အရ ကမ္ဘာပတ်လမ်းထဲ mock satellite ၈ ခု လွှင့်တင်ပြီး ပြန်ဆင်းလာဖို့ လုပ်ထားပေမယ့် payload တံခါးမပွင့်ခဲ့လို့ ဂြိုဟ်တုတွေ မလွှင့်တင်နိုင်ခဲ့ပါဘူး။ ကမ္ဘာလေထုထဲ အထိန်းအချုပ်မဲ့ ပြန်ဝင်လာပြီး အိန္ဒိယသမုဒ္ဓရာထဲ ပျက်ကျသွားတာပါ။
၂၀၂၃ ဧပြီလမှာ စတင်ခဲ့တဲ့ Starship စမ်းသပ်ပျံသန်းမှုက အခုနဲ့ဆို ၉ ကြိမ်မြောက် ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်က တတိယအကြိမ် ပျက်ကျတာ ဖြစ်ပြီး အရင် Test flight နှစ်ခုတုန်းက ၁၀ မိနစ်ကြာ ပျံသန်းပြီး ပျက်ကျခဲ့တာပါ။ အခုပျံသန်းမှုတွေက အင်္ဂါဂြိုလ်ပေါ် လူသားတွေ စေလွှတ်မယ့် အီလွန်မတ်စ်ရဲ့ အိပ်မက်တွေလည်း ဖြစ်ပါတယ်။
အီလွန်မတ်စ်ကတော့ အခုပျက်ကျမှုကနေ ပြန်သုံးသပ်စရာ အချက်အလက်ကောင်းတွေ အများကြီးရခဲ့တယ်လို့ ပြောပြီး နောက်ထပ် ပျံသန်းမှု ၃ ခုကိုလည်း ၃-၄ ပတ် ၁ ခုနှုန်း လုပ်မယ်လို့ ဆိုပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

Bitcoin ဖန်တီးရှင် ဆာတိုရှီ နာကာမိုတို ဘယ်လောက်ချမ်းသာမလဲ

Bitcoin အကြောင်း ပြောကြရင်း Crypto ကမ္ဘာကြီးကို ဖန်တီးခဲ့သူ ဆာတိုရှိ နာကာမိုတိုအကြောင်း စကားရောက်သွားတာ ကြားဖူးကြမှာပါ။

နာမည်မရှိ ၊ လိပ်စာမရှိ ၊ ကိုယ်ရေးအချက်အလက်မရှိ။ ဘယ်သူ ၊ ဘယ်အဖွဲ့အစည်းကမှန်း မသိရဘဲ Crypto လောကကြီးကို သွက်သွက်ခါ လည်စေခဲ့တဲ့သူအကြောင်းပါ။ အခုထိ နာကာမိုတို ဘယ်သူပါလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

Bitcoin စနစ်အကြောင်း စပြီး သီအိုရီထုတ် ကွန်ရက်တွေ ဖန်တီးပြီး ဒီငွေကြေးစနစ်အဓွန့်ရှည်ဖို့ လမ်းစဉ်တွေ ချခဲ့တဲ့ သူ ဒါမှမဟုတ် သူတို့အဖွဲ့အကြောင်းလည်း မကြားရတာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး။ နာကာမိုတိုဟာ ကမ္ဘာပေါ်မှာ သက်ရှိထင်ရှား မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ နာကာမိုတိုသာ ရှိမယ်ဆိုရင် သူဟာ ကမ္ဘာပေါ်က ၁၁ ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်မယ်လို့ ပြောနေကြပါတယ်။ Bitcoin ပေါင်း ၁.၉၆ သန်း ပိုင်တဲ့ သူ့ဓနကို ကာလပေါက်ဈေးနဲ့ တွက်ကြည့်ရင် ဒေါ်လာဘီလျံ ၁၂၀ ကျော် ရှိနေလို့ပါ။

Cryptocurrency ဈေးကွက်ရဲ့ အချိန်နဲ့အမျှ ပြောင်းနေတဲ့ ဈေးတွေအကြားမှာပဲ Bitcoin ဟာ အတက်အကျ ကြမ်းလှပါတယ်။ လောလောဆယ်ကတော့ Bitcoin က 1BTC ဒေါ်လာ ၁၁၀၀၀၀ ဝန်းကျင်မှာ အတက်အကျ ဖြစ်နေပါတယ်။

