Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး ကင်ဆေးရွန်ကို နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိ
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၇
တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး ကင်ဆေးရွန်ကို သူမရဲ့နေအိမ်မှာ သေဆုံးလျှက်တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကင်ဆေရွန်ရဲ့အလောင်းကို ဆိုးလ်မြို့ ဆောင်ဆုဒေါင် ခရိုင်ရှိနေအိမ်မှာ သူငယ်ချင်းတယောက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ပြင်ပဒဏ်ရာ တစုံတရာမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူမဟာ ကလေးသရုပ်ဆောင်အဖြစ်ကနေ အနုပညာအလုပ်တွေကိုစတင်ခဲ့ပြီး တောင်ကိုရီးယားရဲ့ အလားအလာအရှိဆုံး မင်းသမီးတလက်အဖြစ် ရှုမြင်ခံထားရသူပါ။ ၂၀၀၀ ပြည့်နှစ်မှာ မွေးဖွားခဲ့တဲ့ သူမဟာ ၂၀၀၉ ခုနှစ်မှာ A Brand New Life ရုပ်ရှင်ကားမှာ စတင်ပါဝင်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၀၁၀ ခုနှစ် တောင်ကိုရီးယားရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေဖြစ်တဲ့ The Man from Nowhere နဲ့ ၂၀၁၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Neighbour သည်းထိတ်ရင်ဖို ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ A Girl at My Door နဲ့ ၂၀၁၆ ခုနှစ်မှာ Mirror of the Witch လို ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးခဲ့ပါတယ်။ သူမဟာ ၂၀၂၂ ခုနှစ်မှာ အရက်သောက်ကားမောင်းတဲ့ ဖြစ်ရပ်ကြောင့် လူမြင်ကွင်းကနေ ပျောက်ကွယ်ခဲ့ပြီး ဒီလိုမောင်းနှင်မှုကြောင့် နောက်နှစ်မှာ ဒဏ်ငွေဝမ်သန်း ၂၀ ပေးဆောင်ခဲ့ရပါတယ်။
သူမသေဆုံးတဲ့ ဖြစ်စဉ်မှာ နေအိမ်ကို ဖောက်ထွင်းဝင်ရောက်မှုလိုမျိုး လက္ခဏာတွေမတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လု်ပဆောင်နေပါတယ်။
Ref:BBC
Photo:M-News
#centralnewsnaypyitaw