1 w - Translate

အောက်ကပုံထဲမှာ မြင်တွေ့ရတာကတော့ မကြာသေးခင်ကမှ CS treatment ရရှိသွားခဲ့ပြီဖြစ်တဲ့ BMW M2 CS အသစ်ပဲ ဖြစ်ပါတယ်။ CS မော်ဒယ်ဖြစ်သွားတဲ့အတွက် ထုံးစံအတိုင်းမျှော်လင့်လို့ရမှာတွေက ပိုကောင်းလာမယ့်စွမ်းဆောင်ရည်နှင့် ပိုလျော့လာတတ်တဲ့ အလေးချိန်ပါ။ ဒီတော့ အခု M2 CS မှာ ဘာတွေတိုးတက်လာသလဲ? Upgrades & Downgrades တွေက ဘာတွေဖြစ်မလဲဆိုတာ အောက်မှာ ဆက်ပြောသွားပါ့မယ်။
ရှေးဦးစွာ​ပြောချင်တာကတော့ ဒီကောင့်ရဲ့ စွမ်းဆောင်ရည်ပါ။ ပြောရရင် M2 CS မှာလည်း Standard M2 နှင့် M3/M4 CS တို့ရဲ့ 3.0L straight-six S58 အင်ဂျင်ကိုပဲ သုံးပေးထားတာပါ။ M3/M4 CS တို့နဲ့ယှဥ်ရင်တော့ Output မဆိုသလောက်ပိုနည်းပေမယ့် အခု M2 CS မှာက 523 hp ထွက်တာမို့ ဒီပမာဏဟာ M3/ M4 Comp တို့ထက် ပိုများသလို Standard M2 ထက် 50 hp နှင့် ယခင်မျိုးဆက် M2 CS ထက် 79 hp နီးပါး ပိုထွက်လာတာမို့ ကောင်းမွန်တဲ့ အရွေ့တစ်ခုပါပဲ။
ဒီနေရာမှာတစ်ခုပြောစရာရှိတာက M2 CS ဟာ M3/M4/M5 CS တို့လို optional AWD မရဘဲ တကယ့် pure rear-wheel drive ကားတစ်စီးဖြစ်သလို Base မော်ဒယ် M2 ကလို Manual မရနိုင်တော့ဘဲ Auto တစ်မျိုးတည်းနဲ့သာ လာမှာပဲ ဖြစ်တယ်ဗျ။ BMW ဘက်ကတော့ M2 CS ကို ပိုမြန်စေချင်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Manual မှ သဘောခွေ့တဲ့ ကားချစ်သူတွေအတွက်တော့ စိတ်မကောင်းစရာပါ။
Anyway, Under the hood မှာ မြင်းကောင်းရေပိုများလာတာ တစ်ခုတည်းကြောင့် CS မော်ဒယ်စစ်စစ်တစ်စီး မဖြစ်နိုင်တာမို့ ဒီကောင့်ရဲ့ weight reduction အကြောင်းကို ဆက်ပြောကြပါမယ်။ Lighter = Faster ဆိုတဲ့အတိုင်း BMW ဘက်ကတော့ M2 CS မှာ Carbon Fiber တွေသုံးပြီး အလေးချိန်ကို ရိုးရိုး M2 ထက် 97 pounds လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Base မော်ဒယ် M2 မှာ Optional အနေနဲ့သာရခဲ့တဲ့ Carbon roof ကို Standard အနေနဲ့ထည့်၊ Ducktail trunk, Mirror caps တွေနဲ့ Rear diffuser ကိုပါ Carbon Fiber သုံးပေးထားတာမို့ ကားရဲ့ Overall အလေးချိန်က 3,770 lbs သာ ကျန်ပါတယ်။ ဒါ့အပြင် M4 CSL မှာ တွေ့ခဲ့ရတဲ့ carbon bucket seats တွေကိုပါ M2 CS မှာ သုံးပေးလာတာ အတော်လေးသဘောကျဖို့ကောင်းသလို $8,500 တန် carbon-ceramics ဘရိတ်တွေကိုပါ Optional အနေနဲ့ ထပ်ထည့်လိုက်မယ်ဆိုရင် ကားရဲ့အလေးချိန်က ဒီထက်ပိုပေါ့လာနိုင်အုံးမှာပဲ ဖြစ်တယ်ဗျ။
BMW ဘက်ကတော့ M2 CS က 0-60 mph ကို 3.7 sec နှင့် Top Speed 188 mph အထိ မောင်နိုင်မယ်လို့ claim လုပ်ထားသလို ပိုတိုးတက်လာတဲ့ စွမ်းဆောာင်ရည်နှင့် ပိုပေါ့လာတဲ့အလေးချိန်နှစ်ခုကြား လိုက်လျောညီထွေမှုရှိအောင်လည်း ယခင်ထက်ပို stiffer ဖြစ်တဲ့ springs တွေနဲ့ adaptive dampers တွေကိုပါ reworked ပြန်ကိုင်ပေးထားတယ်လို့ သိရပါတယ်။
အဆုံးသတ်ရရင် ဒီကားဟာ limited-run CS မော်ဒယ်တစ်စီးဖြစ်တာနဲ့အညီ သူ့ရဲ့စျေးကလည်း $100,000 လောက်အထိကို သွားနိုင်ပါတယ်။ ပြောရရင် Base မော်ဒယ် M2 ထက် ဒေါ်လာသုံးသောင်းခန့်ပိုများသလို M4 CS ထက်လည်း ဒေါ်လာသုံးသောင်းခန့်ပိုသက်သာနေတဲ့ အနေအထားတစ်ခုပါ။ ဘာပဲပြောပြော အခု M2 CS က BMW ရဲ့ CS မော်ဒယ်တွေထဲမှာတော့ စျေးအချိုဆုံးနဲ့ အပေါ့ဆုံးကားတစ်စီးအဖြစ် ရပ်တည်နေအုံးမယ်ပေါ့လေ။
ဆိုတော့ မိတ်ဆွေတို့ရော အခု M2 CS အပေါ် ဘယ်လိုမြင်မိလဲ? ကျွန်တော်ကတော့ အခါအခွင့်သင့်ရင် sweet spot ဖြစ်တဲ့ G87 M2 Manual လေးတစ်စီးတော့ ပိုင်ဆိုင်ချင်မိပါရဲ့။