image
6 ပတ် - ဘာသာပြန်ပါ။

Apple က အရင်လို Creative မဖြစ်တော့ဘူး
အရင်တုန်းက ဖန်တီးမှုအငွေ့အသက်တွေ Apple မှာ မတွေ့ရတော့ဘူးလို့ ပြောနေတဲ့သူတွေ ရှိကြပါတယ်။
ဒီလူတွေထဲမှာ Nothing CEO ဝေဖန်ချက်က အတော်ထိပါတယ်။ Nothing တည်ထောင်သူ ကားလ်ပိုင်နဲ့ Wired အင်တာဗျူးမှာပါ။
"ကျွန်တော် ငယ်ငယ်ကတည်းက Apple ကို အံ့ဩအားကျခဲ့ရတာပါ။ ပထမဆုံး iPod ၊ ပထမဆုံး iPhone ဒါတွေက ဒီလောကထဲ ကျွန်တော် ရောက်လာစေခဲ့တဲ့ အကြောင်းရင်းပဲ။ ဒါပေမယ့် အဲ့ဒီအတိတ်တုန်းက ဖန်တီးမှုအားကောင်းတဲ့ ကုမ္ပဏီတွေဟာ တအားကြီးသွားပြီး ကော်ပိုရိတ်ဆန်သွားကြတယ်။ သူတို့ အရမ်းကြီး ဖန်တီးမှုမကောင်းတော့ဘူး။ ငယ်ရွယ်တဲ့မျိုးဆက်အတွက် စိတ်လှုပ်ရှားအားကျစရာ မဖြစ်တော့ဘူး"
နောက်တစ်ချက် ကားလ်ပိုင် ပြောတာက Apple Intelligence အကြောင်းပါ။ Apple Intelligence က ကုမ္ပဏီအတွက် အလဲအကွဲတစ်ခုပဲလို့လည်း ပြောပါတယ်။
"ဒီနေ့ Apple က ကျွန်တော်ငယ်ငယ်ကနဲ့ တခြားစီပဲ။ မနှစ်က Apple Intelligence ဆိုပြီး အကြီးကြီးတွေ ပြောတယ်။ အခု တစ်နှစ်လောက်ကြာတော့ အီမိုဂျီထုတ်လုပ်နိုင်တာထက် ဘာမှမပိုပါဘူး။ စားသုံးသူတွေကို မယုံသင်္ကာဖြစ်စေတာပဲ ရှိတယ်။"
Apple ရဲ့ အနာဂါတ်အကြောင်း ပြောတဲ့အပိုင်းက စိတ်ဝင်စားစရာပါ။
"နောင်မှာ ဖုန်းတစ်ခုလုံး app တစ်ခုပဲ ရှိလိမ့်မယ်။ အဲ့ဒါကလည်း OS ပဲ ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ Operating System က အသုံးပြုသူကို ကောင်းကောင်းသိတယ်။ သိတဲ့အတိုင်း လူအတွက် အကောင်းဆုံးဖြစ်အောင် အကြံပြုလုပ်ဆောင်နိုင်မယ်"
နောက်ပိုင်းထွက် Apple ထုတ်ကုန်တွေ တီထွင်ဆန်းသစ်မှုမပါတော့ဘူးလို့ Nothing လို ကုမ္ပဏီငယ်တွေက ဝေဖန်တာ သိပ်တော့ မလွန်ပါဘူး။ ဒီတော့လည်း ၂၀၂၇ မှာ ထွက်မယ်ဆိုတဲ့ bezel မမြင်ရတဲ့ UD selfie ကင်မရာသုံး နှစ် ၂၀ ပြည့် iPhone အဆန်းဆိုတာကို စောင့်ကြည့်ရမှာပါ။

