21 w - Translate

" Goku နဲ့ Luffy ရဲ့အသံသရုပ်ဆောင်တို့ပါဝင်မယ့် Comedy Anime Movie "
Me & Roboco ဆိုတဲ့ဒီ Anime ကတော့ 2020 ကတည်းကစတင်ထုတ်ဝေခဲ့တဲ့ gag comedy series ကိုအခြေပြုပြီးရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီ Anime ကတော့ manga reference တွေ anime reference တွေပါဝင်ပြီး top comedy anime လည်းဖြစ်ပါတယ်။
Comedy ကြိုက်တဲ့သူတွေအဖို့ anime ကောင်သတစ်ခုလည်းဖြစ်ပါတယ်။ အဲ့အပြင် အသံသရုပ်ဆောင်တွေဆိုတာကလည်း Goku နဲ့ Luffy တို့အပြင် Buggy-sama ရဲ့အသံသရုပ်ဆောင်လည်းပါဝင်ဦးမှာဖြစ်ပါတယ်။
ဒီ Anime ကတော့ လာမယ့် April လထဲမှာစတင်ရုံတင်မှာဖြစ်ပါတယ်။

image
21 w - Translate

ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် (1951~52)

#oldburma
#ရှေးရှေးတုန်းကဗမာပြည်

image
21 w - Translate

🇯🇵ဂျပန်နိုင်ငံ နှင့် 🌸ချယ်ရီပန်း ရာဇဝင်
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
နွေဦးရာသီရောက်တိုင်း ဂျပန်နိုင်ငံတစ်ဝှမ်းလုံးပန်းရောင် ဖျော့ဖျော့ ချယ်ရီပန်း တွေ ပွင့်လန်းဝေဆာကြပါတယ်။
ချယ်ရီပန်းဟာ သာမန်ပန်းတစ်မျိုးထက်မကဘဲ ဂျပန်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာတွေနဲ့ နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ အရေးပါတဲ့ အမှတ် အသားတစ်ခု ဖြစ်ပါတယ်။
ချယ်ရီပန်းတွေကို မြတ်နိုးတဲ့ ဓလေ့ဟာ ဂျပန်သမိုင်းရဲ့ ရှေးခေတ်ကာလတွေကတည်းက စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် ဟေအိအန်းခေတ် (Heian Period - 794 -1185) မှာ ဧကရာဇ်နဲ့ မင်းမျိုးမင်းနွယ်တွေဟာ ချယ်ရီ ပန်းတွေပွင့်ချိန်မှာ ပျော်ပွဲစားထွက်တာ၊ ကဗျာစပ်တာတွေ ပြုလုပ်ကြပြီး ချယ်ရီပန်းတွေရဲ့ အလှကို ခံစားခဲ့ကြပါတယ်။
နောက်ပိုင်း ကာမာကူရာခေတ် (Kamakura Period - 1185-1333) မှာတော့ ဆာမူရိုင်းတွေဟာ ချယ်ရီပန်းရဲ့ ခဏတာလှပပြီး ကြွေလွင့်လွယ်တဲ့ သဘောကို သူတို့ရဲ့ ဘဝတွေနဲ့ နှိုင်းယှဉ်ပြီး သံဝေဂရစရာအဖြစ် ရှုမြင်ခဲ့ကြပါတယ်။
အဲဒိုခေတ် (Edo Period - 1603-1868) ရောက်တဲ့အခါမှာတော့ ချယ်ရီပန်းကြည့်တဲ့ဓလေ့ဟာ သာမန်ပြည်သူတွေကြားမှာပါ ပျံ့နှံ့လာခဲ့ပြီး နေရာအနှံ့အပြားမှာ ချယ်ရီပင်တွေကို စိုက်ပျိုးလာခဲ့ကြပါတယ်။
ဒီလိုနဲ့ ချယ်ရီပန်းဟာ အထက်တန်းလွှာတို့ရဲ့ ဓလေ့တစ်ခုမှလူအများစုပါဝင်ဆင်နွှဲတဲ့ ရိုးရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ချယ်ရီပန်းဟာ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်ဘဝ၊ ယဉ်ကျေး မှုဓလေ့တွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နွေဦးရာသီရောက်တိုင်း ဂျပန်လူမျိုးတွေဟာ (Hanami) "ဟနမိ" လို့ခေါ်တဲ့ ချယ်ရီပန်းကြည့်ပွဲတော်ကို ကျင်းပကြပါတယ်။
မိသားစုတွေ၊ သူငယ်ချင်းတွေဟာ ချယ်ရီပင်တွေအောက်မှာ စုဝေးကြပြီး အစားအသောက်တွေနဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောကြ၊ သီချင်းဆိုကြရင်း ချယ်ရီပန်းရဲ့အလှကို ခံစားကြပါတယ်။
ဒါ့အပြင် ချယ်ရီပန်းရဲ့ လှပမှုနဲ့အတူ ခဏတာအတွင်း ကြွေလွင့်သွားတတ်တဲ့ သဘောဟာ (Mono no aware) "မိုနိုနိုအဝါး" ဆိုတဲ့ ဂျပန်အတွေးအခေါ်နဲ့လည်း ဆက်စပ်နေပါတယ်။
ဒီအတွေးအခေါ်ဟာ အရာဝတ္ထုအားလုံးရဲ့ မမြဲခြင်းသဘောကို နားလည်လက်ခံပြီး ခဏတာဖြစ်သော အလှတရားကို တန်ဖိုးထားဖို့ သင်ကြားပေးပါတယ်။
ချယ်ရီပန်းဟာ ဂျပန်အနုပညာလက်ရာများ၊ စာပေများမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး အမျိုးသားရေးသင်္ကေတတစ်ခုအဖြစ်လည်းသတ် မှတ် ခံထားရတာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံအတွက်တော့ ချယ်ရီပန်းဟာ ရိုးရှင်းတဲ့ ပန်းတစ်မျိုး‌တော့မဟုတ်ပါဘူး၊ သမိုင်းကြောင်းတစ်လျှောက် ဂျပန်လူမျိုးတွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေ နဲ့ နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ အဖိုးမဖြတ်နိုင်တဲ့ အမျိုးသားရေးအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
ချယ်ရီပန်းတွေ ပွင့်လန်းဝေဆာချိန်တိုင်း ဂျပန်နိုင်ငံဟာ ပန်းရောင်လွှမ်းတဲ့ သုခဘုံလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ချယ်ရီပန်းတွေရဲ့ အလှတရားက ဂျပန်လူမျိုးတွေရဲ့ နှလုံးသားကို နွေဦးရဲ့ နွေးထွေးမှုနဲ့အတူ အမြဲ တမ်း ဆွဲဆောင်နေမှာ အသေအချာပင်ဖြစ်ပါတယ်။
#knowledge

