33 w - Translate

Hair Color Design

image
33 w - Translate

Hair Color Design

image
33 w - Translate

Hair Color Design

image
33 w - Translate

Hair Color Design

imageimage
+4

မန်စီးတီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဂွာဒီယိုလာ သဘောတူညီ

နိုဝင်ဘာ ၂၀

စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ The Athletic က ဖော်ပြခဲ့တဲ့ ဒီသတင်းကို မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် သတင်းရင်း မြစ် အများအပြားက ဂွာဒီယိုလာဟာ အသင်းမှာဆက်ရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရွေးချယ်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

၂၀၁၆ ခုနှစ်က မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တဲ့ ဂွာဒီယိုလာဟာ အသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၈ ခုအထိ ရယူပေးထားတာပါ။ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းစာချုပ်ဟာ ဒီရာသီ ကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ ချုပ်ဆိုမယ့် စာချုပ်သစ်ထဲမှာ ဒုတိယနှစ်အတွက် ရွေးချယ်ခွင့်ရှိမယ့် အချက် ပါဝင်တယ်လို့လည်း သတင်းမှာ ဖော်ပြထားတာပါ။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိဂ် ကလပ်အသင်းဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် တိုက်ရယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်အောင်လည်း ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီမှာ အဓိက ကစားသမားတွေရဲ့ ဒဏ်ရာတွေကြောင့် ရလဒ်တွေဆိုးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲစလုံး အရေးနိမ့်ခဲ့တာပါ။

ဂွာဒီယိုလာရဲ့ နည်းပြဘဝမှာလည်း ပထမဆုံးအကြိမ် ၄ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာကတော့ ရာသီပြီးဆုံးဖို့ လိုသေးတာကြောင့် ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောထားပါတယ်။

မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

မန်စီးတီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

ပုံ - ဂွာဒီယိုလာကို တွေ့ရစဉ်

#centralnewsnaypyitaw

image
33 w - Translate

🖤

image
33 w - Translate

လူငယ်တွေဟာ အချစ်တစ်ခုတည်းအတွက်
ပြိုလဲ နေကြတာချည်း မဟုတ်ပါဘူး။
အများစုဟာ မိသားစုကြောင့်ဖြစ်ပြီး
အချို့ကတော့ ‘ပတ်ဝန်းကျင်နဲ့ ငွေကြောင့်’
ဖြစ်ပါလိမ့်မယ် ။

💭 | | 18.11.2024

image
33 w - Translate

ခင်ဗျားက
သိပ်ဖမ်းဆုပ်ဖိုခက်တဲ့
တိပ်ဆိုင်လှလှလေးပါလား။
ငိုရလောက်တဲ့ထိ
ခင်ဗျားကိုသဘောကျတယ်။
ဆုံးရှူံးရရင်များလို့ တွေးမိရင်
ကျွန်တော့်မှာ ရူးမတတ်။
ခင်ဗျားကိုတော့
ကျွန်တော်တစ်ယောက်ထဲပဲ
"ပိုင်ဆိုင်ချင်တယ်".....။
💭 || 19.11.2024
#crd #စာတို

image

အရက်သမားဋီကာ (၉)

image
image
image
image
image

နျူကလီးယားလက်နက်နဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်တဲ့ နျူကလီးယားမူဝါဒတစ်ခုကို ပူတင်လက်မှတ်ရေးထိုး

နိုဝင်ဘာ ၂၀

နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံက ထောက်ပံ့ထားတဲ့ ဘယ်နိုင်ငံကမဆို ရုရှားမြေကို တိုက်ခိုက်လာခဲ့ ရင် အဲဒီတိုက်ခိုက်မှုကို ရုရှားနိုင်ငံကို ပူးတွဲတိုက်ခိုက်မှုအဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း ဖော်ပြထားတဲ့ ပြန် လည်ပြင်ဆင်ထားတဲ့ နျူကလီးယားမူဝါဒတစ်ခုကို ရုရှားသမ္မတဗလာဒီမာပူတင်က နိုဝင်ဘာ ၁၉ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စတင်ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ ရက် ၁၀၀၀ ပြည့်တဲ့ အချိန်မှာ အခုလို နျူကလီးယားမူဝါဒအသစ်တစ်ခုကို ပူတင်က လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ ယူကရိန်းကို တာဝေးပစ်လက်နက်တွေ သုံးစွဲခွင့်ပြုလိုက်ပြီးနောက် ပူတင်ကလည်း အခုလို နျူကလီးယားမူဝါဒသစ်ကို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံကို ဝေဟင် (လေကြောင်း/ဒုံးကျည်) ကနေ တိုက်ခိုက်လာခဲ့ရင် ရုရှားနိုင်ငံက နျူကလီးယားလက်နက် တွေကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေကြောင်း အဲဒီမူဝါဒသစ်ထဲမှာ ဖော်ပြထားပါတယ်။

