❤️ရန်ကုန်ရဲ့ အသဲနှလုံးတစ်ခုဖြစ်တဲ့“ .
“ 🎈 ကျွန်းတောလမ်းပွဲစျေး 💥“ စနေပြီနော်
🔺ကျွန်းတောလမ်းပွဲစျေးဆိုတာဟာ
ကိုးနဝင်းကပ်ကျော်ဘုရားပွဲ ဖြစ်ပြီး
စမ်းချောင်းသာ စမ်းချောင်းသားတို့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ စျေးရောင်းပွဲတော်တစ်ခုဖြစ်ပါတယ် ၊၊
ဒီဘုရားပွဲ မကျင်းပတာ ၄ နှစ်ကျော်ခဲ့ပြီ ထင်တယ်
အခုမှ ပြန်စလုပ်တာ ….
🔺 စျေးပွဲတော်ရောက်ချိန်ဆိုရင် နေရာအနံက စျေးသည်တွေရောက်လာကြပြီး ပွဲတော်မှာ ပါ၀င်ရောင်းချလေ့ရှိပါတယ် ၊၊ ဒီပွဲစျေးက လူကြီးလူငယ်လေးတွေ ကလေးတွေ လမ်းလျောက်ရင်း မိသားစုတွေနဲ့ ပါ၀င်ဆင်နွဲကြတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ် ၊၊
#ပွဲစျေးနေရာကတော့
စမ်းချောင်း ကျွန်းတောလမ်း တောက်လျောက်ပါ ဗျ ။
Time city ဘက်က ကျွန်းတောလမ်းဘက်ဝင်ရင်တော့
လူနည်းနည်းရှင်းပါတယ် ။
sprit ဘက်ကတော့ လူကြပ်ပါတယ်ဗျ ။
� 😍ပွဲစျေးမှာ ပင်လယ်ဓားပြတွေ ချားရဟတ်တွေ ရယ် ကျွန်းတောလမ်းတောက်လျောက်ရောင်းချနေကြတဲ့ စျေးသည်တွေ မီးရောင်တွေကြောင့် အခုချိန် ဓါတ်ပုံသွားရိုက်ဖို့ အလှစေမယ့်နေရာလေးတစ်ခုဖြစ်ပါတယ် ၊၊
( 🥰 ဒီနှစ် ကျွန်းတောလမ်းပွဲစျေးကို
16.12.2024 ရက်အထိ ရှိနေမယ်လို့ သိရပါတယ်ဗျ )
#ယခုကျွန်းတောလမ်းပွဲစျေးကိုသွားရင်
ဘာတွေတွေ့ရနိုင်မလဲဆိုတော့... � ဓါတ်ပုံရိုက်ရတာကြိုက်တဲ့သူများအတွက် ချားရဟတ်တွေ ... ရောင်စုံမီးသီးတွေ ကစားစရာ အရုပ်တွေ
စားချင်စရာမုန့်တွေ အစုံတွေ့ရမှာပါ ။
�သွားချင်သူများအတွက်ကတော့ Google Map မှာ
Kyun Taw Rd လို့ ရှာပြီး သွားလည်လို့ရပါတယ်ခင်ဗျာ
#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွန် )
#crd