Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
❝ ကွင်ဗင်ထရီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှပဲအနိုင်ရခဲ့တာကို ကျနော်ကတော့ ရှက်စရာလို့ မထင်ပါဘူး၊ ကျနော်တို့ရဲ့အမှားတွေကို မြင်ပါတယ်၊ အမှားဆိုတာ ရှောင်လွှဲလို့မှ မရတာ။ ဒါပေမဲ့ မှားတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။
ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။
2 နှစ်အတွင်းမှာပဲ ကျနော်တို့ ဖိုင်နယ်ကို 2 ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တယ်။ ကျနော်တို့မှာလည်း အခက်အခဲတွေ အများကြီး ရှိခဲ့တယ်လေ။
ဒီနေ့ 3 ဂိုးစီနဲ့ သရေကျခဲ့တာကလည်း ဒိုင်လူကြီးရဲ့တည်ငြိမ်မှု မရှိတာတွေကြောင့်လည်း ပါပါတယ်။
ကျနော်တို့ ပယ်နယ်တီတစ်လုံးလောက်တော့ ရခဲ့သင့်တာပါ။ ချယ်လ်ဆီးနဲ့ ပွဲတုန်းကဆို အငြ-င်းပွားဖွယ်ပယ်နယ်တီနှစ်လုံးကို ပေးလိုက်ရတယ်လေ၊ လီဗာပူးလ်နဲ့တုန်းကလည်း အတူတူပဲ။
ဒါပေမဲ့ FA ဖလားဗိုလ်လုပွဲကို 2 နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တယ်ဆိုတာ မယုံကြည်နိုင်စရာပါပဲ။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ရွှေထီးဆောင်းခဲ့တဲ့ အချိန်တုန်းကတော-င် 10 နှစ်အတွင်းမှာ 3 ကြိမ်ပဲ တက်ရောက်နိုင်ခဲ့တာပါ၊ ကျနော်တို့ကတော့ 2 နှစ်မှာ 2 နှစ်လုံးကို တက်ရောက်နိုင်ခဲ့ပါတယ်။ ❞
~အဲရစ် တန်ဟက် (ယူနိုက်တက်နည်းပြ)
Source- ( Sky Sports 🏅)
Credit to footballcorner
SONG FA Bah Kut Teh
စင်္ကာပူက နာမည်ကြီး SONG FA Bah Kut Teh
အီကြာကွေးနဲ့ တွဲစားကြတယ်။ ထမင်းနဲ့ တွဲစားသူလည်းရှိတယ်။
ထိုင်ဝမ်မုန်ညှင်းကိုပေါင်းပြီး အပေါ်က ကြက်သွန်နီကြော်လေးဖြူးထားတာလည်းစားကောင်းတယ်။
မရောက်တော့တာ ဆယ်စုနှစ်တခုမကတော့ပေမယ့် Video လေးမြင်တော့လည်း အရသာကို ပြန်သတိရမိတယ်။
Video credit
ကားဈေးတက်မှ လူလည်ကျတဲ့ ကားအရောင်းပြခန်းကို ကောင်းကောင်းပညာပေးခဲ့သူ
သူ စရံချထားပြီးသား ကားကို ရောင်းမပေးရင် ကားအရောင်းပြခန်းထဲကနေ ထွက်မသွားဘူးလို့ ဆန္ဒပြခဲ့တဲ့ အာဂျင်တီးနားအမျိုးသားတစ်ယောက်ရဲ့ သတင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မြင်းမွေးမြူရေးသမား အူဆန်ဒီဗာရက်စ်ဟာ မနှစ်တုန်းက ထရပ်ကားသစ်တစ်စီးဝယ်ဖို့ ဗျူနိုအေရိစ်မြို့မှ ကားအရောင်းပြခန်းကို ရောက်လာခဲ့ပါတယ်။ သူ ကြိုက်တဲ့ကားကို တွေ့တော့ သူ့ကားအဟောင်းကို ရောင်းပြီး စရံ ချခဲ့တာပါ။
၃ လအတွင်း အပြီးသတ်ငွေချေဖို့ ဆက်သွယ်လိုက်မယ်လို့ ကားအရောင်းပြခန်းက ပြောခဲ့ပေမဲ့ အူဆန်ဒီဗာရက်စ်ထံ လုံးဝမဆက်သွယ်ခဲ့ပါဘူး။ ဧပြီလအစောပိုင်းမှာတော့ အူဆန်ဒီမာရက်စ်က သူ့မိသားစုကို ခေါ်ပြီး သူအရမ်းလိုချင်နေတဲ့ ထရပ်ကားသစ်ကို အပြီးသတ် ငွေချေဖို့ ပီဆိုငွေ ၁၃ သန်းယူကာ ဗျူနိုအေရိစ်မြို့ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကားဈေး တက်သွားတယ်ဆိုပြီး ကားအရောင်းပြခန်းက သူ့ကို ကားမရောင်းတော့ဘူးလို့ ငြင်းဆန်ခဲ့တာပါ။
'' ဒီလူတွေက ကျွန်တော့်ကို တောသားလို ဆက်ဆံတာဗျာ။ သူတို့ပဲ အကုန်သိ၊ အကုန်တတ်၊ အကုန်နားလည်တယ်၊ ကျွန်တော်က ဘာတစ်ခုမှ မသိသလိုပုံစံမျိုးပေါ့။ သူတို့က ဖုန်းနံပါတ် တစ်ခုပြီး တစ်ခု ပြောင်းပေးရင်း ဘောလီဘောပုတ်နေတာဗျ။ တကယ်တော့ သူတို့က ကိုယ်ပိုင်ငွေရင်းပြီး ကားကို ဝယ်ထားတာ မဟုတ်ဘူး။ ကျွန်တော် စရံချတော့မှ ကားကို လိုက်ရှာတာ။ သူတို့မှာ ကားမှ မရှိဘဲ ကားအရောင်းပြခန်း ဖွင့်ထားတာ။ စရံ မဆုံးချင်ရင် သူတို့ အတင်းထိုးရောင်းတဲ့ကားကို ယူဆိုတဲ့ပုံစံမျိုးပေါ့ဗျာ''လို့ အူဆန်ဒီဗာရက်စ်က ပြောပါတယ်။
ကားအရောင်းပြခန်းရဲ့ လုပ်ရပ်ကို မကျေနပ်တဲ့ အူဆန်ဒီဗာရက်စ်က သူ စရံချထားတဲ့ ကားကို ရအောင် လုပ်ပေးရင် ပေး၊ မပေးရင် သူ့စရံငွေ ပြန်ပေးဖို့ တောင်းဆိုခဲ့ပြီး မပေးမချင်း ကားအရောင်းပြခန်းထဲကနေ လုံးဝထွက်မသွားဘူးလို့ ဆန္ဒပြခဲ့တာပါ။ နောက်ဆုံးမှာ ရဲတွေပါ ရောက်လာပြီး ဒီအကြောင်းက ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပါတယ်။ သတင်းစာတွေမှာလည်း သူ့အကြောင်းကို အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ်။
အဲဒီနောက်မှာ ကားအရောင်းပြခန်းက သူ့ကို စရံငွေ ပြန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်တုန်းက သူ စရံချထားချိန် ငွေတန်ဖိုးဟာ အခုချိန်မှာ ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးနည်းသွားပြီဖြစ်လို့ အူဆန်ဒီဗာရက်က မကျေနပ်ဘဲ တရားရုံးမှာ တိုင်ကြားဖို့ စီစဉ်နေပါတယ်။ အူဆန်ဒီဗာရက်အကြောင်း သတင်းပျံ့နှံ့သွားချိန်မှာ ကားအရောင်းပြခန်းတွေရဲ့လုပ်ရပ်အပေါ် မကျေနပ်ကြတဲ့ တခြားလူတွေကလည်း သူ့ကို ဆက်သွယ်ပြီး သူ့ရဲ့ဆန္ဒပြမှုကို ထောက်ခံတယ်လို့ အားပေးခဲ့ကြပါတယ်။
Ref:Man Barricades Himself Inside Car Dealership That Failed to Deliver Promised Truck