24 w - Translate

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်ပွား

ရှမ်း/တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့တွင် ယ‌နေ့ နိုဝင်ဘာလ ၇ရက် နံနက်ပိုင်းအချိန်မှစတင်ပြီး ရေကြီးရေလျှံဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ရေကြီးရေလျှံမှုကြောင့် မောက်မယ်မြို့ အနိမ့်ပိုင်ရပ်ကွက်များဖြစ်သည့် ကွန်ကိုင်းရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ မွှေတော်ရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့ပြီး၊ ယင်းရပ်ကွက်နေ ဒေသခံအချို့ နီးစပ်ရာအမြင့်ပိုင်းရပ်ကွက်များသို့ပြောင်းရွှေ့နေကြရကြောင်း ဆိုသည်။

ယနေ့ နံနက်အစောပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နမ့်ယွန်းချောင်းရေလည်း မြင့်တက်လာကာ မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံထပ်မံဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်လျှက်ရှိကြောင်း သိရသည်။

"မနေ့က ညနေပိုင်းထဲကရွာတဲ့မိုးက ဒီမနက်အထိ အရမ်းရွာနေတာ။ နေ့လည်ပိုင်းအထိ မနားတမ်းဘဲ။ နမ့်ယွန်းချောင်းရေလည်းမြင့်တက်လာတယ်။ မိုးဆက်ရွာနေရင် ချောင်းရေဆက်မြင့်တက်လာမှာကို စိုးရိမ်နေကြတာ။ စက်တင်ဘာလလိုဖြစ်မှာလည်း စိုးနေရတယ်"ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မောက်မယ်မြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ‌ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား နှင့် လယ်ယာ များစွာပျက်စီးခဲ့ကြောင်း သိရသည်။

ယခုလ နိုဝင်ဘာလ ၆ ရက် မှ ၈ ရက်ထိ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပင်လောင်း ပအိုဝ်းဒေသ၊ လင်းခေးခရိုင် နှင့် မိုင်းပန်ခရိုင် တို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း စုစုစံက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

image

imageimage
24 w - Translate

ပါကစ္စတန်၌ လေထုညစ်ညမ်း၍ လူ ၉၀၀ ကျော်ဆေးရုံတင်ခဲ့ရ

လာဟိုး၊နိုဝင်ဘာ ၇

ပါကစ္စတန်နိုင်ငံ၌ လေထုညစ်ညမ်းမှုကြောင့် လူအယောက် ၉၀၀ ကျော်ဆေးရုံတင်ထားရကြောင်းသိရပြီး အလုပ်သမားဝန်ထမ်းများကိုလည်း အိမ်၌သာနေစေပြီး ကျောင်းပိတ်ရက်ကို ထပ်မံတိုးမြှင့်ထားသည်ဟုသိရသည်။

လာဟိုးပြည်နယ် ဝါရင့်ဝန်ကြီးတစ်ဦးကမူ “အခုက တကယ်အရေးကြီးတဲ့အခြေအနေဖြစ်နေပါတယ်” ဟုပြောကြားခဲ့ပြီး ပြည်နယ်တွင်းမှ ဒေသလေးခုကို အကြီးမားဆုံးထိခိုက်နိုင်ပြီး လူ သန်း ၇၀ ကျော်ထိခိုက်နိုင်သည်ဟုလည်းပြောကြားခဲ့သည်။

နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သကဲ့သို့ လူပေါင်း ၁၃ သန်းခန့်နေထိုင်သည့် လာဟိုးပြည်နယ်၏လေထုအခြေအနေသည် လေထုညွှန်းကိန်း ၁,၀၀၀ အထက်ရှိနေပြီး အလွန်ဆိုးရွားသည့်အခြေအနေဖြစ်သည်ဟုဆိုသည်။

လေထုညွှန်းကိန်း ၃၀၁ ထက်ကျော်လျှင်ပင် မျက်လုံး ကို ပြင်းထန်စွာ ကျိန်းစပ်စေပြီး လည်ချောင်းနာကို ပြင်းထန်စွာခံရစေသည်။ ထို့အပြင် အဆုတ်နှင့်နှလုံးအတွက် ဆိုးရွားစေသည့်အခြေအနေမျိုးဖြစ်ရာ ယခုပါကစ္စတန်၏လေထုညွှန်းကိန်းမှာ တစ်ထောင် အထက်ဖြစ်သဖြင့် အလွန်ဆိုးရွားနေသည်ဟုဆိုနိုင်သည်။

အင်္ဂါနေ့၌ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြင့် ဆေးရုံတင်ရသူ အယောက် ၉၀၀ ကျော်အထိရှိခဲ့ပြီး ထိုလူများထဲတွင် မပါချင်ပါက အိမ်တွင်း၌သာနေပါဟုလည်း ပြည်နယ် ဝါရင့် ဝန်ကြီးကပြောကြားခဲ့သည်။

မဖြစ်အနေအပြင်ထွက်ရပါက ပြည်သူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းကနု လာမည့်ဇန်နဝါရီအထိပြုလုပ်ကြရန်တိုက်တွန်းထားပြီး ကျောင်းများကိုလည်း နိုဝင်ဘာ ၁၇ ရက်အထိပိတ်ထားမည်ဖြစ်ကာ အွန်လိုင်းမှသာသင်ယူလေ့လာကြရန်လည်းညွှန်ကြားထားသည်ဟုသိရသည်။

image
24 w - Translate

မနေ့ညက မျက်နှာကန်ခံရလို ရတဲ့ဒဏ်ရာကြောင့် ဘာစီလိုနာနောက်ခံလူ ကူဘာစီဟာ ၁၀ ကြိမ်လောက် ချုပ်ခဲ့ရတယ်ပါတယ် 😌😌😌

image
24 w - Translate

**ကြိုးစားမှု/ဇွဲ/သူ/သူမ***

~ဖွင့်သာမပြောတာ ဂရုတစိုက်ရှိနေပေးတယ်

~လိုချင်တာကိုမပေးဘူး ငေးကြည့်နေသေးတယ်

~အမှတ်တရကို သိမ်းထားပေးတယ်

~ဟာသတွေပေးတယ်

~ခံစားချက်တွေပေးတယ်

~မျှော်လင့်ခြင်းတွေပေးတယ်

~ပြောလိုက်သေးတယ် “တနေ့ကျရင်တဲ့”

~ငါယုံကြည်မိပြန်ပြီ(အပိုင်း၁-ဇာတ်သိမ်း)🥲🥲

#caye??

image
24 w - Translate

ငါ့ခွေးက ငါ့ကလေးပဲ ❤️

image
24 w - Translate

မင်းနဲ့ဆို လိုက်မှာပဲဆိုတဲ့ မေတ္တာတွေရယ်
မင်းဆိုရင်ကြိုက်မှာဆိုတဲ့ အသိတွေနဲ့
ပူဆာစရာမလို ထုတ်ပြောစရာမလိုပဲ
ဖြည့်ဆည်းပေးချင်နေတဲ့မေတ္တာတွေက
တကယ်ချစ်မှဖြစ်ပေါ်လာတာ။

image
24 w - Translate

ဒီဧည့်သည်တွေနဲ့တော့ ငါ့အတွက်ကျန်ပါ့မလား
အိမ်ရှေ့ထွက်ရင်အမေကဆူအုန်းမယ်

image
24 w - Translate

တော်တော်ကိုအေးသလိုပဲနော် တစ်ရက်တစ်လေ ရေမချိုးလဲရပါတယ်လေ

image
24 w - Translate

ဟီး"

image