သီပေါမြို့နယ် ကုန်းစုံရွာမှာ နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက်သေဆုံး၊ တယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ် (မြောက်)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကုန်းစုံကျေးရွာအုပ်စု၊ ကုန်းစုံရွာမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၈ နာရီခန့်က နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်လို့ မိသားစု နှစ်ယောက် သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်ပွဲရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁ ယောက်၊ ပေါင်း ယောက်ပါ" လို့ ဒေသခံ တယောက်က ပြောပါတယ်။

အရင်ကလည်း ကုန်းစုံရွာမှာ စစ်ကျန် လက်နက် ပစ္စည်းတွေ မကြာခဏ ပေါက်ကွဲဖူးတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ ဘဝ လုံခြုံမှုကို စိုးရိမ် နေကြရတယ်လို့ ဆိုပါတယ်။

"မိုင်းအသိပညာပေးလုပ်ငန်းတွေကိုထိထိရောက်လုပ်စေချင်ပါတယ်။" လို့ နယ်စည်းမခြားပရဟိတ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

မိုင်း အန္တရာယ် ရှိတဲ့ နေရာတွေကိုလည်း သတိပေး ဆိုင်ဘုတ်တွေ သေသေချာချာ ကပ်ထားစေချင်တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရက်မနက် ၈ နာရီဝန်းကျင်ခန့်က သီပေါမြို့နယ်၊ ကုံးစုံကျေးရွာနေ အိမ်အတွင်းပေါက်ကွဲမှုဖြစ်လို့ မိသားစု သုံးယောက် ထိကာ နှစ်ယောက် သေဆုံးပြီး ကလေးငယ် တစ်‌‌ေယာက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဥ်ကို မသိရသေးကြောင်း နယ်စည်းမခြားပရဟိတ အသင်းဆီက သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားတဲ့ ကလေးငယ်ကို ဆေးကုသဖို့ နယ်စည်းမခြား ပရဟိတ အသင်းက ဆေးရုံကို ကူညီ ပို့ဆောင်ခဲ့ပြီး သေဆုံးသူ နှစ်ယောက်ကိုလည်း ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

Photo Crd# နယ်စည်းမခြား ပရဟိတ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image