Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Part-4
သူငယ်ချင်း မောင်သာနိုး
မြန်မာပြည်မှာ စစ်အစိုးရက နောက်တစ်လှမ်းဆုတ်ပြီးနောက် အရပ်သား အစိုးရဖြစ်လာတော့ ကျွန်တော်တို့ ပြည်ပရောက်စာရေးဆရာတွေ ပြည်တော်ပြန်ခွင့် ရလာပါတယ်။ တင်မိုးကတော့ အရိုးပြာအိုးပဲ ပြန်သွားနိုင်ခဲ့ရှာပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်၊ မန္တလေးသာမက မွေးဇာတိရွာကိုပါ အရောက်သွားခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံပွဲတွေလည်း လုပ်ခဲ့ရပါတယ်။ သူငယ်ချင်းကြီး ကိုသာနှိုး ကတော့ ကိုယ်တစ်ခြမ်း လေဖြန်းလို့တဲ့။ လမ်းမလျှောက်နိုင်ရှာတော့ပါဘူး။ သူနဲ့ တင်မိုးက ကျွန်တော်တို့ထက် အသက်သုံးလေးနှစ်ကြီးပါတယ်။ သူ့ဆီကိုသွားပြီး နှုတ်ဆက်တော့ ထူးခြားချက်နှစ်ချက် ကြုံခဲ့ရပါတယ်။ (၁) အချက်က သူ့ကို သူများက ပခုံးဖက်တာမကြိုက်ဘူး။ သူက မီးပူတိုက်ထားတဲ့ အင်္ကျီကို အမြဲ ဝတ်လေ့ရှိလို့လားမသိဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ဓာတ်ပုံရိုက်တော့ သူငယ်ချင်း နှစ်ယောက် လည်ပင်းဖက်ပြီး တွဲရိုက်ခဲ့ရပါတယ်။ (၂) အချက်ကတော့ ကျွန်တော်က သူဟာ ကိုယ့်ထက်ကြီးသူမို့ ဦးချကန်တော့ခဲ့ပါတယ်။ သူက ခပ်တည်တည် ဆုတွေ ပေးနေလို့ ကျွန်တော့်မှာ ငြိမ်ဝပ်နေခဲ့ရပါတယ်။ ကျွန်တော်ပြန်တော့ သူ့ရဲ့ “ထင်းရှူး ပင်’နဲ့ ‘မိုးမခပင်’ကို လက်ဆောင်ပေးလိုက်ပါတယ်။ ဒီဘာသာပြန်တွေက သူ့ သူငယ်ချင်းတွေအတွက် ပါရမီဖြည့်ဖို့ အဓိကလုပ်နေရာက သူ့တပည့်တွေနဲ့ ကဗျာလူငယ်တွေအတွက်ပါ အကျိုးရှိမှန်းသိလို့ ဆက်လက်လုပ်ပေးနေတာ ဖြစ်ပုံ ရပါတယ်။
နောက်တစ်ခု သူ့ရဲ့ စွမ်းဆောင်ချက်ကတော့ ဘာသာသိပ္ပံ၊ ဘာသာစကား လေ့လာမှုပါပဲ။ ဒီနေရာမှာစပ်မိလို့ပြောရရင် မြန်မာပြည်မှာ စာရေးဆရာတွေ ထောင် ကျတိုင်း တိုင်းပြည်အတွက်၊ စာပေလောကအတွက် အများကြီး အကျိုးရှိခဲ့တယ်လို့ ဆိုချင်ပါတယ်။ ‘ထောင်ကျတာ ကောင်းတယ်”လို ့ ဆိုလိုခြင်းတော့ မဟုတ်ပါ။ စာရေးဆရာတွေဟာ “အခွင့်အရေးယူတတ်ပုံ’နှင့် ‘အချိန်အသုံးချတတ်ပုံ'ကို ချီးကျူး ချင်တာပါ။ ဦးလေး လူထုဦးလှ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့် စတဲ့ စာရေးဆရာတွေဟာ ထောင်ထဲကနေ စာပေရတနာထုပ်တွေ ပိုက်ပွေ ့လာနိုင် ခဲ့ကြလို့ပါ။ ကိုသာနိုးကတော့ ပထမအဆင့် ရုရှားဘာသာစကားကို