#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ အီရန်နျူကလီးယားပစ်မှတ်များကို ယခုနှစ် နှစ်လယ်ပိုင်းတွင် အစ္စရေးတိုက်ခိုက်နိုင်ဖွယ်ရှိ
အစ္စရေးနိုင်ငံအနေဖြင့် ယခုနှစ် နှစ်လယ်ပိုင်းတွင် အီရန်၏ နျူကလီးယားအစီအစဉ်ကို လက်ဦးရယူတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ဖွယ်ရှိကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများကို ကိုးကား၍ဝါရှင်တန်ပို့စ်သတင်းစာက ဖေဖော်ဝါရီ ၁၃ ရက်တွင် ရေးသားတင်ပြထားသည်။
အထက်ပါ လက်ဦးရယူတိုက်ခိုက်မှုမျိုးကို အစ္စရေးက ပြုလုပ်ခဲ့ပါကအီရန်နျူကလီးယားအစီအစဉ်များသီတင်းပတ်အတန်ကြာ သို့မဟုတ်လအတန်ကြာ ကြန့်ကြာသွားနိုင်သည့်တိုင် အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများမြင့်တက်လာနိုင်ပြီး ပိုမိုကျယ်ပြန့်သော စစ်ရေးပဋိပက္ခတစ်ရပ်ပေါ်ထွက်လာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာများ၌သတိပေးထားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းပြု လုပ်ခဲ့သည့် ထောက်လှမ်းရေးအစီရင် ခံစာအရ အစ္စရေးနိုင်ငံအနေဖြင့်ယခု နှစ်လယ်ပိုင်းအတွင်း အီရန်နိုင်ငံဖော် ဒိုး နျူကလီးယားလောင်စာသန့်စင်ရေးစက်ရုံနှင့် နာတန့်ဇ် နျူကလီးယား ဓာတ်ပေါင်းဖိုတို့ကို လက်ဦးရယတိုက်ခိုက်ရန် ကြိုးပမ်းနိုင်ဖွယ်ရှိကြောင်း ဝါရှင်တန်ပို့စ်သတင်း၌ဖော်ပြထားသည်။
သို့ရာတွင် ဝါရှင်တန်ပို့စ်သတင်းစာပါ အထက်ပါသတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက်ပေးရန် အမေရိကန်သမ္မတအိမ်ဖြူတော်က ငြင်းပယ်ထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ဂါဇာကမ်းမြောင်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးတင်းမာမှုများမြင့်တက်နေချိန်တွင် အီရန်နှင့်အစ္စရေးတို့သည် စစ်ရေးအရ တစ်ဖက်နှင့်တစ်ဖက် တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြဖူးသည်။
