2 ရက် - ဘာသာပြန်ပါ။

❛ ဘုရားသခင်ကိုစိန်ခေါ်သူ ❜
× × × × × ×
❛ လောကမှာ အသက်ရှင်ကျန်ရစ်ဖို့
အသန်မာဆုံး ဥာဏ်အကောင်းဆုံး
သက်ရှိမျိုးစိတ်ဖြစ်စရာမလိုဘူး
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ
ပြောင်းလဲနိုင်ဖို့သာလိုအပ်တယ်
• ချားလ်စ်ဒါဝင် •
_ _ _ _ _ _ _ _ _ _ _ _
ကျွန်တော်တို့ဟာ ပုံပြင်တွေကိုနှစ်သက်တယ်။ အထူးသဖြင့် နားလည်ရလွယ်ကူသော
ပုံပြင်တွေပေါ့။ အာဒံ ဧဝ ပုံပြင်မှာ
ဘုရားသခင် ဟာ လူအပါအဝင်
ဝေနေယျ သတ္တဝါ အလုံးစုံကို
ဖန်ဆင်းတော်မူတယ်။ ဗြဟ္မာကြီးပုံပြင်မှာ
ဗြဟ္မာကြီးတွေ စုတေရာမှ လူသားတွေ
ဖြစ်တည် လာတယ်လို့ ဆိုထားတယ်။
ထိုပုံပြင်တွေဟာ နားထောင်လို့
သိပ်ကောင်း တယ်။ ဘာကြောင့်ဆိုတော့
နားဝင်လွယ်တာကိုး။ နားထောင်သူအဖို့
ကာယ၊ ဉာဏ အထူးတလည် ကြိုးစား
စိုက်ထုတ်စရာ မလိုဘူး။ ထိုပုံပြင်တွေအပေါ်
ယုံကြည် သက်ဝင်နေဖို့သာ လိုအပ်တယ်။
ဆင့်ကဲဖြစ်စဉ်ဟာ
အထက်ပါ ပုံပြင်တွေနဲ့ မတူဘူး။
လူဟာ မျောက်မှ ဆင်းသက်လာတယ်
ပြောတိုင်း မျက်စိစုံမှိတ်
ယုံကြည်လိုက်တာမျိုး မဟုတ်ဘူး။
သိပ္ပံနည်းကျလေ့လာ
ဆန်းစစ်တယ်။ လက်တွေ့ စမ်းသပ်ချက်တွေ
ပြုလုပ်တယ်။ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊
မျိုးရိုးဗီဇတွေထဲ အဖြေရှာတယ်။
ဒါကြောင့် ဆင့်ကဲဖြစ်စဉ်ဟာ
အချက်အလက်ပေါ် အခြေခံသော
သိပ္ပံနည်းကျ သီအိုရီတစ်ခု ဖြစ်တယ်။
_ _ _ _ _ _ _ _ _ _
❛ ဘုရားသခင်ကိုစိန်ခေါ်သူ ❜
▫️ခန့်စိုးနိုင်▫️

image