23 w - Translate

🖤

image
23 w - Translate

မွန်းကျပ်သမျှကို
only me ပဲ ထားပါတယ် ။

ကိုယ့်ဒုက္ခနဲ့ကိုယ် အိုစာတယ် ။
ကိုယ့်စိတ္တဇနဲ့ ကိုယ် ငိုပါတယ် ။

စိတ်အဆင်မပြေတာတွေလည်း မျိုသိပ်တယ် ။

ကြိတ်ငိုတာတွေလည်း ဖြေသိမ့်တယ် ။
ကိုယ့်မှာ ကိုယ်ပဲရှိပါတယ် ။ ။

-ခွန်ဟိဏ်း (ရေစကြို)

image
23 w - Translate

ငါတို့ဟာ အချိန်မှန်
နေရာမှန်ကို မရောက်သေးတဲ့ အခါ
လူတွေရဲ့ ချိုးတာ နှိမ်တာကို ခံကြရမှာပဲ

မင်း မကျွမ်းကျင်တဲ့ နယ်ပယ်မှာ
မင်း အသုံးမကျ ဘူး လို့ အစော်ကား ခံလာရရင်
ပြုံးပြီးသာ ရင်ဆိုင်လိုက်ပါ

လောကကြီးကို အပြစ်မဖွဲ့နဲ့
ဘဝရဲ့ အခြေခံလိုအပ်ချက်တွေကြောင့်
ငရဲလိုနေရာမှာ ငါတို့ ရှင်သန် နေ ကြ ရ တာပါ။

#ခွန်ထွန်း #crd #whizzwave

image
23 w - Translate

စတာကို ကွီးကလဲ🙄

#shine
#mlbb

image

အာဆီယံနိုင်ငံတွေရဲ့ တပ်မတော် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲရဲ့ ပစ္စတိုသေနတ်ပစ်မှာ မြန်မာ့တပ်မတော်က အမျိုးသမီး အသင်းဝင်ရောက်ယှဉ်ပြိုင်မည်

နိုဝင်ဘာ ၁၃

အာဆီယံနိုင်ငံတွေရဲ့ တပ်မတော် (ကြည်း) သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော်က ပစ္စတို သေနတ်ပစ် အမျိုးသမီး အသင်း အပါအ၀င် အသင်း (၅) သင်းက ဝင်ရောက်ယှဉ်ပြိင်သွားမယ်လို့ သိရပါတယ်။

(၃၂) ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်က ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ် အသင်း၊ ပစ္စတိုအမျိုးသားအသင်းနဲ့ ပစ္စတိုအမျိုးသမီး အသင်းတို့ က ဝင်ရောက်ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ဖို့အတွက် အုပ်ချုပ်သူ၊ နည်းပြ နဲ့ သေနတ်ပစ် အားကစားသမား ၄၂ ဦးတို့ဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။

ပြိုင်ပွဲကို အာဆီယံ (၁၀)နိုင်ငံက သေနတ်ပစ်အသင်းတွေနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source - CINCDS

#သတင်းဟင်းလေးအိုးကြီး

imageimage

သာစည်-မန္တလေး ရထားလမ်းပိုင်း၌ လူစီးရထား စတင်ပြေးဆွဲ

နိုဝင်ဘာ ၁၃

သာစည် - မန္တလေး ခရီးစဉ်အမှတ်(သ-၃၀၁) အဆန်နှင့် မန္တလေး - သာစည်ခရီးစဉ် အမှတ်(သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြေးဆွဲပေးပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ အမှတ် (သ-၃၀၁) အဆန် သာစည် - မန္တလေး RBE ရထားသည် သာစည်ဘူတာမှ နံနက် ၅ နာရီခွဲ တွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နံနက် ၉ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် အမှတ်(သ- ၃၀၂)အစုန် မန္တလေး - သာစည် RBE ရထားသည် မန္တလေးဘူတာမှ ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီးတွင် ဘူတာစဉ်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၁၀၀ စီးနင်းလိုက်ပါနိုင်ကာ ခရီးသွားလက်မှတ်ခအား ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့မီးရထားအနေ ဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် အမြန် လူစီးရထား ၁၈ စင်း၊ စာပို့ရထား ၁၆ စင်း၊ လူစီး ကုန်တင်ရထား ရှစ်စင်း၊ RBE လူစီး နှစ်စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း လူစီးရထား ၇၉ စင်းနှင့် ကုန်ရထား ခြောက်စင်းကို နေ့စဉ်စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image
23 w - Translate

