Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပီရူးဘောလုံးပွဲတွင် မိုးကြိုးထိမှန်ပြီး ကစားသမား ၁ ဦးသေဆုံး
ပီရူး ပြည်တွင်းလိဂ်ကလပ် ဖမ်မီလီယာ-ချိုကာရဲ့ ကစားသမားတယောက်ဟာ မိုးကြိုးပစ်ခံရမှုကြောင့် နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်သွားတယ်လို့ အန်ဒီနာ သတင်းအေဂျင်စီအရ သိရပါတယ်။
အခင်းဖြစ်ပွားရာ ဟွမ်ကာယိုမြို့က ဟူဗင်တူးဘယ်လာဗစ္စတာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ကို မုန်တိုင်းကျရောက်လာတဲ့အတွက် ခဏရပ်နားခဲ့ရပါတယ်။
အဲဒီနောက် ဘောလုံးကစားသမားတွေဟာ ကွင်းထဲကနေ ကွင်းပြင်ကို ထွက်လာကြချိန်မှာပဲ မိုးကြိုး တိုက်ရိုက်ထိမှန်ခဲ့တာပါ။
ဒီဖြစ်ရပ်အတွင်း အသက် ၃၉ နှစ်အရွယ် နောက်ခံလူ ဟူဂို ဒယ်လာခရုဇ်မက်ဇာ သေဆုံးခဲ့ရသလို နောက်ထပ် ၄ ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလိုမျိုး ဒဏ်ရာရရှိခဲ့တဲ့ ကစားသမားတွေကို နီးစပ်ရာ ဆေးရုံတခုဆီ ပို့ဆောင်ပေးခဲ့ပြီး ဂိုးသမားဖြစ်သူကတော့ မီးလောင်ဒဏ်ရာကြောင့် စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုမျိုး မိုးကြိုးထိမှန်ချိန်မှာ ကွင်းထဲက ကစားသမား ၈ ယောက်လောက်ကို တပြိုင်တည်း လဲကျသွားခဲ့တာ တွေ့ရပါတယ်။
ဒေသစံတော်ချိန် ညနေ ၄ နာရီဝန်းကျင် ကိုတို-ကိုတို အားကစားကွင်းမှာ အဲဒီဒေသခံအသင်းဟာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
DVB
5 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,400
USD Sell - MMK 4,500
EUR Buy - MMK 4,760
EUR Sell - MMK 4,890
SGD Buy - MMK 3,365
SGD Sell - MMK 3,430
THB Buy - MMK 129.87
THB Sell - MMK 133.33
JPY Buy - MMK 28.83
JPY Sell - MMK 29.60
MYR Buy - MMK 1,000
MYR Sell - MMK 1,030
CNY Buy - MMK 615
CNY Sell - MMK 635
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,920,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,300,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
နောက် ၂၄နာရီမှ ၄၈နာရီအတွင်းဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းလေဝဲ Northeast monsoon low system တစ်ခုဖြစ်ပေါ်နိုင်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သိရိလင်္ကာနိုင်ငံမြောက်ပိုင်းကိုဦးသွားရောက်နိုင်သော်လည်း 700mbar 850mbar 500mbar winds များရဲ့အခြေအနေအရ ရက်ဝေးခန့်မှန်းပေးထားတဲ့အတိုင်း မြန်မာနိုင်ငံဒေသတွေ မိုးများစွာရွာသွန်းနိုင်ပါတယ်
မိုးရိပ်မိုးခြေမရှိဘူး အခုနေကြီးကျဲကျဲတောက်ပူနေတာပဲ ပြောနေကျတဲ့သူတွေအထူးသတိထားကြပါ ရက်ဝေးကြိုတင် ခန့်မှန်းပေးထားတဲ့ဒေသတွေ ခန့်မှန်းပေးထားတဲ့ အချိန်တွေမှာ အတိအကျမိုးတွေရွာပါလိမ့်မယ် မိုးကြီးရေလျှံနိုင်တယ်လို့ပြောထားတဲ့ဒေသတွေ ကြိုတင်ပြင်ဆင်ပြီးကြပြီးလား
ဘေးအန္တရာယ်ကင်းကြပါစေ
ISSUED TIME
05/11/2024 4:14pm(MMT)
တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
CBM injects US$91M, 610M Thai baht, 9.8M yuan in Oct
The Central Bank of Myanmar (CBM) pumped over US$91 million, over 9.8 million yuan and over 610 million Thai baht into the financial market in October 2024.
CBM sold over $200,000 and over 700,000 yuan on 31 October, $9.5 million, 2.2 million yuan, and 156.6 million baht on 30 October, and $27,550 on 29 October. It announced the sale of five million yuan and 25 million baht on 28 October and sold US$20 million, over one million yuan, and 18 million baht on that day.