လေ့လာပါတယ်။ နောက်တော့ စပ်မိစပ်ရာ ဂျာမန်၊ ပြင်သစ် စသည်တို့ကို စူးစမ်းလေ့လာ ပါတယ်။ တိုင်းရင်းသားဘာသာစကားတွေကိုလည်း စူးစမ်းရင်းက ဘာသာစကား ဆိုင်ရာ ဆောင်းပါးတွေနဲ့ ဘာသာသိပ္ပံဆိုင်ရာ ဆောင်းပါးတွေကို အများကြီး ရေးနိုင်ခဲ့ပါတယ်။ ဘာသာသိပ္ပံ လေ့လာမှုအများကြီး နောက်ကျန်ရစ်ခဲ့တဲ့ကာလမှာ ကိုသာနိုးက ထူးထူးခြားခြားနဲ့ ဘာသာသိပ္ပံဆောင်းပါးတွေရေးရင်း မြန်မာစာပေ လောကကို အထူးအကျိုးပြုနေတယ်လို ့ ယူဆပါတယ်။ မြန်မာ့ဘာသာစကား လေ့လာမှုကို သူငယ်ချင်းက လမ်းဖွင့်ပေးလာနိုင်ခဲ့တာ ဂုဏ်ယူလျက်ပါ။ ခုအခါ ကျန်းမာရေးမကောင်းပေမဲ့ သူ့စာအုပ်တွေ ဆက်လက်ထွက်နေတာ ဝမ်းသာရပါ တယ်။ သူ့ဇနီး သူ့တူမတွေက ကူညီရေးပေးနေပုံ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူများတကာ လုပ်နိုင်ခဲတဲ့ စာပေလောကတာဝန်တွေကို ထမ်းဆောင်နေတဲ့ ကျွန်တော် တို့ သူငယ်ချင်းအတွက် ကျွန်တော်တို့ ဂုဏ်ယူမဆုံးပါ။ မြန်မာစာပေလောကရဲ့ အဓိကလိုအပ်ချက်တွေ ယုတ်စွအဆုံး သူငယ်ချင်းတွေရဲ့ အဓိကလိုအပ်ချက်တွေကို ပါရမီဖြည့်ပေးနေတယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်း မောင်သာနိုး ကျန်းကျန်း မာမာနဲ့ အသက်ရာကျော်ရှည်ပါစေ။
သူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၈၊ စက်တင်ဘာ ၁
~~~ အမှတ်တရ ~~~ { ၄ }
#ဂျူး
ကျွန်မကလည်း ခေါင်းကိုသာ ညိတ်ပြလိုက်ပြန်သည်။ ထို့နောက် အကြာကြီး တိတ်ဆိတ်သွားပြန်၏။ မောင်က ကျွန်မ မျက်နှာကို ငဲ့စောင်းကြည့်လိုက် ၊ နံရံက စတီရီယိုသီချင်း တိတ်ခွေကြော်ငြာ ပိုစတာများကို စူးစူးစိုက်စိုက် ကြည့်လိုက်ဖြင့် အနေရခက်သလို စားပွဲခုံကို လက်ချောင်းကလေးဖြင့် အသံ မညီမညာ ခေါက်နေ၏။
“ကျောင်းပြန်ဖွင့်လို့ ပြန်တွေ့ရင်ကော ရှက်နေဦးမှာပဲလား”
မောင်က အနည်းငယ်ပြုံး၍ မေးပြန်၏။ ကျွန်မ ခေါင်းညိတ်ပြလိုက်သောအခါ မောင်ကကျွန်မကို မျက်မှောင်ကြုတ်ပြသည်။
“အေး … အေး .. ခေါင်းပဲညိတ်နေ ၊ သိလား”
မောင် အနည်းငယ် ရဲတင်းလာဟန် တူ၏။ ကျွန်မဘက်သို့ ကိုယ်ကို ကိုင်း၍ မျက်နှာကို အသေအချာ ငုံ့ကြည့်ကာ …
“တကယ်ဆို တစ်ရက် ၊ နှစ်ရက်များနေပါဦးလား ၊ ဘာဖြစ်လို့ ဒီလောက် အစောကြီး ပြန်ချင်ရတာလဲ ၊ လွမ်းရမဲ့သူ ရှိနေလို့လား”
“အို ….”
ကျွန်မ မောင့်ကို အလန့်တကြား မော့ကြည့်မိ၏။
“ဟင့်အင်း …..”