image
1 w - Translate

ငှက်ဆိုး... တဲ့လား
🦤🦤🦤🦤🦤🦤
ဪ .. .. ..
သူကျမှ . . . ငှက်ဆိုးတဲ့လား...
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ်စုစုပေါင်း ၁၂၀၀ ကျော်ခန့် ရှိတယ်လို့ ဆိုပါတယ် ။
အဲ့လောက်များတဲ့ ငှက်အမျိုးတွေထဲမှာမှ...
သူ့ကျတော့မှပဲ ငှက်ဆိုးလို့ အမည်တွင်လေရတယ် ။
ဘာဖြစ်လို့ပါလဲ..🙂
ဒီနေရာမှာ တိုတိုတုတ်တုတ်နဲ့ တည့် (ဒဲ့) အမှန်သာပြောရရင်ဖြင့် . . .
အဲ့ငှက်ကို ငှက်ဆိုးလို့သာ... အများက ထင်နေကြတဲ့ကိစ္စဟာ... တကယ်တော့ဖြင့်...
အချက်မသိတော့... သမက်ကို...သူခိုးလို့ ထင်နေကြတာပါပဲ။
ထပ်ဆောင်းပြောရရင်... တကယ်ဆို... အဲဒီသမက်က ရိုးရိုးသမက်တောင်မဟုတ်ဘူး။
ရွှေသမက်... ငွေသမက်ပါပဲဗျာ၊၊
ကဲ ဒီလိုဆိုရင် အဲဒီ ရွှေသမက်ငွေသမက် အကြောင်းကို.... ဖွေရှာကြည့်ကြရအောင်။
အဲဒီငှက်ဆိုးရဲ့ နာမည်ရင်းကတော့ လင်ကောင်ပိုးငှက် { သို့မဟုတ် } မိန်ငှက်ဆိုတာပါ ၊၊
{ Barn Owl } ပေါ့နော် ၊၊
သူ့မှာ ငှက်ပင်ဖြစ်လင့်ကစား...
အခြားကျေးငှက်တွေနဲ့မတူတဲ့..
ထူးခြားတဲ့ မျိုးရိုးအရ ဖြစ်ပေါ်လာရတဲ့..
မျက်နှာသွင်ပြင်အနေအထားနဲ့..
စူးစူးဝါးဝါးအော်မြည်တတ်တဲ့
သူ့ရဲ့ မူလဗီဇ စရိုက်တွေကြောင့်...
ငှက်ဆိုးဆိုပြီး အမည်ရလာတာဖြစ်နိုင်ပါတယ်..။
အော်တဲ့အသံတွေကိုလည်း ကြည့်ပါဦး ။
နေဝင်ရီတရောအချိန်..အပုပ်ချိန်လောက်မှာ...
လူနေအိမ်ခြေတွေနားက သစ်ပင်ပေါ်တွေမှာ... တခါတရံတော့ ပျံရင်းသန်းရင်းမှာ . . .
သူတို့ရဲ့ စူးစူးရှရှဆိုးဝါးတဲ့အသံကြီး " ဂီး " " ဂီး " လို့
ကျယ်လောင်တဲ့အသံနဲ့ အော်မြည်သံတွေက...
လူမမာ နေ့မကူးပဲ ... ဒီညပဲ ကောက်ခါငင်ခါ.. သေမဲ့နိမိတ်နဲ့...
အခြားသောဆိုးဝါးတဲ့နိမိတ်တွေကို...
ကြိုတင်ပြတဲ့အတိတ်လက္ခဏာတွေပဲလို့..
ရှေးပဝေသဏီကတည်းက စွဲလာတဲ့
အယူအဆတွေ ယုံကြည်ချက်တွေကြောင့်... ယခုထက်တိုင် အများရဲ့အမြင်မှာတော့..
