19 w - Translate

တိမ်ပန်းချီ - ဟမ်စိုင်း ( ဆေး-မန်း )
" ပန်းချီ အမှောင်ကြောက်တာ မောင် အသိပဲ "
ဆရာဝန် နဲ့ စင်တင်မယ်လေး ရဲ့ကြားက အဖြစ်အပျက်တစ်ခု ။ ဇာတ်လမ်းတူတဲ့
ဖြစ်ရပ်မှန် သုံးခုကို အခြေခံထားတဲ့ ဇာတ်လမ်း ။
စာအုပ်ဖတ်ပြီးချိန်မှာ ခံစားပြီးသိလိုက်ရတဲ့အသိတစ်ခုက ကိုယ့်ရဲ့ အတိတ်အမှားတွေကို
လူတွေက ပြန်ပြန်တူးဆွတတ်တယ်ဆိုတာပါပဲ ။
နောက်တစ်ခုက နောက်တစ်ခါမဖြစ်စေရပါဘူးဆိုတဲ့ စကားကိုယုံမှတ်မိတာ မှားတယ်ဆိုတာကိုပေါ့ ။
ဇာတ်လမ်းက ရိုးရိုးရှင်းရှင်းကလေးပါပဲ ။
တိမ်ပန်းချီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မိန်းကလေးတစ်ယောက် ။
အဖေဖြစ်သူဟာ အက်ဆီးဒန့်ဖြစ်ပြီး အမှုအတွက် လျော်ကြေးပေးရမှာမို့ ပိုက်ဆံအမြန်ဆုံး
ထုတ်ပေးတဲ့ စင်တင်မှာ သီချင်းဆိုတဲ့အလုပ်ကို လုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။
တိမ်ပန်းချီကနေ ကြယ်စင်ဘဝအဖြစ်နဲ့
အမှောင်လှိုင်းကြားမှား ကူးခတ်ရတဲ့ဘဝကို
အလင်းပေးခဲ့သူက ဝေယံဦး ဆိုတဲ့ ဆရာဝန်ပေါက်စလေးတစ်ယောက် ။
စိတ်ကူးယဉ်ထဲကလို သူရဲကောင်းဆန်ဆန်
ချစ်မယ်ဆိုတဲ့ စိတ်နဲ့ ပန်းချီ့ကို ချစ်ခဲ့တဲ့
ဝေယံဦး။ လောကဓံလှိုင်းရဲ့ အရိုက်အပုတ်တွေကို
ခံနိုင်ပါ့မလား ။
အိမ်ထောင်တစ်ခုကို အစပြုလိုက်ပြီဆိုတာနဲ့
ကြုံလာရနဲ့ ပြဿနာအထွေထွေကို ရင်ဆိုင်ကြရတာ လူတိုင်းလိုပါပဲ ။ ဝေယံဦး နဲ့ ပန်းချီတို့ကရော ဘယ်လို ရင်ဆိုင်ကြမလဲ ။
အတိတ်ကို ပြန်ပြန်ပြောပြီး တူးဆွတဲ့အခါ
ငွေကြေးအခြေအနေတွေ ကျပ်တည်းလာတဲ့အခါ
အမှောင်လှိုင်းထဲက ရုန်းထွက်ကူးခတ်ဖို့ ခေါ်ဆောင်ခဲ့ပြီးမှ အမှောင်လှိုင်းထဲကို ပြန်ပြီး ထိုးချ
ကူးခတ်သွားခဲ့နိုင်တာ ငွေကြေးကြောင့်လား
ကိုယ်ကျင့်တရားကြောင့်လား ။
တိမ်ပန်းချီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်
အခက်အခဲတွေ စိတ်ဒုက္ခတွေ မျိုသိပ်ခဲ့ရတာတွေ
ကြိတ်မှိတ်ခံစားခဲ့ရတာတွေ ငိုကြွေးခဲ့ရတာတွေကို ဒီတိမ်ပန်းချီဆိုတဲ့ စာအုပ်ထဲမှာ မြင်ရပါလိမ့်မယ် ။

image

ခိုင်မာပြီး ခေတ်မီသည့် စစ်တပ်ကို ထူထောင်ရန် ကင်မ် ပြော

ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇

မည်သည့် စစ်ပွဲကိုမဆို ရင်ဆိုင်တိုက်ခိုက်ရန် အင်အားတောင့်တင်းပြီး ခေတ်မီသည့် စစ်တပ်ကို ထူထောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA က ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

ကင်မ်သည် Kang Kon စစ်အကယ်ဒမီသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်မ်သည် ယခုသီတင်းပတ် အတွင်းကလည်း လက်ရွေးစင် ကေဒါများကို မွမ်းမံသင်ကြားသည့် ကင်အီဆွန်း နိုင်ငံရေးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး စစ်တပ်အနေဖြင့် သစ္စာစောင့်သိရန်နှင့် စွန့်လွှတ်အနစ်နာခံရန် တိုက်တွန်းခဲ့သည်။

ကင်မ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်၏ တပ်ရင်း၊ တပ်ဖွဲ့စခန်းများ၊ စစ်သင်တန်းများကို သွားရောက် လေ့လာခဲ့ပြီး ထိုလေ့လာရေးခရီးစဉ်များသည် ရုရှားအတွက် နောက်ထပ် စစ်ကူများ စေလွှတ်ပေးရန် ပြင်ဆင်နေ ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။