G Fatt က Video ကထက် အသားဖြူလာပြီး
နှာခေါင်းကပိုပြီး ကြီးလာတယ်နော် 😁🤓

image
23 w - Translate

အချစ်နဲ့ငွေကို သတိကြီးကြီးထား..အေးမောင်။
ငွေပုံအောမိရင်..ဆုံးတတ်တယ်၊
မေတ္တာပုံအောမိရင်...ရှုံးတတ်တယ်ကွ။

ငွေကျွံသွားရင်... ယူတောင်းရခက်တယ်။
မေတ္တာကျွံသွားရင်...လူပြောင်းရခက်တယ်။

ငါတို့က ငွေရော၊မေတ္တာရော ပေါလို့ပေးတာမဟုတ်ဘူး..ယုံလို့ပေးကြတာကွ။

လူဆိုတာမျိုးက...ခက်ပါတယ်။
မင်းလိုအပ်နေမှန်းသိလေ..
ပိုတိတ်ဆိတ်တတ်လေပဲ..အေးမောင်ရ။
နောက်ဆို ဆင်ခြင်ပေါ့ကွာ။

#ရဲသူလွင် (အင်ပင်မြို့)

image

တရုတ်ဒရုန်းကို အစားထိုးမယ့် ဒရုန်းတွေ ယူကရိန်းကုမ္ပဏီတွေ စမ်းသပ်ပျံသန်းနေ

နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။

ယူကရိန်းဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေဟာ ယူကရိန်းတပ်မတော်အတွက် တရုတ်ထုတ် Mavic တွေကို အ စားထိုးဖို့ ဒရုန်းအသစ်တွေထုတ်လုပ်ပြီး စမ်းသပ်ပျံသန်းခဲ့ပါတယ်။

ဒရုန်းအမျိုးမျိုးထုတ်လုပ်နေတဲ့ ယူကရိန်းဒရုန်းကုမ္ပဏီ ၈ ခုဟာ တရုတ်ဒရုန်း DJI Mavic နဲ့ ဆင်တူတဲ့ ဒရုန်း တွေကို မဟာဗျူဟာစက်မှုဝန်ကြီးဌာနအစီအစဉ်နဲ့ စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။

အဖွဲ့ ၆ ဖွဲ့ဟာ ၆.၂ မိုင် (၁၀ ကီလိုမီတာ) အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တစ်ခုကို အမြင့်ပေ ၈၂၀ (မီတာ ၂၅၀) ကနေ သွားရောက်ရှာဖွေတဲ့ ဒရုန်း လေ့ကျင့်ပျံသန်းမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒရုန်းတွေရဲ့ အရည်အသွေး၊ သွင်ပြင်လက္ခဏာနဲ့ ထုတ်လုပ်မှုစွမ်းရည်တွေကိုတော့ စစ်ဦးစီးဌာန၊ မောင်းသူမဲ့ လေယာဉ်တပ်ဖွဲ့ဌာနချုပ်၊ လော်ဂျစ်စတစ်တပ်ဖွဲ့ဌာနချုပ်၊ အစိုးရပစ္စည်းဝယ်ယူရေးအဖွဲ့များနဲ့ တပ်မတော်တပ်ဖွဲ့ ဝင်များက ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ကြပါတယ်။

ယူကရိန်းတပ်မတော်ရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးသွားနိုင်တဲ့ ဒရုန်းတွေကို ဝယ်ယူသွား မှာဖြစ်ပါတယ်။