လင်ကောင်ပိုးငှက်ဟာ ငှက်ဆိုးဖြစ်နေရခြင်းပါပဲ၊၊🥲
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
အထက်ကပြောခဲ့တဲ့ အသံကြောင့်တင်ပဲ... ငှက်ဆိုးလို့ အမည်တွင်ခဲ့သလားဆိုတော့လည်း... မဟုတ်ပြန်သေးပါဘူး ။
သူ့ရဲ့ မျက်နှာနဲ့ ရုပ်ရည်ပုံသဏ္ဌာန်ကလည်း ငှက်ဆိုးလို့အမည်တွင်စေဖို့အတွက် ကုန်းဆင်းမှာ ကူပြီးတွန်းချဆိုသလို... အားပေးအားမြှောက်ဖြစ်စေခဲ့ပါတယ် ၊၊
ညလယ်ခေါင်မှာ မမျှော်လင့်ပဲ...
ထိပ်တိုက်ကြုံတွေ့လိုက်ရရင်ဖြင့်...
သူတို့ရဲ့ မျက်နှာသွင်ပြင်ဟာ...
သရဲတစ္ဆေ ပုံပန်းသဏ္ဌာန်လိုမျိုး...
နောက်ပြီး စူးရှတဲ့ အနက်ရောင်မျက်လုံးတွေ...
ဒါ့အပြင် ညသန်းခေါင်မှာ ငှက်ဆိုးကို တကိုယ်လုံးဖြူနေတာမျိုး မြင်တွေ့ရတာဟာဖြင့်... သရဲခြောက်နေတဲ့ မြင်ကွင်းတွေလို မြင်တွေ့ရသလိုဖြစ်စေတယ်လို့လည်း ဆိုကြပြန်ပါတယ် ။
တချို့ကတော့ မျက်နှာဖုံးအဖြူရောင်တပ် သရဲဇီးကွက်လို့တောင် ရေးသားကြပါတယ် ၊၊
အဲ့ဒါတွေကတော့ဖြင့်...လင်ကောင်ပိုးဆိုတဲ့ငှက်ရဲ့...
မျက်နှာသွင်ပြင်အနေအထားတွေ...
ကိုယ်လုံးအရောင်အဆင်းတွေ...
သဘာဝကပေးထားတဲ့အတိုင်း သူ့ရဲ့ ပင်ကိုယ်အသံတွေ...
အဲဒီအချက်အလက်တွေအပေါ်ပဲ အမှီပြုပြီးတော့...အယူသည်းသမားတွေက...
ငှက်ဆိုးလို့ အမည်တပ်ပြီး တွေ့ရင်ခြောက်လှန့်မောင်းထုတ်၊ အသိုက်အမြုံတွေကို ဖျက်ဆီးကြပြီး...
လင်ကောင်ပိုးငှက်များကို ... ငှက်ဆိုးဘဝနဲ့သာ... ပြည်ဖုံးကားချလိုက်စေတဲ့အချက်တွေပါပဲ။
ကျွန်တော်အနေနဲ့ကတော့... ပြည်ဖုံးကားချလို့မရသေးပါဘူး ။☺️
ဆက်လက်ပြီးတော့...လင်ကောင်ပိုးငှက်တို့ရဲ့... စာမျက်နှာသစ်ကိုလှန်ရပါ့မယ် ။
မသိသူကျော်သွား... သိသူဖော်စားကြသူများအကြောင်းပါ ။
သူတို့တွေဟာ အဲဒီငှက်တွေရဲ့ မျက်နှာ၊ ကိုယ်လုံးအရောင်နဲ့ အသံတွေကို...
အရေးမထား ဂရုမစိုက်ကြပါဘူး ။
သူတို့ ဂရုစိုက်အလေးထားတာက...
