အာလူးချဉ်စပ်ဆီပြန် ( သက်သက်လွတ် )

အာလူးကို ဒီတစ်ခေါက်ပုံစံတစ်မျိုးလေးချက်ထားပါတယ်။ အာလူးကိုအခွံခွာ လေးစိတ်စိတ်ပြီး ဆားလေးနဲ့နယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီတစ်လုံးကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ။ ကြက်သွန်အရောင်ပြောင်းလာပြီဆိုမှ ငရုတ်အကြမ်းဖက်မှုန့်ထည့် ပြီးမှ အာလူးထည့် ဆားနဲ့အချိုမှုန့်ထည့် ရေအနည်းငယ်ထည့်ပြီးတည်ပါ။ အာလူးလည်းအိပြီး ရေခမ်းခါနီး အနှစ်တွေရပြီဆိုမှ မန်ကျည်းမှည့်အရည်အနည်းငယ်ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးစားလို့ပိုကောင်းတာပေါ့နော် 🙂

သက်သက်လွတ်မစားချင်တဲ့သူတွေကတော့ ဆီသပ်နေတဲ့အချိန် ငံပြာရည်တစ်ဇွန်းထည့်ပြီးဆီသပ်ပါ။ နောက်ဆုံးမှ မဆလာလေးအုပ်လိုက်ရင်တော့ ပိုပြီးအနံ့မွှေးတာပေါ့နော်။

#crd

image