“အခုလို ဒရုန်းမျိုးကို ယူကရိန်းနိုင်ငံထဲမှာ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ယူကရိန်းဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီတွေ ကို ကျေးဇူးတင်ပါတယ်။ ကုန်ကျစရိတ်မများဘဲ အလုပ်ဖြစ်ပြီး အလွယ်တကူ မောင်းနှင်နိုင်တဲ့ ဒရုန်းတွေဖြစ်ပါ တယ်။” လို့ မဟာဗျူဟာစက်မှုဝန်ကြီး ဟာမန်စမစ်တာညင်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

“အရေးအကြီးဆုံးကတော့ အဲဒီဒရုန်းတွေကို ပြည်တွင်းမှာပဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမအချက်က ပြည်ပ နိုင်ငံတွေကို မှီခိုနေရတာကို ပိုပြီးလျှော့ချနိုင်တယ်။ ဒုတိယအချက်က ကုန်ကျငွေတွေကို ကိုယ့်နိုင်ငံအတွင်းမှာပဲ သုံးစွဲနိုင်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ရုရှားနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲမှာ မိမိဘက်က အသာစီးရဖို့အတွက် ၂၀၂၄ ခုနှစ် မကုန်ခင် ယူကရိန်းနိုင်ငံမှာ တစ် နှစ်ကို ဒရုန်းအစင်းရေ တစ်သန်း ထုတ်လုပ်နိုင်ဖို့ စီစဉ်နေကြောင်း ပြီးခဲ့တဲ့နှစ်က ယူကရိန်းသမ္မတဗလာဒီမာ ဇီ လန်စကီးက ပြောကြားခဲ့ပါတယ်။

လက်ရှိထုတ်လုပ်မှုဟာ ယူကရိန်းနိုင်ငံတွင်း ဒရုန်းတွေ အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့အတွက် အထောက်အ ပံတစ်ရပ်ဖြစ်ပါတယ်။

Ref: Ukraine Tests Domestic Drones to Replace Chinese Mavics

#သတင်းဟင်းလေးအိုးကြီး

image

အာဆီယံနိုင်ငံတပ်တွေသေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် ဝင်ပြိုင်

နိုဝင်ဘာ ၁၃၊ နေပြည်တော်။

ဖိလစ်ပိုင်နိုင်ငံက ဦးစီးကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ကြည်းတပ်တွေရဲ့ သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက ဝင်ပြိုင်ဖို့ရှိနေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၃ ရက် ထုတ်သတင်းစာမှာ ဖော်ပြပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုးမြှင့်ဖို့ ရည်ရွယ်ပြီး ဒီသေနတ်ပစ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိနေတာပါ။

သေနတ်ပစ်ပြိုင်ပွဲ (ASEAN Armies Rifle Meet၊ AARM) ကို ဒီနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ကျင်းပတာဖြစ်ပြီး ဒီပြိုင်ပွဲဟာ အာဆီယံနိုင်ငံတပ်တွေ ပူးပေါင်းဆောင်ရွက်တဲ့ ထိပ်သီးတွေ့ဆုံမှု ၃ ခုထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာစစ်တပ်သေနတ်ပစ် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်ကာ မြန်မာတပ်ဖွဲ့ဝင် ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း သတင်းစာမှာ ဖော်ပြထားတာပါ။

ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်​သေနက်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနဲ့ ပစ္စတိုအမျိုးသမီးအသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာထိမ်းပြီးနောက်ပိုင်းလည်း အာဆီယံနိုင်ငံတပ်တွေရဲ့ တွေ့ဆုံပွဲတွေမှာ မြန်မာစစ်တပ်ဆက် ပါဝင်နေဆဲဖြစ်ပြီး လေးနှစ်အတွင်း မြန်မာတပ်ဘက်က ပါဝင်ယှဉ်ပြိုင်သူအရေအတွက်လည်းများလာတာကို နှစ်စဉ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#centralnewsnaypyitaw

imageimage