အဒီငှက်တွေရဲ့ Behaviour လို့ခေါ်တဲ့ အပြုအမူ၊ အလေ့အကျင့်၊ အနေအထိုင်နဲ့ အစားအသောက်တို့ကိုပဲ ဖြစ်ပါတယ် ။
တိုတိုတုတ်တုတ်နဲ့ပဲ... ဇာတ်ရည်အမြန်လည်အောင်..
ဇာတ်အမြန်သိမ်းနိုင်အောင် ရေးရမယ်ဆိုရင်...
လင်ကောင်ပိုးတို့ရဲ့ အဓိကအစားအစာဟာ ကြွက်ဘဲဖြစ်ပါတယ်။🐀
အံ့ဖွယ်ကောင်းတာက လင်ကောင်ပိုး ၅ ကောင်ပါဝင်တဲ့မိသားစုတစ်စုဟာ မျိုးပွားရာသီတစ်ခုမှာ ကြွက် ၃ ထောင်ခန့်ကို စားပစ်နိုင်တယ်ဆိုကတည်းကိုက လင်ကောင်ပိုးငှက်တွေဟာ အမှန်တကယ်ထိရောက်တဲ့ ကြွက်နှိမ်နှင်း‌ရေး{ Rodent Control } သမားကောင်းတွေပါ ။
နည်းနည်းလေးဆက်တွေးမယ်ဆိုရင်...
အဲဒီကြွက်သုံးထောင်က စားပစ်မဲ့ (အမှန်ဆိုရင် ကျွန်တော်တို့စားရမဲ့) ကောက်ပဲသီးနှံတွေနဲ့...
ကြွက်သုံးထောင်က ကျွန်တော်တို့လူသားတွေကိုပေးမဲ့ ရောဂါဆိုးကြီးတွေ...
အဲဒါတွေကို လင်ကောင်ပိုး မိသားစုတွေက ဖယ်ရှားပေးခဲ့တာပါ။
ဒါတောင် လင်ကောင်ပိုးငါးကောင် မိသားစုတစ်စုစာကပဲ ... လူတွေနဲ့
သဘာဝပတ်ဝန်းကျင်ကိုပေးနေတဲ့ ဂေဟဗေဒစနစ်ဝန်ဆောင်မှု{ Ecological service } ပဲ ရှိပါသေးတယ် ။
နည်းနည်းဆက်ပြောရမယ်ဆိုရင်တော့...
အချို့သောနိုင်ငံကြီးများရဲ့ စပျစ်ခြံကျယ်ကြီးများနဲ့...စိုက်ပျိုးရေးခြံများမှာလည်း..
လင်ကောင်ပိုးများကို... ပိုးမွှားနှိမ်နှင်းရေးသမားတွေ { Pest control } အနေနဲ့ အသုံးပြုကြတယ်လို့မှတ်သားရမိပါတယ် ။
လင်ကောင်ပိုးငှက်များကို... သူတို့ဆီမှာတော့ လယ်ယာမြေငှက်လို့ အအမည်တပ်ကြပြီး..
သသူကောင်းပြုထား​ကြတာလည်း... ရှိကြပါတယ်။
အဲဒီအတွက်ကြောင့်...ကျွန်တော်တို့အားလုံး...
ရှေ့ဆက်လက်ပြီး ... ငှက်ဆိုးတွေကို တွေ့ပြီဆိုရင်
နှင်ထုတ် မောင်းထုတ်မလုပ်ကြဘဲ ခရီးဦးကြိုဆိုသင့်ကြောင်းပါ ခင်ဗျား ၊၊😍
အချိန်ပေးဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းပါ။
ရေးသားသူ - #ဒေါက်တာမြင့်သိန်း(B.V.S)