ဘိုင်ဒန်က ဆုံးဖြတ်ချက်ချပြီးနောက်မှာ အခုနျူကလီးယားမူဝါဒသစ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြင်ဆင်လိုက်တာ လာလို့ မေးမြန်းတဲ့အခါ “ကြေညာချက်ကို အချိန်ကိုက်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း၊ နျူကလီးယားမူဝါဒကို လက် ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ဖို့ အခုနှစ်အစောပိုင်းက သမ္မတပူတင်က အစိုးရအဖွဲ့ကို ညွှန် ကြားထားခဲ့ကြောင်း” ကရင်မလင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။

စက်တင်ဘာလအတွင်းက အဆိုပြုထားတဲ့ ပြင်ဆင်ချက်တွေအကြောင်း ဆွေးနွေးတဲ့အချိန်မှာ ပူတင်က ပြောင်း လဲမှုတွေအကြောင်းကို ပထမဦးဆုံးအကြိမ် ကြေညာခဲ့ပါတယ်။

ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ တိုက်ခိုက်ဖို့အတွက် အနောက်နိုင်ငံထုတ် လက်နက်တွေကို ယူကရိန်းကိုအသုံး ပြုခွင့်ပေးခဲ့မယ်ဆိုရင် နေတိုးအဖွဲ့ဟာ စစ်ပွဲထဲဝင်ရောက်လာတာဖြစ်တယ်လို့ မှတ်ယူမှာဖြစ်ကြောင်း သမ္မတ ပူတင်က အမေရိကန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အရင်ကတည်းက သတိပေးခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်ပြင်ဆင်လိုက်တဲ့မူဝါဒမှာတော့ နျူကလီးယားအင်အားကြီးနိုင်ငံရဲ့ အထောက်အပံ့ကိုရယူထားတဲ့ နျူကလီးယားမပိုင်တဲ့နိုင်ငံတစ်နိုင်ငံက ရုရှားကို တိုက်ခိုက်လာရင် “ပူးပေါင်းတိုက်ခိုက်မှု” လို့ မှတ်ယူမှာဖြစ် ကြောင်း ဖော်ပြထားပါတယ်။

အဲဒီလို ပူးပေါင်းတိုက်ခိုက်လာခဲ့ရင် ရုရှားနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်အသုံးပြုပြီး ပြန်လည်တုံ့ပြန်တိုက် ခိုက်သွားနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပြိုင်တည်းမှာပဲ နျူကလီးယားပေါက်ကွဲမှုကနေ ထွက်ပေါ်လာတဲ့ နျူကလီးယားလှိုင်းတွေနဲ့ ရေဒီယိုသတ္တိကြွ ခြိမ်းခြောက်မှုဒဏ်တွေကို ကာကွယ်နိုင်တဲ့ ရွှေ့ပြောင်းဗုံးခိုကျင်းတွေကိုလည်း ရုရှားနိုင်ငံက စတင်တည် ဆောက်နေကြောင်း ရိုက်တာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

"KUB-M" ဗုံးခိုကျင်းတွေဟာ သဘာဝဘေးအန္တရာယ်နဲ့ လူလုပ်ဘေးအန္တရာယ်တွေကနေ ၄၈ နာရီကြာအကာ အကွယ်ပေးနိုင်ကြောင်း အရေးပေါ်ဝန်ကြီးဌာနရဲ့ သုတေသနအင်စတီကျုက ပြောပါတယ်။

Ref: Putin Signs New Doctrine Lowering Nuclear Weapons Threshold in Warning to U.S.

#centralnewsnaypyitaw

image