image
21 w - Translate

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ အီရန်နျူကလီးယားပစ်မှတ်များကို ယခုနှစ် နှစ်လယ်ပိုင်းတွင် အစ္စရေးတိုက်ခိုက်နိုင်ဖွယ်ရှိ
အစ္စရေးနိုင်ငံအနေဖြင့် ယခုနှစ် နှစ်လယ်ပိုင်းတွင် အီရန်၏ နျူကလီးယားအစီအစဉ်ကို လက်ဦးရယူတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများကို ကိုးကား၍ဝါရှင်တန်ပို့စ်သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ရေးသားတင်ပြထားသည်။
အထက်ပါ လက်ဦးရယူတိုက်ခိုက်မှုမျိုးကို အစ္စရေးက ပြုလုပ်ခဲ့ပါကအီရန်နျူကလီးယားအစီအစဉ်များသီတင်းပတ်အတန်ကြာ သို့မဟုတ်လအတန်ကြာ ကြန့်ကြာသွားနိုင်သည့်တိုင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများမြင့်တက်လာနိုင်ပြီး ပိုမိုကျယ်ပြန့်သော စစ်ရေးပဋိပက္ခတစ်ရပ်ပေါ်ထွက်လာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများ၌သတိပေးထားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းပြု လုပ်ခဲ့သည့် ထောက်လှမ်းရေးအစီရင် ခံစာအရ အစ္စရေးနိုင်ငံအနေဖြင့်ယခု နှစ်လယ်ပိုင်းအတွင်း အီရန်နိုင်ငံဖော် ဒိုး နျူကလီးယားလောင်စာသန့်စင်ရေးစက်ရုံနှင့် နာတန့်ဇ် နျူကလီးယား ဓာတ်ပေါင်းဖိုတို့ကို လက်ဦးရယတိုက်ခိုက်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်ပို့စ်သတင်း၌ဖော်ပြထားသည်။
သို့ရာတွင် ဝါရှင်တန်ပို့စ်သတင်းစာပါ အထက်ပါသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးရန် အမေရိကန်သမ္မတအိမ်ဖြူတော်က ငြင်းပယ်ထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဂါဇာကမ်းမြောင်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများမြင့်တက်နေချိန်တွင် အီရန်နှင့်အစ္စရေးတို့သည် စစ်ရေးအရ တစ်ဖက်နှင့်တစ်ဖက် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြဖူးသည်။

image

Alice In Borderland Season 3 အတွက််
First Look Photo ကို ဒါရိုက်တာက သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတာပါ။
စက်တင်ဘာလထဲ ထွက်လာမှာဖြစ်ပါတယ်။

#internationalmovienews

image
21 w - Translate

ဟဲဟဲ

image
21 w - Translate

ကိုယ့်အတွက် ကိုယ်ကလွဲပြီး
လုံလုံလောက်လောက်
မှီခိုစရာ မရှိဘူးဆိုတာကို သိတော့

စိတ်ဓါတ် ကျစရာတွေ ကြုံလာရင်တောင်
တိတ်တိတ်လေး ဟန်ဆောင်ပြီး သန်မာခဲ့ရတယ် ။
🍂🖤
#စာတို

ပြုလုပ်ပုံအဆင့်ဆင့်က
၁ ကြက်ဥနှစ်လုံး
၂ ရှားဇောင်းလက်တထွာလောက် ကြက်ဥအနှစ်ကိုမသုံးရအရည်ကြည်ကိုသာသုံးရန်
ရှားဇောင်းအနှစ်ကိုကြက်ဥအကာနဲ့သံဂျီးရောင်ဖြစ်သိထိမွေပါ အင်္ဂလိပ်ဆေးသောက်ထားလျှင်၃နာရီခြားသောက်ပါ ၁ပတ်ကို၂ခါသောက်ရင်သိသာပါမယ် လက်ဆင့်ကမ်းနိူင်ပါစေ
#ကျန်းမားရေးဗဟုသုတ

image

ငါ့သူငယ်ချင်းနဲ့ သူ့ဘဲနဲ့ ပြန်တွဲနေပြီ
ငါက ခုထိ သူ့ဘဲကို နာကျင်ပြီး မုန်းနေတုန်း 🫥

image
21 w - Translate

Moana 2 (2024)

ဇာတ်လမ်းအကျဉ်း
မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။
ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။
ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။
ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/523

image