image
1 w - Translate - Youtube

ASMR MUKBANG convenience store store, FIRE Noodle, HOT DOG, GIMBAP, Tteokbokki EATING SOUND !

▪️ငါးသလောက် ကိုင်းခရမ်းချဉ်သီးအချဉ်ချက်လေး
-------------------------------------------------

✅အခုလို နွေရာသီလေးနဲ့ အရမ်းလိုက်ဖက်ပြီးစားကောင်း၊ထမင်းမြိန်စေတာဖြစ်လို့ ချက်စားကြည့်ဖို့ တိုက်တွန်းပါရစေ ချစ်တို့ရေ

👉 သန့်ရှင်းလတ်ဆတ်တဲ့ ရေချိုငါးပုဇွန်မျိုးစုံကို နေ့စဉ်မှာယူစားသုံးနိုင်သည့်အပြင် ၊ အသင့်ချက်ပြုတ်လိုသူများအတွက်လည်း စနစ်တကျကိုင်တွယ်၊သန့်စင်ပေးပြီး အိမ်အရောက်ရေခဲပုံးဖြင့် နေ့စဉ်ပို့ဆောင်ပေးတာဖြစ်လို့

👉ရန်ကုန်မြို့တွင်းရော
👉နယ်မြို့များပါမကျန် မှာယူစားသုံးနိုင်တဲ့အပြင်
👉စလုံး Customer များအတွက်လည်း စနစ်တကျထုတ်ပိုးအေးခဲပြီး ၊ Agent အပ်နှံပေးပါတယ်နော်

▪️ငါးသလောက်ဆူဆူတကောင်ကို သင့်တော်သလိုလေးတုံးပြီး ဆား၊နနွင်း၊အရသာမူန့် ၊မျှင်ငါးပိလေးနှင့်နယ်ထားပြီး ခဏနှပ်ထားလိုက်နော်

ငရုတ်ပု၊ဂျင်း၊ကြက််သွန်နီ၊ကြက်သွန်ဖြူ ကိုမညက်တညက်လေးထောင်းမယ်
ဆီပူလာတာနဲ့က်ုင်းခရမ်းချဉ်သီးလေးတွေ ခွဲစိတ်ထားတာထည့်ကြော်မယ် ၊အနည်းငယ်လေးတူးလာပြီဆို ခဏဆယ်ထားမယ်နော်

▪️ထောင်းထားတာတွေက်ို နာနာဆီသတ်မယ်
အရသာနယ်ထားတဲ့ ငါးထည့်လုံးမယ်
ရေလေးအနည်းငယ်ထည့်မယ်
အိုးလေးအသာလူပ်ပေးနော်
ပြီးရင် မန်ကျည်းရည်ထည့်မယ် ၊နောက်ပီး ခရမ်းချဉ်သီးကြော်ထားတာထည့်ပြီး ၊နံနံပင်အုပ်ရင် အရမ်းကို အရသာရှိတဲ့ ငါးသလောက်ကိုင်းခရမ်းချဉ်သီး အချဉ်ချက်လေးရပါပြီ ၊
အရသာရှိရှိ သုံးဆောင်လို့ ရပါပြီနော်