CBM injected $20 million, 800,00 yuan and 200,000 baht on 25 October and $100,000 and 8.2 million baht on 24 October into the financial market.
CBM sold over $2.5 million and 16.5 million baht after announcing upcoming sales of 20 million baht to importers on the foreign exchange trading platform on 23 October. On 22 October, it again injected over $7.5 million and about 150 million baht into the private sector after sales of 2.2 million and 1.5 million yuan on 21 October.
CBM announced that it would sell $35 million to those engaged in the fuel oil and edible oil sectors, as per its notification dated 20 October.
CBM injected $6 million and 200 million baht on 15 October, $730,000 on 11 October, $12.4 million and 38.7 million baht on 10 October, 660,000 yuan on 9 October and over 10 million baht on 7 October into the private sector.
CBM also pumped $13.1 million and 288,000 yuan on 4 October, $780,000, 1.2 million yuan and one million baht on 3 October and over 1.2 million yuan and 10.2 million baht into the financial market on 2 October.
CBM also sold over $76 million, 86 million baht and 4.8 million yuan in September. Over $190 million, 19 million yuan and 79 million baht were sold in August.
CBM aims to curb the instability in the foreign exchange market and the currency devaluation. According to CBM’s notification on 15 March, it has been joining hands with law enforcement agencies to combat and prosecute those who attempt to manipulate the currency market under the existing laws. CBM allowed authorized dealers (private banks) to operate online foreign exchange trading freely as per the market rate depending on supply and demand, starting from 5 December 2023. — NN/KK
မလေးတွင် အလုပ်အကိုင်များကို ပွဲစားများမှ လက်ဝါးကြီးအုပ်ထားဟု ပြော
နိုဝင်ဘာ ၅၊ ရန်ကုန်။
မလေးရှားရှိ အလုပ်အကိုင်အများစုကို မြန်မာပွဲစားများမှ လက်ဝါးကြီးအုပ်၍ ချုပ်ကိုင်ထားကြကြောင်း မလေးရှား ရှိ မြန်မာပရဟိတ အသင်းအဖွဲ့များက ပြောသည်။
ထို့အပြင် ယခုလက်ရှိတွင် မလေးရှားနိုင်ငံ၌ မြန်မာပွဲစားများမှာ ယခင်ကထက် ပို၍ များပြားလာနေကာ ကား အကြို/အပို့ ဝန်ဆောင်မှုပေးသည့် သူများသာမက အခြားမြန်မာများပါ ပွဲစားအဖြစ် လုပ်ကိုင်လာနေကြကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။
