19 w - Translate

1018. Dark Shadows (2012) 👈

ဒရက်ဂူလာ ဟာသကားလေးပါ…မင်းသား Johnny Depp ပါဝင်သရုပ်ဆောင်ထားပါတယ်။၁၉၆၆ ခုနှစ်က တင်ဆက်ပြသသော opera ကို ဇတ်လမ်းအဖြစ် ပြန်လည်ကာ ဖန်တီးထားခြင်းဖြစ်ပါတယ်။

၁၇၆၀ ခုနှစ်မှာ Collins Family ဟာ လီဗာပူးကနေ အမေရိကန်ကိုပြောင်းရွေ့လာရာက ဇတ်လမ်းစထားတာပါ။၁၄ နှစ်လောက်ကြာတဲ့အခါ မင်းသား Barnabas ဟာ အိမ်ဖော်အမျိုးသမီးဖြစ်သူ Angelique နဲ့အချစ်ဇတ်လမ်းဖြစ်ပွားခဲ့ပါတယ်။ ငယ်စဉ်တည်းက မင်းသားကိုပြုစားထားတဲ့ စုန်းမဖြစ်ပါတယ်။ နောက် Victoria ဆိုတဲ့ကောင်မလေး….မင်းသားနဲ့ဘယ်လိုပက်သက်မှာလဲ နောက်ဆုံး ကျိန်စာတွေပြယ်တဲ့အခါ …..ဗစ်တိုးရီးယားကတော့ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပီးသားဖြစ်နေခဲ့တယ်… သူ့အသက်ကိုမင်းသားက ဘယ်လိုကယ်မလဲ။ဇတ်လမ်းနားထောင်ရတာ ..စိတ်ဝင်စားစရာကောင်းသလို ကြောက်စရာထင်ရပေမဲ့ တကယ်လဲကြည့်ရော ရယ်နေရပါတယ် …ရယ်စရာ သရဲ (သွေးစုပ်ဖုတ်ကောင် ) ဇတ်ကားလေးဆိုတော့ အပျင်းပြေစေမှာပါ။ကြည့်လိုက်ရအောင်….။

image
19 w - Translate

#tattooideas

image
19 w - Translate

#tattooideas

image
19 w - Translate

#tattooideas

image
19 w - Translate

#tattooideas

image
19 w - Translate

#tattooideas

image
19 w - Translate

#tattooideas

image
image
image
image
image

တစ်ယောက်ယောက်က ကိုယ့်ကို
အမြဲတမ်းချစ်နေမယ်လို ထင်လား တဲ့။

ဟင့်အင်း ကျွန်တော်သိပါတယ်
ခံစားချက်တွေထဲ တဒင်္ဂလေးပဲ

ကျွန်တော်မျောပါမိသွားတာပါ။

ဘယ်တစ်ဦး တစ်ယောက်ကမှ
ကျွန်တော့်ကိုအမြဲချစ်နေမှာမဟုတ်ဘူးဆိုတာ
ကျွန်တော်သိပြီးသားပါ...။

image

ဒေါ်လာ ၅ သန်းတန် Gold Card များ ရောင်းချမည်ဟု ထရမ့်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အမေရိကန်တွင် နေထိုင်ခွင့်ပါမစ်အတွက် ဒေါ်လာ ၅ သန်း တန်ကြေးရှိသည့် Gold Card များကို ရောင်းချသွားမည်ဟု ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ဗီဇာအမျိုးအစားသစ်ဖြစ်သည့် အဆိုပါ Gold Card သည် သမားရိုးကျ Green Card အမျိုးအစား၏ တန်ဖိုးကြီး ကဒ် အမျိုးအစားသစ်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ထရမ့်က ပြောသည်။

ထို့ပြင် အဆိုပါ Gold Card များကို ရောင်းချခြင်းဖြင့် အမေရိကန်၏ နိုင်ငံ့လိုငွေပြမှုကို လျှော့ချနိုင်လိမ့်မည် ဟုလည်း ၎င်းက ဆိုသည်။

“Gold Card ကို ကျနော်တို့ ရောင်းတော့မှာပါ။ ခင်ဗျားမှာ Green Card ရှိတယ်ဆိုရင် ဒါကတော့ Gold Card ပါ။ ဒီကဒ်ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၅ သန်း တန်ဖိုးရှိပါတယ်” ဟု ထရမ့်က အိမ်ဖြူတော်၏ ဘဲဥပုံရုံးခန်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ Gold Card သည် Green Card ထက် ခံစားခွင့်ပိုမိုရရှိပြီး အမေရိကန်နိုင်ငံသားအဖြစ်ပါ လျှောက်ထားနိုင် လိမ့်မည်ဟု ဒုတိယသက်တမ်းအတွင်း သန်းနှင့်ချီသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းများကို နေရပ်သို့ ပြန်ပို့နေ သည့် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

“လူတွေအများကြီးက ကျနော်တို့နိုင်ငံကို လာချင်နေကြပါတယ်။ သူတို့ဟာ ဒီမှာ အလုပ်လုပ်ချင်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ချင်ကြတယ်။ အဲဒါကြောင့် ဒီကိုလာမယ့်လူတွေက ပိုက်ဆံရှိတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို Gold Card များကို လာမည့် သီတင်း ၂ ပတ်အတွင်း စတင်ရောင်းချသွားမည်ဖြစ်ပြီး ကဒ်ပေါင်း သန်းချီ ရောင်းချရလိမ့်မည်ဟုလည်း ထရမ့်က ပြောသည်။

အဆိုပါ ကဒ်များကို ရုရှား၏ အထက်တန်းလွှာ ရုရှားသူဋ္ဌေးများကို ရောင်းချမည် ဟုတ်၊ မဟုတ် သတင်းထောက် များက မေးမြန်းခဲ့ချိန်တွင် ထရမ့်က သူသည် အလွန်ကောင်းမွန်သည့် ရုရှားသူဋ္ဌေးများကို သိထားကြောင်း၊ ထို့ကြောင့် ရောင်းချရန် ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။

ထို Gold Card ရောင်းချမည့် အစီအစဉ်သည် ရွှေ့ပြောင်း စီးပွားရေးလုပ်ငန်းရှင်များကို ပေးသည့် EB-5 ဗီဇာ ပရိုဂရမ် နေရာကို အစားထိုးမည်ဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူမျာသည် အမေရိကန်တွင် အလုပ်အကိုင်များ ဖန်တီးရန် ငွေကြေးအများအပြား အသုံးပြုလိမ့်မည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
19 w - Translate

လူကတော့ အရင်လူပါပဲ
စိတ်ကတော့အရင်လိုမဟုပ်တော့ဘူး
စိတ်ရှုပ်မဲ့ရပ်ဝန်းတွေကိုရှောင်တယ်
တိတ်တဆိတ်လေး ခံစားမှုမရှိသလိုနေတယ်။

image