image
1 w - Translate - Youtube

ကရင်မလေးက အစားလောက် မကြိုက်တဲ့သူ 😑

ရှယ် ရေချိုပုဇွန်ထုတိကြီးဆီပြန် ချက် 🦐
~~~~~~~~~~~~~~~~~~~~~~~~~~

1. ပထမဦးဆုံး ပုဇွန်ထုတ်ကို ဦးခေါင်းအခွံခွါ အညစ်အကြေးအိတ် ကို ပုဇွန်ဆီအနှစ်တွေမပေါက်အောင် အသာ​လေးခွါထုတိပါ

2. ကိုယ်ထည်အခွံခွါ ပီး အမြီးအဖျားလေးပဲချန်ထားပါ

3. ပုဇွန်လက်တံရှည်တွေ ဖြုတ်ပေးပါ

4. သံပုရာသီးလေး အနည်းငယ်ညှစ်ပေးပီး ပုဇွန်
ကို ပွတ်ပေးပါ ဒါမှ ပုဇွန်ထုတ်က မွှေးပီး ချက်ရင် အရောင်လေးလှပါတယ်

5. ဆားအနည်းငယ် နဲ့ ဆနွင်းလေး နည်းနည်းလေး ထည့်ပီး ၅ မိနစ်လောက် အရသာလေးဝင်အောင် နှပ်ထားပေးပါ

6. ကြက်သွန်အဖြူအနီ ကြိတ်ထားတာလေးကို ဆီလေးထည့် ပီး ဆနွင်းအနည်းငယ် ၊ အရောင်တင်မှုန့်အနည်းငယ် ထည့်ပီး မွှေးလာအောင်ဆီသတ်ပါ

7. ကြက်သွန်မွှေးလာရင် ခရမ်းချဉ်သီး အလုံးကြီး ၂ လုံးကို ပါးပါးလှိးပီး ကြေနေအောင်ထည့်ပီး လုံးချက်ပါ ၊ ပုဇွန်ငံပြာရည် အနည်းငယ် ထည့်ချက်ပါတယ် ပိုစား​ေကာင်းပါတယ်၊ခရမ်းချဉ်သီး အနှစ် ရပီဆိုရင် စောက နှပ်ထားတဲ့ ပုဇွန်ထုတိကို ထည့်လုံးပါ

8. ပုဇွန်ထုတိ အသားလေးတင်းသွားရင် ရေအနည်းငယ် ရေနွေးကြမ်းသောက် ပုဂံလုံး တလုံးစာထည်.ပီး အဖုံးလေး ခဏအုပ်ပေးပါ

9. ရေလေးခနိးပီး ဆီပြန်လာရင် နံနံပင် ၊ ငရုတ်သီးစိမ်းအုပ်ပီးမီးဖိုပေါ်က ချလို့ရပါပီ

❤️ အရမ်းကို မှ စားကောင်းတဲ့ ရှယ်ရေချိုပုဇွန်ထုတိဆီပြန်ဟင်းလေးရပီပေါ့ ❤️

image

ထောပတ်ရယ်ကြိတ်ထားတဲ့
ကြက်သွန်ဖြူ ကြက်သွန်မြိတ်တို့ကို
ရောနယ်ပါပေါင်မုန့်ကိုကြက်ခြေခတ်ပုံလှီးပြီး ထောပတ်သုပ်ပေးပါ Airfryerထဲ170 ဒီဂရီနဲ့
10မိနစ်လောက်ကင်ပေးပြီး စားလို့ရပါပြီ

image

ပါမုန့်ကိုဓါးအရလေးပြီး ထောပတ်သုပ်ပါ
ထောပ်တ်ပတ်ကြက်သွန်ဖြူနှစ်တက်
နုပ်နုပ်စင်းထည့်ပါ ပေါင်မုန့်ပေါ်သုပ်ပေးပြီး180ဒီဂရီနဲ့
15မိနစ်ဖုတ်ပေးပါ နွားနို40g+cheeseတပြားကိုအရည်လေးကြိုလိုက်ပါ cheeseအရည်လေးစမ်းပြီးစားလို့ရပါပြီ

image
1 w - Translate - Youtube

ပြည်ကြီးငါး ၁ပိသာ၂၀ကောင်ကြီးစားမယ်🤤😋😋

ပြောင်းဖူး ဥနီ ကြ်သွန်မြိတ်ပါးပါးလှီးပါ
ပုဇွန်ကြိတ်ပြီးသားထည့်ကော်မှုန့်ထည့်ပါ 🌽🥕
ထည့် အရသာလိုသလိုထည့်ပါ ရေညှိကိုအပိုင်းသေလေးဖျက်ပြီးနယ်ထားတဲ့အစာပလာတေထည့်ပါ
မကပ်အိုးထဲထည့်ပြီးဆီးပါးပါးနဲ့ကြော်ပါ
နီနီရဲရဲလေးဖြစ်ရင်စားလို့ရပါပြီ

image