ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ တရားဝင် ကွာရှင်းပြတ်စဲ
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၂-၂၀၂၅
ရတီ(VOM)
နာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှုကို လော့အိန်ဂျလိစ် တရားရုံး တရားသူကြီးက ဇန်နဝါရီ ၆ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ၂၁ ရက်မှ စတင်သက်ဝင် အတည်ဖြစ်ခဲ့ပါတယ်။ ဂျီနီဖာလိုပက်ဇ်ဟာ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို လျှောက်ထားပြီးနောက် ခြောက်လအကြာမှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့တာပါတယ်။
သူတို့ရဲ့ အိမ်ထောင်သက်ဟာ နှစ်နှစ်သာရှိပြီး အခြားသော နာမည်ကျော်စုံတွဲများ ကွာရှင်းပြတ်စဲသလို တရားရုံးမှာ အငြင်းပွားမှုတွေ မကြုံခဲ့ရဘဲ စက်တင်ဘာလအတွင်းက နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများအရ ပြေလည်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
သူတို့မှာ သားသမီးလည်းမရှိတဲ့အတွက် အုပ်ထိန်းမှုဆိုင်ရာ ပြသနာတွေမရှိခဲ့ပါဘူး။ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က လျှောက်ထားခဲ့ပါတယ်။
ဘန်အက်ဖလက်ခ်ဟာ သားသမီးသုံးယောက်ရတဲ့ထိ ပေါင်းသင်းခဲ့တဲ့ ဂျီနီဖာဂါနီကို ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပြီး လေးကြိမ်တိုင်လက်ထပ်ထားတဲ့ ဂျီနီဖာလိုပက်ဇ်ကတော့ အဆိုတော်မာ့ခ်အန်တိုနီတဲ့ အမွှာလေးမွေးဖွားခဲ့ပြီး ကွာရှင်းခဲ့တာဖြစ်ပါတယ်။
Ref:AFP
Photo:Getty Images
#centralnewsnaypyitaw