၎င်းက “အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးတယ်။ ရှိတဲ့အလုပ်တွေကိုလည်း ပွဲစားတွေက ကိုင်တယ်။ ပွဲစား တွေက လူတိုင်းက ပွဲစားဖြစ်နေတယ်။ ဒီစက်ရုံမှာလုပ်တဲ့လူ သူ့မှာ စက်ရုံထဲမှာ အလုပ်ရှိရင် ပွဲစားကောက် လုပ် တယ်။ နောက် လူရှာပေးတဲ့လူကို တစ်ဝက်၊ လက်ခံတဲ့လူက တစ်ဝက် အဲဒီလိုပဲမျှစားနေကြတယ်။ အခုဆို မြန်မာ ပြည်က အကြွေးတွေနဲ့ တက်လာတယ်။ ဒီရောက်တော့ ပွဲစားခ ထပ်ပေးတယ်။ နောက်ထပ်ပြီးတော့ ပွဲစားတွေက လိမ်တာတစ်မျိုး။ အလုပ်တွေ မောင်းထုတ်တာက တစ်မျိုး။ မိန်းကလေးဆိုလည်း တချို့ဆို ရောင်းစားခံတွေ ထိတယ် အိမ်ဖော်အလုပ်တွေကို ထည့်ပေးတယ်။ တစ်နှစ်စာ ၆၀၀၀၊ ၅၀၀၀ ရင်းဂစ်တွေ ယူသွားကြတယ်။ လုပ်တဲ့ လူမှာ အိမ်ရှင်ကောင်း၊ မကောင်း နားမလည်ဘူး။ ပွဲစားလုပ်တာက လူဟောင်းနဲ့ မလေးရှားမှာ ၄၊ ၅ နှစ် ရောက်တဲ့ သမားတွေများတယ်” ဟု ပြောသည်။
ပွဲစားလုပ်ကြသော်လည်း ကောင်းသည့်ပွဲစားများ ရှိသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ပွဲစား အများအပြား လည်းရှိကြောင်း မလေးရှားရှိ မြန်မာပရဟိတအသင်းအဖွဲ့များမှ ပြောသည်။
၎င်းတို့အား ပွဲစားခပေး၍ အလုပ်ရှာခိုင်းသည့်အခါတွင် လုပ်ငန်းခွင်၌ အဆင်မပြေသဖြင့် အခြားအလုပ်သို့ ပြောင်းချင်ပါက ပွဲစားခ ထပ်မံပေးရခြင်းဖြစ်ကြောင်းလည်း သိရသည်။
အလုပ်အကိုင် ရှားပါးလွန်းသဖြင့် အလုပ်အကိုင် မရှိသူများအတွက် ပရဟိတအသင်းများမှ အလုပ်ရှင်သူဌေးများ နှင့် ချိတ်ဆက်ကာ ကူညီဆောင်ရွက်ပေးသော်လည်း အလုပ်ရှင်သူဌေးများ လိုချင်သည့်အချိန်တိုင်း မသွားရောက် နိုင်သောကြောင့် ပွဲစားများဖြင့်သာ လုပ်ကိုင်ကြကြောင်း ရတနာစက္ကနာရေး ကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကိုအောင်က ပြောသည်။
၎င်းက “ပွဲစားတွေကလည်း ပွဲစားသပ်သပ်ရယ် မဟုတ်တော့ဘူး။ ကားသမားကလည်း ပွဲစားလုပ်သလိုလုပ်၊ သူကိုယ်တိုင် အလုပ်ရှာပြီးတော့ သူကိုယ်တိုင် ကားနဲ့ခေါ်သွားတယ်။ ဟိုမှာ အလုပ် လုပ်ကောင်းတာ၊ မကောင်း တာက သူ့ကိစ္စမဟုတ်ဘူး။ သူတို့အချင်းချင်း မိန်းကလေး၊ ယောကျာ်းလေးတွေကို ခေါ်ပြီးတော့ အလုပ်တွေ သွင်းပေးတယ်။ ဒီစက်ရုံက မကောင်းလို့ လူတွေ ထွက်တယ်ဆိုတာလည်း သိတယ်။ သို့သော် သူတို့တွေက ဆရာတော်ဟောသလိုပဲ အမြတ်ရဖို့ပဲ စဉ်းစားတယ်။ ကိုယ့်လူမျိုးတွေ ကောင်းစားဖို့မှ မစဉ်းစားတာ။ ကားခလည်း ယူတယ်။ ပွဲခလည်း ယူတယ်ဆိုတော့ လူတစ်ယောက်ကို အနည်းဆုံး ၆၀၀ ကနေ ၈၀၀ အထိ ယူတယ်။ အလုပ်က ၃၊ ၄ ရက်နဲ့မကောင်းလို့ သူ့ဆီ နောက်အလုပ်ရှာပါဆိုလည်း နောက်တစ်ခါ ထပ်ပြီးတော့ ပွဲစားခ တောင်းတယ် ဆိုတော့ ယုတ်မာကြတယ်”ဟု ပြောသည်။
လက်ရှိ မလေးရှားတွင် အဖမ်းအဆီးများမှာ စီမံချက်ဖြင့် ဖမ်းဆီးခြင်းထက် ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှု ကြောင့် ဖမ်းဆီးခြင်းမှာ ပို၍ များပြားနေကြောင်းလည်း သိရသည်။
ထို့အပြင် ဆလန်ဂေါပြည်နယ်ရှိ နေရာ ၃ ခုတွင် အော်ပရာစီ စတင်မည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ပြောဆိုထားသဖြင့် ထိုဒေသများရှိ တရားမဝင် မြန်မာများ သတိပြုနေထိုင်ကြရန်လည်း မလေးရှားရှိ မြန်မာ ပရဟိတ အသင်းအဖွဲ့များမှ အကြံပြုသည်။
ပုံ - ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဥ်
#centralnewsnaypyitaw
ကြံတစ်တန်ကို ၂ သိန်းကျပ်ဖြင့် မြဘုရင် သကြားစက်ရုံက ဈေးဖွင့်
နိုဝင်ဘာ ၅
၂၀၂၄ - ၂၀၂၅ ကြံရာသီတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်ရှိ သကြားစက်ရုံတစ်ခုဖြစ်သည့် မြဘုရင် သကြားစက်ရုံက ကြံတစ်တန်ကို စက်ရုံအရောက်ဈေး ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်လာကြောင်း သိရသည်။
