Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လှိုင် ဘာတာဈေး မီးလောင်မှု ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံး
ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်ရှိ ဘာတာဈေး (လှိုင်ရတနာဈေး) မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၁၂၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဒီကနေ့မနက် ၁၂ နာရီ ၁၁ မိနစ်ဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဲဒီမီးလောင်မှုကို Level 2 ယာဉ်အုပ်စု ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီမီးလောင်မှုမှာ လူအထိအခိုက်တော့ မရှိခဲ့ဘူး။ ဆိုင်ခန်းကတော့အားလုံး စုစုပေါင်း ၁၂၀ ပါသွားတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးတန်ဖိုးနဲ့ အကြောင်းရင်းလည်း မရသေးဘူး။ သူက စုံခုံဖွဲ့ပြီး စစ်မှာဆိုတော့ အခြေအနေက မသိရသေးဘူး” လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အချိန် တနာရီနီးပါး ကြာမြင့်ခဲ့တဲ့ အဲဒီ မီးလောင်မှုကို မနက် ၁၂ နာရီ ၁၄ မိနစ်အချိန်မှာ Level 1 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၁၂ နာရီ ၁၆ မိနစ်အချိန်မှာတော့ Level 2 ယာဉ်အုပ်စု ထပ်မံ ထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့အတူ ပရဟိတ အသင်းအဖွဲ့တွေပါ သွားရောက်ကူညီ ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ကာ မနက် ၁၂ နာရီ ၄၈ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက် ၁ နာရီဝန်းကျင်အချိန်မှာတော့ အပြီးသတ် မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်တဝန်း ဈေးမီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီး၊ သီရိရတနာလက်ကားဈေးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း သုံးခန်း ပျက်စီးခဲ့တယ်လို့ မြို့နယ်မီးသတ်က ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့မစျေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ရှစ်ခန်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ အင်းတော်မြို့ရဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ နဘားရွာစျေးမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး စျေးရဲ့ သုံးပုံ နှစ်ပုံလောက် မီးထဲပါသွားတယ်လို့ အင်းတော်ဒေသခံတချို့ဆီက သိရပါတယ်။
ဆက်လက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ညောင်ပင်လေးဈေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၁၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၁၅၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်၊ ဒဏ်ရာရရှိသူ ၁၃၈ ယောက် ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
Photo - MFSD
#centralnewsnaypyitaw
အောင်လံမှာ ရဲတပ်ကြပ်နဲ့အမျိုးသားတယောက်ကို အိမ်ရှင်က ဓားနဲ့ခုတ်သတ်မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၆
မကွေးတိုင်း ၊အောင်မြို့၊မကျည်းကုန်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရဲတပ်ကြပ်နဲ့အမျိုးသားတို့ကို အိမ်ရှင်ကဓားနဲ့ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓားနဲ့ခုတ်ပြီးသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးက အောင်လံမြို့မရဲစခန်းမှ ရဲတပ်တပ်ကြပ်ကြီးကျော်သူရဆိုသူဖြစ်ပြီး အတူပါအမျိုးသားကတော့ အသက် ၅၀ အရွယ် ကိုထွန်းဆိုသူဖြစ်တယ်လို့သိရပါတယ်။
" မနေ့ကညနေမှာ သူတို့ကလာခေါ်ချိန် အဲဒီအိမ်က ကောင်လေးက အရင်ရက်က စစ်မှုထမ်းဖို့ဆိုပြီး အခေါ်ခံရပြီးပါသွားတာ။ပြီးတော့ပြန်ပြေးလာတာပေါ့။အဲဒါကို ရဲတွေက ပြန်လာခေါ်တာမှာ ဟိုကခုတ်လွှတ်လိုက်တာ။စစ်မှုထမ်းဖို့လာခေါ်ခံရတဲ့ကောင်လေးက အသက် ၃၃ နှစ်ရှိမယ်။ သူတို့က ညီအစ်ကိုလေးယောက်ရှိတာ။အခုသေသွားတဲ့ရဲကတော့ သူ့အိမ်မှာ နာရေးပြင်ထားတာတွေ့တယ်။ " လို့ ဒေသခံကပြောပါတယ်။
ရဲတပ်ကြပ်ကြီးတို့နှစ်ယောက်ကို ဓားနဲ့ခုတ်သတ်ခဲ့တဲ့အိမ်ရှင်မိသားစုကတော့ လက်ရှိမှာ မိသားစုလိုက် ထွက်ပြေး တိမ်းရှောင်သွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ ဒေသခံပြောပြချက်အရသိရပါတယ်။
အသတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးနဲ့ အမျိုးသားတို့ကို မနက်ဖန် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ မီးသဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ လည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူး၊ဆယ်အိမ်မှူးနဲ့ဘော်လန်တီယာပါဝင်သူအမျိုးသမီးတို့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး ရှို့မှုဖြစ်ပွားခဲ့ပါတယ်။
Photo - CJ
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး