Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပုစွန်ငရုတ်သီးအစပ်ချက်
************************
ပုစွန် ၃၀ ကျပ်သား အတွက်
ဆီ ၅ ကျပ်သား
ကြက်သွန်နီအနေတော် ၄လုံး
ကြက်သွန်ဖြူ ၁၀ မွှာ
ငရုတ်သီးစိမ်းအစပ် ကြိုက်သလောက်
ချယ်ရီခရမ်းချဥ်သီး ၁၀ လုံး
စိမ်းစားငါးပိအရည်ဖျော်ထမင်းစားဇွန်း ၃ဇွန်း
ရေနွေး ၁ဖန်ခွက် တို့လိုအပ်ပါတယ်ရှင်
သ
ဆီအိုးတည်ပြီး ဆီပူလာရင်ကြက်သွန်ဖြူနီ ထောင်းထားတာထည့်ပါ နနွင်းအနည်းငယ် ထည့်ပါ
ပုစွန်အခွံတဝက်ခွာထားတာထည့်ပါ
ခရမ်းချဉ်သီးခြမ်းထားတာထည့်ပါ
ပြီးရင် ငရုတ်သီးစိမ်း မညက်တညက်ထောင်းထားတာထည့်ပါ
ရေနွေးတဖန်ခွက် ထည့်ပီး အပေါ့အငန်စိတ်ကြိုက်ထည့်ပါ
၂မိနစ်လောက်နေရင်တော့ ပုစွန်ငရုတ်သီးအစပ်ချက်
ပူစပ်ပူစပ်လေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၂၀ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၄၀၉၇၆ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၄၀ ကျပ်
ဝယ်ဈေး - ၄၄၄၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၈၁၅ ကျပ်
ဝယ်ဈေး - ၄၆၉၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၀ ကျပ်
ဝယ်ဈေး - ၉၉၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၆ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၁ ကျပ်
ဝယ်ဈေး - ၂၈.၄၆ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၉၅ ကျပ်
ဝယ်ဈေး - ၅၂.၅၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၆ ကျပ်
ဝယ်ဈေး - ၃.၁၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၆၀ ကျပ်
ဝယ်ဈေး - ၅၆၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၆၅ ကျပ်
ဝယ်ဈေး - ၂၈၉၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၅၀ ကျပ်
ဝယ်ဈေး - ၃၁၇၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၃ ကျပ်
ဝယ်ဈေး - ၅၆၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၀ ကျပ်
ဝယ်ဈေး - ၁၂၀၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မြေငလျင်သတင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၈)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
#သတင်းဟင်းလေးအိုးကြီး
ရန်ကုန်တွင် ငလျင်လှုပ်
နိုဝင်ဘာ ၂၀
ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ခွဲမှ ၆ နာရီအတွင်း ငလျင်လှုပ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မြို့နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်နေတဲ့ ကွန်ဒိုကြီးတောင် ခါယမ်းသွားသလို ခံစားလိုက်ရတယ်" ဟု ငလျင်ဒဏ်ကို ကိုယ်တွေ့ကြုံလိုက်ရသူတစ်ဦးက ပြောသည်။
မိုးလေးဝသနှင့် ဇလဗေဒဦးစီးဌာနက အဆိုပါငလျင်နဲ့ပတ်သက်၍ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၈)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည် ဟု ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw
ထိုင်းရဲစစ်ဆေးတာကို မောင်းပြေးလို့ ယာဉ်တိမ်းမှောက်ပြီး မြန်မာ ၇ ဦးသေဆုံး
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ဘန်လန်မြို့နယ်မှာ မနေ့နှောင်းပိုင်း ရဲတပ်ဖွဲ့ကစစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးခဲ့တဲ့ကားတစင်း လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိရာက ကားပေါ်မှာပါလာတဲ့ မြန်မာ ၇ ဦး သေဆုံးသွားပါတယ်။
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတွေ မကြာခဏ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန့်လန်မြို့နယ်ထဲက ထိုင်းစစ်ဆေးရေးဂိတ်တခုမှာ မြန်မာအလုပ်သမား ၇ ဦးကိုတင်လာတဲ့ ပစ်ကပ်ကားက စစ်ဆေးတာမခံဘဲ မောင်းပြေးရာကနေ ဓါတ်တိုင်ကို ဝင်တိုက်မိပြီး မြန်မာအားလုံး သေဆုံးခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။
"နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ထိုင်းနိုင်ငံ၊အလယ်ပိုင်း နခွန်ပထုံခရိုင်၊ ဘန့်လန် မြို့နယ်ထဲမှာ ISUZU ဗင်ကားတစီးကို လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးစစ်ဆေးတာ အစစ်အဆေး မခံဘဲမောင်းပြေးတာ။ မောင်းပြေးတော့ လမ်းဘေးဓါတ်တိုင်နဲ့ဝင်တိုက်ပြီး ဆုံးသွားတာ။ အဲဒီမှာ ၇ ယောက်သေဆုံးတယ်။ အခုချိန်ထိတော့ သူတို့နဲ့ပတ်သက်တဲ့ မိသားစုတွေကတော့ ဆက်သွယ် လာတာတွေ မရှိသေးဘူး၊ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံပို့ဆောင်ပေးတာရှိတယ်။ ထိုင်းနိုင်ငံထဲကိုတရားမဝင်ခိုးဝင်လာတာဖြစ်လို့ နစ်နာကြေး လျော်ကြေး ရဖို့တော့မရှိဘူး။"
သေဆုံးသူတွေနဲ့အတူ အိုးခွက်ပန်ကန်တွေ၊ အဝတ်အစားတွေပါလာတဲ့အတွက် သေဆုံးသူ မြန်မာတွေက တနေရာကနေတနေရာကို ရွှေ့ပြောင်းဖို့လာကြသူတွေလို့ယူဆဖွယ်ရှိနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေမကြာခနကြုံနေရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကလည်းပြောပါတယ်။
"တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာသူမှန်သမျှ မကြာခဏကြုံနေရတာပါ။ ဒီယာဉ်တိုက်မှု ဖြစ်တယ်။ ကားထဲမှာအလုံပိတ်ပြီး အသက်ရှူကြပ်ပြီးသေတယ်၊ ကားအလုံပိတ်တွေနဲ့သေတယ်။ ကားသမား ကယ်ရီသမားက တောလမ်းမှာပဲအလောင်းတွေထားခဲ့တယ်။ ထိုင်းရဲတွေကတားတော့ ဟိုင်းဝေးလမ်းမှာမောင်းပြေးတယ်။ အဲဒီတော့ ကားမှောက်ပြီးသေကြတယ်။ အဲဒါမျိုး မကြာခဏ ဖြစ်နေတာပေါ့။"
၂၀၂၄ ခုနှစ်ဆန်းကစပြီး အခုလိုဖြစ်ရပ်မျိုးနဲ့သေဆုံးသူ ၃၀ နီးပါးထိရှိပြီလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
"၂၀၂၄ ခုနှစ်ထဲမှာ ဒီလိုဖြစ်စဉ်နဲ့ဆိုရင် သေဆုံးတာ မြန်မာ ၃၀ ဝန်းကျင်ရှိပြီ။ ထိခိုက်ဒဏ်ရာရတာက ၉၀ ဝန်းကျင်လောက်ရှိတယ်။"
သေဆုံးသူတွေထဲမှာ မြန်မာပြည်ကနေ နိုင်ငံရေးလှုပ်ရှားမူတွေနဲ့ CDM လုပ်လာသူတွေပါတယ်လို့ သိရပေမယ့် သူတို့ဟာဘယ်သူတွေဖြစ်တယ်ဆိုတဲ့ တိကျတဲ့ သတင်းအချက်အလက်တွေတော့ မရသေးပါဘူး။
တာ့ခရိုင် Mae Ramat မြို့နယ်၊ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးလိုက်ပါလာတဲ့ ကားချောက်ထဲကျတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ- ထိုင်းနယ်ခြားစောင့်တပ်)
Credit - Voice of American
#သတင်းဟင်းလေးအိုးကြီး
နှစ်လယ် မြန်မာ့ကျောက်မျက် ပြပွဲမှာ ပုလဲအတွဲ (၁၀၈) တွဲ ရောင်းချထားရဟုဆို
နိုဝင်ဘာ ၂၀
နေပြည်တော်က မဏိရတနာ ကျောက်စိမ်းခန်းမှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲမှာ ပုလဲအတွဲ (၁၀၈) တွဲ ရောင်းချထားရတယ်လို့ ပြပွဲ ကျင်းပရေးကော်မတီက ပြောပါတယ်။
အဲ့ဒီ ပုလဲအတွဲတွေ ရောင်းချရမှုဟာ အတွဲအမှတ် (၁) ကနေ အတွဲအမှတ် (၁၄၀) အထိ ပုလဲတွဲထဲက ရောင်းချ ထားရတာလို့ ဆိုပါတယ်။
ပြပွဲမှာ ပုလဲအတွဲပေါင်း (၂၈၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နဲ့ အုပ်စု (A,B,C) သုံးအုပ်စုခွဲခြားထားတဲ့ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
ပြပွဲကို နိုဝင်ဘာ (၁၈) ရက်ကနေ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
#centralnewsnayptitaw
သိပ်တော်နေတယ်ဆိုရင်
ဘာလို့ဆင်းရဲနေသေးတာလဲ
ဒီမေးခွန်းကို ကျနော့်ကို
စာသင်ပေးတဲ့ ဆရာ/ ဆရာမ အချို့ကို
မေးကြည့်ခဲ့ဖူးတယ်
အဖြေတွေထဲက ကျနော်အကြိုက်ဆုံး
တစ်ခုကတော့ တော်ပေမယ့်
စွန့်စားဖို့အတွက် သတ္တိနဲနေခဲ့လို့ပါတဲ့ဗျ
စာတွေအများကြီး
တော်တယ်တတ်တယ်
သိတယ်ဆိုပေမယ့်
တကယ့်လက်တွေ့ဘဝမှာတော့
လုပ်ရဲတဲ့လူ ( risk ယူရဲတဲ့သူက )
အမြတ်အစွန်းပိုရလေ့ရှိတယ်
ငါ့အဲ့ idea ကို အရင်ရတာ
ဘယ်ကမှန်းမသိတဲ့လူက
ငါ့ idea ကြီးကို ထလုပ်သွားတယ်
ဒီလိုပြောစကားကို ကြားဖူးလား
ကိုယ်တိုင်ရောဖြစ်ဖူးလားဗျ ?
အဲ့ဒါသိမ်ငယ်စိတ်ရဲ့
ကြီးမားတဲ့အော်သံပဲဗျ
ငါမလုပ်လိုက်ရလေချင်းပေါ့
ဒီတော့ ကိုယ့်လောက်မတတ်ပဲ
အောင်မြင်နေတဲ့သူတွေ့ရင်
စိတ်ကနေထားတတ်ရမှာက
သူငါ့ထက်သတ္တိရှိလို့လို့တွေးပါ
ဒီလိုမဖြစ်ချင်ရင်တော့
သိထားတတ်ထားတာတွေကို
အသုံးချပြီးတော့ သတ္တိနဲ့
ရင်ဆိုင်လိုက်ပါမိတ်ဆွေ
စေတနာများစွာဖြင့်
thelapyae