“ဘာဟင့်အင်း …လဲ”
“မရှိဘူး…..လို့ ”
“ဘာမရှိတာလဲ”
“လွမ်းရမယ့်သူ ဆိုတာ”
“မယုံရပါဘူးလေ”
“အဲလို မပြောပါနဲ့”
မောင်က သက်ပြင်းတစ်ချက် ရှိုက်ပြီး ကျွန်မလက်မှ နာရီကို လှမ်းကြည့်သည်။
ထိုနေ့က ဘာရယ်မှန်းမသိဘဲ ကျွန်မ ကားပေါ်တက်ပြီး ကားဘေးမှ မတ်တပ်ရပ်နေသော မောင့်ကို ကြည့်ရင်း အလွန်အမင်း ငိုချင်လာသည်။ စိတ်လွတ်လက်လွတ် ပျော်သင့်သောအချိန်၌ မောင့်မျက်နှာညိုးနေရသည်မှာ အချိန်အခါ မရွေးတတ်သော ကျွန်မကြောင့်ဟုမိမိကိုယ်မိမိ အပြစ်တင်မိသည်။
“ညကျရင် ချမ်းမှာနော် ၊ အနွေးထည် ထုတ်ပြီးပြီလား”
မောင်က စိုးရိမ်တကြီး မေးလေသည်။
“လမ်းမှာစားဖို့” ဟု မောင်၀ယ်ပေးလိုက်သော သုံးငါးတံဆိပ် ဂိုးလ်ဒင်းပတ်ဖ် မုန့်ထုပ်ကို ပေါင်ပေါ်မှာ ဆော့ကစားရင်း မောင့်ကို ခေါင်းညိတ်ပြလိုက်၏။
တစ်ချိန်တည်းမှာပင် မောင်နှင့် မခွဲဘဲ မောင့်ဘေးမှာ ရပ်နေခဲ့ချင်စိတ်က ကျွန်မ တစ်ကိုယ်လုံး ကို နွမ်းဖျော့လာစေခဲ့သည်။
“ပြတင်းဖွင့်ပြီး အိပ်ပျော်မနေနဲ့ ၊ သိလား ၊ ဟိုမရောက်ခင် ဖျားနေဦးမယ် ၊ ပြောတာကြားလား”
“ကြားပါတယ်”
ဖြေရင်း ဘယ်လိုက ဘယ်လို မျက်ရည်ကျမိမှန်း မသိတော့။ သတိရသည့်အခါ မျက်ရည်စက်များ မုန့်ထုပ်ပေါ်လွင့်စဉ် ကျလာပြီ။
“ဟောဗျာ …”
မောင် ပျာယာခတ်သွား၏။ ကျွန်မ၏ ပြတင်းဘောင်ပေါ် လက်တင်လျက် ….
“ဘာဖြစ်လို့ ငိုရတာလဲ၊သူများတွေ မြင်ကုန်ပြီ မရှက်ဘူးလား”
ကျွန်မ မျက်ရည်ကို မောင့်လက်ဖြင့် သုတ်ပေးဖို့ မောင်မမီနိုင်ပါ။ မောင့်လက်ကိုင်ပုဝါဖြင့် သုတ်စေရအောင်လည်း မောင်ရော ၊ ကျွန်မရော လက်ကိုင်ပုဝါကိုင်တတ်သူများ မဟုတ်ကြပါ။
“မငိုနဲ့နော် ၊ တစ်လဆိုတာ ဘာမှ မကြာပါဘူး ၊ ခဏလေးရယ်”
ပြတင်းဘောင်ပေါ်မှ ကျွန်မလက်များကို ခပ်ဖွဖွဆုပ်၍ ကြင်နာစွာ နှစ်သိမ့်ခဲ့လေသည်။
မောင် မစဉ်းစားမိဘူးလားကွယ်။
မောင်နှင့် တစ်လလောက် ခွဲရမှာကိုပင် မျက်ရည်ကျမိအောင် ၀မ်းနည်းထိခိုက်လွယ်သော ကျွန်မသည် မောင်နှင့် တစ်သက်လုံး ခွဲရလျှင် ဘယ်လိုများနေရစ်ခဲ့ပါ့မလဲဟု
မောင် နည်းနည်းမျှ ပြန်မငဲ့ကြည့်မိဘူးလား~~~
~~~~~
အခန်း ၅ ဆက်ရန်>>>>
နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးအုပ်စုများက မီဒီယာများကို လက်ကိုင်တုတ်အဖြစ် မွေးမြူကာ ဒီမိုကရေစီ အသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နေကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
ဒီဇင်ဘာ ၁၁
နိုင်ငံရေးနှင့် စီးပွားရေးအင်အားကြီးအုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြပြီး ယင်းမီဒီယာများမှတစ်ဆင့် တိုင်းပြည်ပြိုကွဲအောင် ပုံစံမျိုးစုံဖြင့် ပြုလုပ်နေကြကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးသည့် အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် မီဒီယာသမားများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းကို အသုံးပြုနေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယင်းမီဒီယာသမားများမှတစ်ဆင့် ပြည်သူများ၏ သဘောထားခံစားချက်များ၊ နစ်နာချက်များကို ပစ်ပယ်ပြီး ၎င်းတိုလိုလားသည့်ပုံစံများအတိုင်း ပုံဖော်သွတ်သွင်းထုတ်လွှင့် ဖော်ပြနေကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အဆိုးရွားဆုံးမှာ ဖွံဖြိုးဆဲနိုင်ငံငယ်လေးများကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခများကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြခြင်းပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့အချိန်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ တပ်မတော်သည် နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရချိန်လည်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပဩဇာခံမီဒီယာသမားများသည် ခေတ်အမျိုးမျိုးက ဖြတ်သန်းလာခဲ့ရသည် ပြည်သူလူထုကို သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများနှင့် မှိုင်းတိုက်ပြီး အတွေးအမြင်များ မှားလာအောင်၊ အယူအဆများ လွဲလာအောင် လုပ်ဆောင်နေကြကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အတူ နစက ဥက္ကဋ္ဌသည် ယနေ့တွင် ရုရှားနိုင်ငံ၊ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၍ ခရီးသွား၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။
Credit - MT News Agency
#သတင်းဟင်းလေးအိုးကြီး
ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
ဒီဇင်ဘာ ၁၁
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမည်ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နေ့ကပြုလုပ်သည့် (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ပြည်သူအားလုံးက လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက် လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ပျက်ပြားအောင် ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ချိုးဖောက်နေကြခြင်းပင်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ထိုကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြရန်အတွက် စည်းလုံးညီညွှတ်ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသား ပြည်သူအားလုံးက လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
#centralnewsnaypyitaw
❤️ရန်ကုန်ရဲ့ အသဲနှလုံးတစ်ခုဖြစ်တဲ့“ .
“ 🎈 ကျွန်းတောလမ်းပွဲစျေး 💥“ စနေပြီနော်
🔺ကျွန်းတောလမ်းပွဲစျေးဆိုတာဟာ
ကိုးနဝင်းကပ်ကျော်ဘုရားပွဲ ဖြစ်ပြီး
စမ်းချောင်းသာ စမ်းချောင်းသားတို့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ စျေးရောင်းပွဲတော်တစ်ခုဖြစ်ပါတယ် ၊၊
ဒီဘုရားပွဲ မကျင်းပတာ ၄ နှစ်ကျော်ခဲ့ပြီ ထင်တယ်
အခုမှ ပြန်စလုပ်တာ ….
🔺 စျေးပွဲတော်ရောက်ချိန်ဆိုရင် နေရာအနံက စျေးသည်တွေရောက်လာကြပြီး ပွဲတော်မှာ ပါ၀င်ရောင်းချလေ့ရှိပါတယ် ၊၊ ဒီပွဲစျေးက လူကြီးလူငယ်လေးတွေ ကလေးတွေ လမ်းလျောက်ရင်း မိသားစုတွေနဲ့ ပါ၀င်ဆင်နွဲကြတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ် ၊၊
#ပွဲစျေးနေရာကတော့
စမ်းချောင်း ကျွန်းတောလမ်း တောက်လျောက်ပါ ဗျ ။
Time city ဘက်က ကျွန်းတောလမ်းဘက်ဝင်ရင်တော့
လူနည်းနည်းရှင်းပါတယ် ။
sprit ဘက်ကတော့ လူကြပ်ပါတယ်ဗျ ။
� 😍ပွဲစျေးမှာ ပင်လယ်ဓားပြတွေ ချားရဟတ်တွေ ရယ် ကျွန်းတောလမ်းတောက်လျောက်ရောင်းချနေကြတဲ့ စျေးသည်တွေ မီးရောင်တွေကြောင့် အခုချိန် ဓါတ်ပုံသွားရိုက်ဖို့ အလှစေမယ့်နေရာလေးတစ်ခုဖြစ်ပါတယ် ၊၊
( 🥰 ဒီနှစ် ကျွန်းတောလမ်းပွဲစျေးကို
16.12.2024 ရက်အထိ ရှိနေမယ်လို့ သိရပါတယ်ဗျ )
#ယခုကျွန်းတောလမ်းပွဲစျေးကိုသွားရင်
ဘာတွေတွေ့ရနိုင်မလဲဆိုတော့... � ဓါတ်ပုံရိုက်ရတာကြိုက်တဲ့သူများအတွက် ချားရဟတ်တွေ ... ရောင်စုံမီးသီးတွေ ကစားစရာ အရုပ်တွေ
စားချင်စရာမုန့်တွေ အစုံတွေ့ရမှာပါ ။
�သွားချင်သူများအတွက်ကတော့ Google Map မှာ
Kyun Taw Rd လို့ ရှာပြီး သွားလည်လို့ရပါတယ်ခင်ဗျာ
#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
#crd