ရန်ကုန်တွင် ငလျင်လှုပ်

နိုဝင်ဘာ ၂၀

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ခွဲမှ ၆ နာရီအတွင်း ငလျင်လှုပ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်မြို့နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်နေတဲ့ ကွန်ဒိုကြီးတောင် ခါယမ်းသွားသလို ခံစားလိုက်ရတယ်" ဟု ငလျင်ဒဏ်ကို ကိုယ်တွေ့ကြုံလိုက်ရသူတစ်ဦးက ပြောသည်။

မိုးလေးဝသနှင့် ဇလဗေဒဦးစီးဌာနက အဆိုပါငလျင်နဲ့ပတ်သက်၍ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၈)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၄၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည် ဟု ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image