Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စိုးပိုင်သီချင်းလိုပဲ ပူပါတယ်ဆိုမှ.....မိုးကမရွာ
အနောက်တောင်မုတ်သုန်လေသည် မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတမ်းဒေသတွေကို ပုံမှန်ထက်နောက်ကျကာ ဇွန်လ ၁ရက်နေ့မှ ၁၀ရက်နေ့အတွင်းမှာသာ ရောက်ရှိလာဖွယ်ရာရှိပါတယ်
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးသည် ၎င်းရက်ထက်နောက်ကျနိုင်ပါသေးတယ်
ISSUED TIME
24/04/2024 1:30am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚
#လိုသုံး
"ဒီလူက ငါ့ကို ( လိုသုံး )လုပ်နေပါလား"လို့
သိလိုက်တဲ့အခါ
ဆက်ဆံရေးကို ရပ်မပစ်လိုက်ပါနဲ့..
ပေါင်းသင်းမြဲသာ ပေါင်းပါ..
ခေါ်မြဲတိုင်းသာ ဆက်ခေါ်ပါ...
သူလိုတိုင်း လာလာအသုံးချနေတာကို
စိတ်လည်းမဆိုးပါနဲ့
ဝမ်းလည်းမနည်းပါနဲ့
တကယ်တော့ သေချာတွေးကြည့်ရင်
(လိုသုံး)လာလာလုပ်တဲ့သူတွေဟာ
သူလိုအပ်မှသာ ကိုယ့်ဆီလာကြတာပါ
သူအဆင်ပြေနေတယ်
သူအကူအညီ မလိုသေးဘူးဆို
ကိုယ့်ဆီ လာဖော်မရ သတင်းမေးဖော်မရ
ဖုန်းဆက်ဖော်မရဘဲ
သူ့လူတွေနဲ့သာသူ ပျော်နေတတ်တဲ့
လူစားမျိုးတွေပါ
သူလိုအပ်လာပြီဆိုရင်
သူ့ဘက်က စတင်ဆက်သွယ်တယ်
အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးကို
ပုံပြန်ဖော်တယ်
"အားကိုးစရာ နင်ပဲရှိတယ်"
"တိုင်ပင်စရာ မင်းပဲရှိတယ်"ဆိုပြီး
အေးစက်နေတဲ့ဆက်ဆံရေးကို
အတင်းအဓမ္မ ပြန်နွှေးကြတယ်
ပြီးတာနဲ့ လိုအပ်တဲ့ အကူအညီကို
အားမနာစတမ်း တောင်းကြတော့တာပဲ
သူ့ရဲ့အပူတွေကို အလိုက်ကန်းဆိုးမသိ
အတင်းပေးတော့တာပဲ
သူများဘာဖြစ်နေလဲ မသိ
အတင်း အပူကပ်တော့တာပဲ
ဒါက "လိုသုံး"တွေရဲ့ character...
တကယ်တော့ လူတွေက နပ်တယ်
"ဒီကောင် အကြောင်းမရှိဘဲ မလာဘူး"
"သူလာပြောနေတာ ကိစ္စတစ်ခုခုရှိရမယ်"
လို့တန်းခနဲသိတာ
"ဘာအကူအညီတောင်းမလဲမသိဘူး"လို့တွေးရင်း
သတိနဲ့ဆက်ဆံနေကြတော့တာ...
(လိုသုံး)တွေက ဒါကိုမသိဘူး
သူပြောရင် ရတယ်
သူတောင်းရင် ရတယ်လို့ ထင်နေရင်း
တဖက်လူကို အရင်လိုပဲ အရမ်းခင်မင်ပြရင်း ဆက်လက်အသုံးချပြန်တယ်
သူ(လိုသုံး)လုပ်နေတာကို
ဘယ်သူမှ မသိဘူး ထင်နေပေမယ့်
လူတွေအားလုံးက သိနေတာကို သူက
မသိရှာဘူး
လိုတာရှိရင် လာတယ်
မလိုသေးဘူးဆို သူ့လူနဲ့သူ နေတယ်
သူ့ဟာသူ လုပ်စရာရှိတာ လုပ်နေတယ်
လိုတာရှိရင် ကိုယ့်ကို အသုံးချတယ်
မလိုသေးဘူးဆို ရှိမှန်းတောင် မသိရဘူး
အဲ့လို....
ကျွန်တော်ကတော့
(လိုသုံး) တွေ တွေ့ရင်
ဘယ်တော့မှ အမုန်းမခံဘူး
တတ်နိုင်ရင် ကူညီပေးလိုက်တယ်
မတတ်နိုင်ရင်လည်း မတတ်နိုင်ဘူး
ပြောလိုက်တယ်
သူက ကိုယ့်အတွက် လူရင်းမဟုတ်ဘူးလို့
သိထားတော့
ဘယ်လောက်ခင်တယ် ပြောပြော
ပြုံးပဲ ကြည့်နေလိုက်တယ်😃
တစ်ခုပဲ
လိုတာထက် ပိုပြီး မရောတော့ဘူး
လိုတုန်းလာပြီး ပြီးရင်ပျောက်သွားမယ်ဆိုတာသိနေလို့ပဲ
ကိုယ်ကို လိုအပ်လို့ လာအသုံးချနေတဲ့သူတွေ
သူတို့အဆင်ပြေနေရင် ကျေနပ်တယ်
လိုသုံးလာလုပ်နေတယ်ဆိုတာ သိတယ်
ကြားတယ် မြင်တယ်
ကန်းချင်ယောင်ဆောင်နေတာပါ