image
6 ပတ် - ဘာသာပြန်ပါ။

နောက်ဆုံးတော့ တဝက်ပြတ်နေတဲ့ မြန်မာစာလုံးတွေမကြည့်ရတော့ဘူး 🫠
.
Mac ကွန်ပျူတာကို သုံးနေတယ်၊ Facebook ကနေ စကားပြောတဲ့အချိန်မှာ Safari လို Website ကနေမဟုတ်ပဲ Messenger App သီးသန့်သုံးတယ်ဆိုရင် အရင်တုန်းက စိတ်ရှုပ်စရာတစ်ခုက မြန်မာစာလုံးတွေကို အပြည့်မမြင်ရတာပါ။
ဒါကလည်း ဘယ်လိုပဲ Zoom ၊ View Scaling ပြောင်းပြောင်း မရတာဆိုတော့ Messenger App ကနေ မြန်မာစာရိုက်ဖို့၊ စာဖတ်ဖို့ တော်တော်လေးခက်ခဲ့တာဆိုရင်လည်း မမှားဘူး။
တခြား Mac သုံးတဲ့သူတွေလည်း ကျွန်တော်တို့လို ဒီ ပြဿနာကြုံနေရတယ်၊ စိတ်ရှုပ်နေရတယ်ဆိုရင် အခုပဲ Messenger App ကို Update လုပ်လိုက်ပါ။ အခု Update Version မှာ Messenger App က မြန်မာစာလုံးတွေကို လုံးဝ မှန်မှန်ကန်ကန်ပြပေးနိုင်ပါပြီ။​
ဒီလို မြန်မာစာအမှန်ပြပေးနိုင်တဲ့အပြင် Messenger App Update အသစ်ဟာ ယခင်ထက် သိသိသာသာပို Smooth ဖြစ်လာတယ်၊​ Reaction ပေးတာကအစ iMessage ပုံစံ Animation တွေပါ အသစ်ပါလာပြီ။ သုံးရတာ တော်တော်စုတ်တဲ့ App ကနေ တော်တော်လေးကို အဆင်ပြေသွားတာပါ။
ဘာပဲဖြစ်ဖြစ် Mac သုံးပြီး Messenger App သုံးနေရင် Update လိုက်ပါ၊ မသုံးဖြစ်သေးဘူးဆိုရင်လည်း Facebook မှာ စာပို့ချင်တိုင်း Browser ဖွင့်စရာမလိုတော့ Messenger App က ထည့်ထားတာမမှားပါဘူး... 👀

6 ပတ် - ဘာသာပြန်ပါ။

OnePlus က Identity ပျောက်ပြီး အဖေပြန်ခေါ်နေရပြီ 🫥
.
Oneplus ကနေ မကြာခင်မှာ OnePlus 13s ဖုန်းအသစ်ကို မိတ်ဆက်တော့မှာဖြစ်ပြီး ဒီတစ်ခါမှာ OnePlus AI ဆိုပြီး AI ပိုင်းကို သေချာစပြီး မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။
အခုလို OnePlus AI Feature အသစ်တွေထဲမှာ အထူးခြားဆုံးကတော့ ယခင်တုန်းက အမြဲထည့်ပေးနေကြ Signature Feature ဖြစ်တဲ့ Alert Slider နေရာမှာ Plus Key ဆိုတဲ့ Button တစ်ခု အစားထိုး ထည့်သွင်းပေးသွားမှာပဲဖြစ်ပါတယ်။
အစောပိုင်းတုန်းက ဒီ Plus Key ဟာ Apple ရဲ့ Action Button ပုံစံဖြစ်လောက်မယ်ဆိုပြီး သတင်းထွက်နေပေမယ့် အခုကြတော့ Nothing ဖုန်းတွေမှာ နောက်ပိုင်းထည့်သွင်းလာတဲ့ Essential Key ပုံစံနဲ့ ပိုပြီး ဆင်တူမှာဖြစ်ပါတယ်။
ဒါကြောင့် Plus Key ကို နှိပ်လိုက်မယ်ဆိုရင် Screenshot အရင်ရိုက်မှာဖြစ်ပြီး Screen ပေါ်မှာရှိတဲ့ Content တွေကို ဖတ်ပြီး Calendar Schdule ထည့်သွင်းပေးသွားတာမျိုးတွေ၊ AI Search ကို Prompt တွေရိုက်ပြီး ထပ်ရှာဖွေဖို့အသုံးပြုတာတွေ၊ Content တွေကို Mind Space ဆိုတဲ့ နေရာတစ်ခုထဲမှာ သိမ်းဆည်းတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။​
ဒါက Nothing ဖုန်းတွေမှာ Essential Key ကို နှိပ်ပြီး Essential Space ထဲမှာ သိမ်းဆည်းတာနဲ့ အတူတူပဲလို့တောင် ပြောနိုင်ပြီး အနည်းငယ်လောက်ပဲ​ ကွဲပြားမယ့်ပုံစံပါပဲ။
တခြား OnePlus AI Feature တွေထဲမှာ အခုနောက်ပိုင်း တခြားဖုန်းတွေအတိုင်း AI VoiceScribe | AI Call Assistant | AI Translation | AI Search | AI Reframe | AI Best Face 2.0 လို Feature အသစ်တွေလည်း ထပ်ပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒါကိုမှ ထုံးစံအတိုင်း Google Gemini AI တွေ၊ Circle to Search လို Feature တွေလည်း အသုံးပြုနိုင်မှာပါ။
ဘာပဲဖြစ်ဖြစ် OnePlus ကနေ Carl Pei ထွက်သွားပြီး Nothing ဖုန်းတွေထုတ်နေတော့မှ OnePlus က Nothing ဆီက Feature ပြန်ကူးချတာကတော့ မမိုက်နေဘူး 🫠

image