Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဇက်ကျီးပေါင်း ဖြစ်နေလျှင်
လုံးဝမလုပ်သင့်တဲ့အချက်
🔺ဇက်ချိုးခြင်း
🔺ခေါင်းအုံးအမြင့်နှင့်အုံးခြင်း
🔺Aircon လေခံခြင်း
🔺အအေးခံလွန်းခြင်း
🔺အာရုံစိုက်ရသောအလုပ်များ အချိန်ကြာမြင့်စွာလုပ်ခြင်း
🔺ဦးခေါင်းနှင့်အလေးအပင် သယ်ခြင်း၊
စသောအပြုအမူများကို
ရှောင်ပေးရပါမယ်။
#ကျီးပေါင်း #ကျန်းမာရေးဗဟုသုတ
#crd
အနိုင်ရတိုင်း အနိုင်မကျင့်နဲ့
ဖတ်ကြည့်နော်
"လူ'' စာ မတတ်တာ
သုံးစားလို့ ရချင်ရလိမ့်မယ်။
"လူ'' ကိုယ်ချင်းစာတရား မဲ့ရင်
တိရစ္ဆာန်ထက် ဆိုးတယ်။
သင် အနိုင်ရတိုင်း
သိပ်ပျော်မနေပါနဲ့။
သင် ရှုံးနိမ့်တဲ့အခါ
ငိုရလိမ့်မယ်။
သူတစ်ဖက်သား အပေါ်...
ကိုယ်ချင်းစာနာစိတ် မရှိလျှင်
သင့်အပေါ်
တန်ပြန်သက်ရောက်မှုက
သိပ်မကြာဘူးဆိုတာ မမေ့ပါနဲ့။
ဝဋ်ကြွေးဆိုတာ
ကိုယ်ကယူခဲ့လို့ ပေးဆပ်ရတာ။
ယူပြီးရင်တော့
ဆပ်ရဖို့ မမေ့ပါနဲ့။
သင်လုပ်ခဲ့သမျှ
သင်ပြုခဲ့သမျှ
သင့်ထံ ပြန်လာဦးမှာပါပဲ။
သင့်အရိပ်က
သင့်နောက်လိုက်နေမှာကို
မမေ့ပါနဲ့။
ကိုယ်တိုင်က မကောင်းတာကို
သူတစ်ပါးကောင်းဖို့ မမျှော်လင့်နဲ့။
သင်နဲ့ ထိုက်တန်သလောက်သာ
သင် ရပါလိမ့်မယ်။
အနိုင်ရတိုင်း
အနိုင်မယူချင်နဲ့။
သူ့ဝဋ်ကြွေးရှိသရွေ့တော့
သူပေးဆပ်ရလိမ့်မယ်။
သူ့ဝဋ်ကြွေးကုန်တဲ့နေ့ဟာ
သင့်ဝဋ်ကြွေး ပြန်စမယ်ဆိုတာ
မမေ့ပါနဲ့။
ဝဋ် ဆိုတာက
နောက်ဘဝ မကူးဘူး။
ဒီဘဝမှာတင်
ချက်ချင်း လည်တတ်ပါတယ်။
#crd
Part-3
*သောကြာပိုင်းအစ ဒို့ကျောင်းသားက
ရွှေ့ဖြစ်တဲ့အကြောင်းက အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာမိုးနဲ့ ကျွန်တော်တို့က တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှာ လုပ်နေကြတာရယ်။ နေတော့ လည်း ပုဂံခြံဝင်းမှာပဲ အတူနေကြတယ်ဆိုတော့ သောကြာနေ့ ရုံးဆင်းချိန် လူစု လိုက်ရင် အားလုံးအဆင်ပြေတယ်။
တက္ကသိုလ်ဘာသာပြန်နဲ့ စာအုပ်ထုတ်ဝေရေးဌာနက ဘီအိုစီ ကောလိပ် နောက်ဘက်တစ်ခြမ်းမှာပါ။ ရှေ့ဘက်တစ်ခြမ်းက ဆေး(၁)က သင်ကြားရေးအတန်း တွေရှိတယ်။ အဲဒီအချိန်မှာ တက္ကသိုလ်ဘာသာပြန်ဌာနမှူး (ပါမောက္ခ)က ဆရာ ဦးတင်ဇ(ရှမ်းပြည်) ဖြစ်ပါတယ်။ ဆရာကြီး မင်းသုဝဏ်က ပင်စင်ယူသွားပြီဖြစ်လို့ ကျွန်တော်တို့ မမီလိုက်တော့ပါ။ နောင်မှ ဆရာနိုး၊ ဆရာမိုးတို့အကြောင်း ပြုပြီး ရင်းနှီးခွင့်ရခဲ့ပါတယ်။
ဘီအိုစီကန်တင်းက ရုံးဘေး သထုံလမ်း ခရေပင်တန်းလမ်းဘေးက အဆောင် နှစ်ဆောင်ဖြစ်ပါတယ်။ အဆောင်တစ်ခုမှာ ဈေးသည်နှစ်ဦးကျစီ ကန်ထရိုက်ချထား ပါတယ်။ ရှေ့ကအဆောင်မှာ “ဦးနီ+ဒေါ်ကြည်” လက်ဖက်ရည်ဆိုင်နဲ့ “ဦးချစ်စိန်+ ဒေါ်သောင်းကြည်” ဆီချက်ခေါက်ဆွဲဆိုင်။ မျက်နှာချင်းဆိုင်အဆောင်မှာတော့ အအေးစုံရောင်းတဲ့ “ဦးအောင်မြင့်” အအေးဆိုင်။
ကျွန်တော်တို့ “သောကြာဝိုင်း” စခန်းချကြတာကတော့ “ဦးနီ+ဒေါ်ကြည် လက်ဖက်ရည်ဆိုင်”မှာပါ။ ဦးနီ+ဒေါ်ကြည်တို့ကလည်း အဖွဲ့သားတွေအတွက် ရေနွေး ကြမ်း အလုံအလောက် တည်ပေးထည့်ပေးတယ်။
ဆရာမိုးနဲ့ ကျွန်တော်က သွားအတူ လာအတူ နေအတူ ( ပုဂံခြံဝင်းမှာ)၊ လုပ်အတူ (ဘာသာပြန်ဌာနမှာ)၊ စားအတူ (ရုံးမှာပဲ ထမင်းချိုင့်ယူလာပြီး ဝိုင်းဖွဲ့ စားကြတယ်)၊ ညနေ ရုံးဆင်းတော့မှ သောကြာနေ့မှာ အိမ်မပြန်ကြတော့ဘဲ ထမင်းချိုင့်လေးတွေကိုယ်စီဆွဲပြီး “ဦးနီ+ဒေါ်ကြည်”တို့ဆိုင်ကို ချီတက်ခဲ့ကြပါတော့တယ်။
#ဆက်ရန်ရှိ