9 w - Translate

ထိုင်းနိုင်ငံတောင်ပိုင်း၊ Phang Nga ပင်လယ်အော်ထဲမှာ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းစုတွေ အများကြီးရှိပါတယ်။
အဲ့ဒီထဲကမှ ထူးခြားဆန်းပြားတဲ့ လူနေမှုပုံစံနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ရွာလေးတစ်ရွာကတော့ Koh Panyi ဆိုတဲ့ ရေပေါ်ရွာလေးပဲ ဖြစ်ပါတယ်။
Koh Panyi ရွာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က အင်ဒိုနီးရှားနိုင်ငံကနေ ရွှေ့ပြောင်းအခြေချလာတဲ့ တိုဘာရူ (Toh Baboo) ဦးဆောင်တဲ့ တံငါသည်မိသားစု ၃ စုက စတင်တည်ထောင်ခဲ့တာလို့ သိရပါတယ်။
သူတို့ဟာ ငါးဖမ်းဖို့အတွက် ကမ်းလွန်ပင်လယ်ပြင်မှာ လှေနဲ့ ခရီးထွက်ရင်း ဒီနေရာကို ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
အဲ့ဒီအချိန်တုန်းက ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြား သားတွေဟာ ကုန်းမြေပေါ်မှာ မြေယာ ပိုင်ဆိုင်ခွင့်မရှိတာကြောင့် ဒီလိုမျိုး ပင်လယ်ပြင်ထဲမှာ ကျောက်တောင်ကို အမှီပြုပြီး ရေပေါ်မှာ ရွာတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ရွာရဲ့ လူဦးရေ အများစုဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး တံငါလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။
ရွာထဲမှာ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ ကျန်းမာရေးဌာနလေးတစ်ခုနဲ့ ဈေးဆိုင်တန်းလေးတွေလည်း ရှိပါတယ်။
ခရီးသွားတွေကို ရည်ရွယ်ပြီး အမှတ်တရပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်လေးတွေလည်း ဖွင့်လှစ်ထားကြပါတယ်။
Koh Panyi ရွာလေးဟာ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ နာမည်ကြီးရတဲ့ အကြောင်းရင်းတွေထဲမှာ ရေပေါ်ဘောလုံးကွင်းလေးလည်း ပါဝင်ပါတယ်။
ရွာရဲ့ လူငယ်လေးတွေဟာ ဘောလုံးကစားဝါသနာပါကြပြီး နေရာအခက်အခဲကြောင့် သစ်သားဖောင်ပြားလေးတွေပေါ်မှာ ဘောလုံးကွင်းလေးတစ်ခု ဖန်တီးခဲ့ကြပါတယ်။
ဒီဘောလုံးကွင်းလေးဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးလာပြီးနောက်ပိုင်းမှာတော့ ခရီးသွားဧည့်သည်တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
Koh Panyi ရွာလေးကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ Phuket (ဖူးခက်) ဒါမှမဟုတ် Krabi (ခရာဘီ) မြို့တွေကနေတဆင့် လှေနဲ့ သွားရောက်နိုင်ပါတယ်။
Phang Nga ပင်လယ်အော်ထဲက တခြားလှပတဲ့ ကျွန်းတွေဖြစ်တဲ့ James Bond ကျွန်း (Khao Phing Kan) တို့ကိုပါ တပါတည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
သဘာဝအလှအပတွေ၊ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေနဲ့အတူ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေကြောင့် Koh Panyi ဟာ ခရီးသွားတွေအတွက် မမေ့နိုင်စရာ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။
#knowledge

image