9 w - Translate

အသက်အရွယ် ရလာတဲ့အခါမှာ
လွတ်လပ်ပေါ့ပါးတာကို ပိုကြိုက်လာတယ် ။
နေထိုင်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ရှင်သန်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ခန္ဓာကိုယ်ပေါ်မှာလည်း
ဘာနာမည်ကြီးတံဆိပ်မှလည်း မရှိစေချင်တော့ဘူး ။
နှုတ်ခမ်းဖျားပေါ်မှာလည်း
ဘာဂုဏ်ဖော်ကြွားဝါခြင်းမှလည်း မရှိစေချင်တော့ဘူး ။
ရှင်သန်ခြင်းပေါ်မှာလည်း ဘာတိုင်းတာမှု
ချုပ်တည်းနေထိုင်မှု မပေါ့ပါးခြင်းလည်း မရှိတော့ဘူး ။
ဝတ်ဆင်လို့ရတယ်ဆိုတဲ့ အနေအထားမှာပဲ
လွတ်လပ်စွာ ဝတ်မယ် ။
ပေါ့ပါးတယ်လို့ထင်တဲ့ အနေအထားမှာပဲ
လွတ်လပ်စွာရှင်သန်မယ် ။
ပျော်ရွှင်မှုနောက် လိုက်မယ် ။
စိတ်ပေါ့ပါးလန်းဆန်းတဲ့နောက် လိုက်မယ် ။
ပြီးတော့ မလိုလောဘကို ရှောင်တတ်လာတယ် ။
ပြိုင်ဆိုင် ဂုဏ်ယူစိတ်တွေကို ဖယ်ရှောင်တတ်လာတယ် ။ ဒါနဲ့ပဲ လေးလံတဲ့ အထုပ်အပိုးတွေကို လွှတ်ချပြီး လွတ်လပ်တဲ့ဘဝမျိုး ဖြတ်သန်းတတ်လာတယ် ။
#ဦးချေ #happymindhappylife

image