🇯🇵ဂျပန်နိုင်ငံ နှင့် 🌸ချယ်ရီပန်း ရာဇဝင်
˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚˚
နွေဦးရာသီရောက်တိုင်း ဂျပန်နိုင်ငံတစ်ဝှမ်းလုံးပန်းရောင် ဖျော့ဖျော့ ချယ်ရီပန်း တွေ ပွင့်လန်းဝေဆာကြပါတယ်။
ချယ်ရီပန်းဟာ သာမန်ပန်းတစ်မျိုးထက်မကဘဲ ဂျပန်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာတွေနဲ့ နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ အရေးပါတဲ့ အမှတ် အသားတစ်ခု ဖြစ်ပါတယ်။
ချယ်ရီပန်းတွေကို မြတ်နိုးတဲ့ ဓလေ့ဟာ ဂျပန်သမိုင်းရဲ့ ရှေးခေတ်ကာလတွေကတည်းက စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အထူးသဖြင့် ဟေအိအန်းခေတ် (Heian Period - 794 -1185) မှာ ဧကရာဇ်နဲ့ မင်းမျိုးမင်းနွယ်တွေဟာ ချယ်ရီ ပန်းတွေပွင့်ချိန်မှာ ပျော်ပွဲစားထွက်တာ၊ ကဗျာစပ်တာတွေ ပြုလုပ်ကြပြီး ချယ်ရီပန်းတွေရဲ့ အလှကို ခံစားခဲ့ကြပါတယ်။
နောက်ပိုင်း ကာမာကူရာခေတ် (Kamakura Period - 1185-1333) မှာတော့ ဆာမူရိုင်းတွေဟာ ချယ်ရီပန်းရဲ့ ခဏတာလှပပြီး ကြွေလွင့်လွယ်တဲ့ သဘောကို သူတို့ရဲ့ ဘဝတွေနဲ့ နှိုင်းယှဉ်ပြီး သံဝေဂရစရာအဖြစ် ရှုမြင်ခဲ့ကြပါတယ်။
အဲဒိုခေတ် (Edo Period - 1603-1868) ရောက်တဲ့အခါမှာတော့ ချယ်ရီပန်းကြည့်တဲ့ဓလေ့ဟာ သာမန်ပြည်သူတွေကြားမှာပါ ပျံ့နှံ့လာခဲ့ပြီး နေရာအနှံ့အပြားမှာ ချယ်ရီပင်တွေကို စိုက်ပျိုးလာခဲ့ကြပါတယ်။
ဒီလိုနဲ့ ချယ်ရီပန်းဟာ အထက်တန်းလွှာတို့ရဲ့ ဓလေ့တစ်ခုမှလူအများစုပါဝင်ဆင်နွှဲတဲ့ ရိုးရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ချယ်ရီပန်းဟာ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်ဘဝ၊ ယဉ်ကျေး မှုဓလေ့တွေမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ နွေဦးရာသီရောက်တိုင်း ဂျပန်လူမျိုးတွေဟာ (Hanami) "ဟနမိ" လို့ခေါ်တဲ့ ချယ်ရီပန်းကြည့်ပွဲတော်ကို ကျင်းပကြပါတယ်။
မိသားစုတွေ၊ သူငယ်ချင်းတွေဟာ ချယ်ရီပင်တွေအောက်မှာ စုဝေးကြပြီး အစားအသောက်တွေနဲ့ ပျော်ရွှင်စွာ စကားစမြည်ပြောကြ၊ သီချင်းဆိုကြရင်း ချယ်ရီပန်းရဲ့အလှကို ခံစားကြပါတယ်။
ဒါ့အပြင် ချယ်ရီပန်းရဲ့ လှပမှုနဲ့အတူ ခဏတာအတွင်း ကြွေလွင့်သွားတတ်တဲ့ သဘောဟာ (Mono no aware) "မိုနိုနိုအဝါး" ဆိုတဲ့ ဂျပန်အတွေးအခေါ်နဲ့လည်း ဆက်စပ်နေပါတယ်။
ဒီအတွေးအခေါ်ဟာ အရာဝတ္ထုအားလုံးရဲ့ မမြဲခြင်းသဘောကို နားလည်လက်ခံပြီး ခဏတာဖြစ်သော အလှတရားကို တန်ဖိုးထားဖို့ သင်ကြားပေးပါတယ်။
ချယ်ရီပန်းဟာ ဂျပန်အနုပညာလက်ရာများ၊ စာပေများမှာ မကြာခဏ တွေ့ရလေ့ရှိတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး အမျိုးသားရေးသင်္ကေတတစ်ခုအဖြစ်လည်းသတ် မှတ် ခံထားရတာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံအတွက်တော့ ချယ်ရီပန်းဟာ ရိုးရှင်းတဲ့ ပန်းတစ်မျိုးတော့မဟုတ်ပါဘူး၊ သမိုင်းကြောင်းတစ်လျှောက် ဂျပန်လူမျိုးတွေရဲ့ ဘဝနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေ နဲ့ နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ အဖိုးမဖြတ်နိုင်တဲ့ အမျိုးသားရေးအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။
ချယ်ရီပန်းတွေ ပွင့်လန်းဝေဆာချိန်တိုင်း ဂျပန်နိုင်ငံဟာ ပန်းရောင်လွှမ်းတဲ့ သုခဘုံလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ချယ်ရီပန်းတွေရဲ့ အလှတရားက ဂျပန်လူမျိုးတွေရဲ့ နှလုံးသားကို နွေဦးရဲ့ နွေးထွေးမှုနဲ့အတူ အမြဲ တမ်း ဆွဲဆောင်နေမှာ အသေအချာပင်ဖြစ်ပါတယ်။
#knowledge