တခြားစက်ရုံများက ဈေးတန်းဖွင့်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ မြဘုရင် သကြားစက်ရုံက ကြံတစ်တန် ၂ သိန်းကျပ် ပေးလာသည့်အပေါ် တခြားစက်ရုံများက သူ၏ ဈေးနှုူန်းနီးပါး ၁ သိန်း ၇ သောင်းကျပ်ခန့် ပေးလာနိုင် သည်ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောသည်။
“စက်တစ်လုံးတည်းပဲ တရားဝင်ကြေညာသေးတာပါ။ မြဘုရင်က တောင်လေးလုံး သကြားစက်။ နှစ်တိုင်းကတော့ သူက များပါတယ်။ တခြားစက်ရုံတွေက သူ့လောက် မပေးတာတောင်မှ သူ့ နီးနီးပေါ့၊ ၁ သိန်း ၇ သောင်းတို့ ပေးလာနိုင်တာပေါ့၊ ပေးဖို့ များပါတယ်။ အခြေခံကတော့ အနိမ့်ဆုံး ၁ သိန်းခွဲပေါ့နော်။ အဲဒီထက် မြင့်ရင် ၁ သိန်း ၇ သောင်းပေါ့။ ၁ သိန်း ၇ သောင်းလောက် ပေးနိုင်ရင်တော့ တောင်သူအတွက် မဆိုးဘူးပေါ့” ဟု ပြောသည်။
မြဘုရင် သကြားစက်ရုံသည် တခြားသော သကြားစက်များထက် နှစ်စဉ်နှစ်တိုင်း ဈေးနှုန်း ပိုပေးလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ကြံတစ်တန်ဈေးနှုန်း ၁ သိန်း ၂ သောင်းနှင့် ၁ သိန်း ၃ သောင်းဝန်းကျင်တွင် ရှိသော်လည်း မြဘုရင်သကြားစက်ရုံက ၁ သိန်း ၅ သောင်းဖြင့် ဝယ်ယူခဲ့သည်ကို တွေ့ရသည်။
ယခုနှစ်တွင် တောင်သူအများစုက ကြံတစ်တန်ဈေးနှုန်းကို ၁ သိန်း ၇ သောင်း ရရှိရန် တောင်းဆိုနေချိန်တွင် မြဘုရင်သကြားစက်ရုံက ၂ သိန်းကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။
မြဘုရင်သကြားစက်တည်ရှိရာ ရွှေညောင်မြို့နယ်အနီးတစ်ဝိုက်တွင် အသေးစားသကြားစက်ရုံ အများအပြား ရှိနေခြင်းကြောင့် ကြံလိုအပ်ချက် ဖြစ်ပေါ်နေသည့်အတွက် ဈေးတိုးပေး၍ ဝယ်ရခြင်း ဖြစ်သည်ဟု ဦးဝင်းဋ္ဌေးက ဆက်ပြောသည်။
“အဲဒီဘက်က ကြံကလည်း နည်းနည်း လုဝယ်ရတာလည်း ရှိတယ်။ တချို့က စက်သေးသေးလေးတွေရော၊ အဲဒီ စက်တွေ၊ ဘာတွေ ရှိတော့ ကြံက သိပ်မပေါတော့ ဈေးပိုပေးဝယ်ရတာ။ သူက ၁ ရက်ကို တန်ချိန် ၂ ထောင်နီးပါး လောက် ကြိတ်နိုင်တယ် သူ့စက်ရုံက။ သူကတော့ ကျနော်တို့ အင်းစောင်းပေါ့၊ အင်းပတ်ပတ်လည်က စိုက်တဲ့ကြံ တွေ သူ့ဆီမှာ ရောက်တယ်။ ရပ်စောက်ဘက်က ကြံတွေ ရောက်တယ်။ နောက်ပြီး တချို့ဟာတွေကျတော့ ဟိုပုံး ကနေလည်း လာတယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းဝေးတယ်၊ အများဆုံးကတော့ အင်းစောင်းက ကြံတွေ များပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် ရွှေညောင်မြို့ရှိ မြဘုရင်သကြားစက်က စက်ရုံအရောက်စျေး ကြံတစ်တန်ကို ၂၀၀၀၀၀ ကျပ်အဖြစ် စျေးဖွင့်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်ထက် ၅ သောင်းကျပ်တိုးမြင့်လာသည်။
အဆိုပါ ကြံတစ်တန်ကို ၂ သိန်း ကျပ်ဆိုသည့် နှုန်းထားသည် စက်ရုံအရောက်ပို့ဆောင်ရခြင်းဖြစ်ပြီး ကားခ၊ အလုပ်သမားခအပါများကို တွက်ချက်လိုက်မည်ဆိုပါက ကြံစိုက်တောင်သူအတွက် ကြံတစ်တန်ရောင်းပြီး ကျန်ငွေ သည် ၁ သိန်း ၅ သောင်းကျပ် ဝန်းကျင်သာ ကျန်ရှိမည် ဖြစ်သည်။
ပုံ - ကြံစက်ရုံ မြင်ကွင်း
Credit - Central News Independence
#သတင်းဟင်းလေးအိုးကြီး