ကင်မ်သည် နောက်ဆုံးအကြိမ် စစ်သင်တန်းကျောင်းသို့ သွားရောက်ခဲ့ချိန်အတွင်း သင်တန်းကျောင်း၏ ညံ့ဖျင်း သည့် စီမံခန့်ခွဲမှု၊ ပညာရေး အဆောက်အအုံများ၏ အခြေအနေတို့ကို ဝေဖန်ခဲ့သည်။

ထိုအခြေအနေများသည် အာဏာရပါတီ၏ ရည်ရွယ်ချက်ဖြစ်သည့် ခေတ်မီပြီး ခေတ်ရှေ့ပြေးသည့် အင်အားကြီး စစ်တပ် ထူထောင်ရေး လမ်းစဉ်နှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု KCNA မှ ဖော်ပြခဲ့သည်။

စစ်သင်တန်းကျောင်း၏ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် လက်တွေ့ကို အခြေခံသည့် ပညာရေးစနစ်ကို ပိုမိုအာရုံစိုက်ရန် ညွှန်ကြားခဲ့သည်။

ထိုသို့ လုပ်ဆောင်မှသာ သင်တန်းသားများသည် မျက်မှောက်ခေတ် စစ်ပွဲများနှင့်ပတ်သက်သည့် စစ်မှန်သော အတွေ့အကြုံများ၊ သင်ခန်းစားများကို သင်ယူနိုင်လိမ့်မည်ဟု ကင်မ်က ဆိုသည်။

ထို့ပြင် သင်တန်းသားများ အနေဖြင့် ခေတ်မီလက်နက်များနှင့် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် သင်ယူကြရန် ကင်မ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား အရာရှိများကမူ မြောက်ကိုရီးယားသည် ရုရှားကို မြောက်ကိုရီးယား စစ်သားများ စေလွှတ်ပြီး စစ်ကူပေးခဲ့ခြင်း ၊ စစ်လက်နက်များ ပေးပို့ခြင်းတို့ကြောင့် မျက်မှောက်ခေတ် စစ်ပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရရှိနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းအစိုးရကမူ ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစပြီး ရုရှားကို စစ်ကူပေးနေသည့် မြောက်ကိုရီးယား စစ်သားများအနက် ၃၀၀၀ ကျော်သည် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ

ပုံ - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image

ဝ ပေမယ့် လုံးဝအချော့ မပေးဘူးနော်

19 w - Translate

Nothing Phone (3a) Pro ကို လူသားစက်ရုပ်နဲ့ Unboxing လုပ်ပြခဲ့

Nothing Official account ကနေ တင်လာတဲ့ video က ထူးထူးဆန်းဆန်းရယ်ပါပဲ။
First hands-on experience လို့ ပြောထားတဲ့ ဒီ video လေးက နောက်လမှာ မိတ်ဆက်တော့မယ့် Nothing Phone (3a) ကို unboxing လုပ်ပြတဲ့ video အတိုလေးပါ။ Unboxing video က ဘာထူးခြားလို့လဲဆိုတော့ လူသားစက်ရုပ်က unbox လုပ်ပြခဲ့တာမို့ပါ။

image
19 w - Translate

"ဒိုင်တွေကို ကိုယ်တိုင်ပြောလို့ရပြီပေါ့"
ဆိုစီဒ-က်နဲ့ပွဲမှာ အသင်းခေါင်ဆောင်အဖြစ်ပွဲထွက်ခဲ့တဲ့ ဗီနီအပေါ် တိုနီခရူးစ်ရဲ့Comment 🤣

image
19 w - Translate

iPhone မှာ Adobe Photoshop ရောက်လာပြီ...
ဖုန်းနဲ့တင် ဖိုတိုရှော့တွေ ကိုင်နိုင်ပါပြီ။ Adobe Photoshop က iPad တွေမှာ အရင်သုံးနိုင်ခဲ့တာပါ။ အခုတော့ iPhone တွေမှာပါ ထည့်ပေးလိုက်ပါပြီ။
Generative AI , Adobe Lightroom, Adobe Express , Adobe Fresco စသဖြင့် အခမဲ့သုံးနိုင်မယ့် Feature တွေလည်း စုံတယ်လို့ ဆိုထားတယ်။ အခမဲ့သုံးနိုင်တယ်ဆိုပေမဲ့ ထုံးစံအတိုင်း ပိုကောင်းတဲ့ Feature လေးတွေ လိုချင်ရင်တော့ Premium version တွေ ဝယ်ရပါမယ်။
ဆိုတော့ Adobe Photoshop သုံးတဲ့သူတွေ editor, Designer တွေအနေနဲ့ iPhone မှာ တစ်ချက်စမ်းကြည့်ပြီး feeback လေးပြန်ပေးကြပါဦး။ ဘယ် feature တွေ သုံးလို့ပိုကောင်းလဲဆိုတာမျိုးတွေပေါ့....
လောလောဆယ်တော့ App store မှာပဲ ရပါဦးမယ်။ Andriod တွေအတွက်တော့ မကြာခင်လာမယ်လို့တော့ ဆိုထားတယ်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်မှလို့တော့ ပြောနေကြတာ တွေ့ပါတယ်။

image

၂၇ ရက်နေ့ မိုးလေဝသ အခြေအနေ
စစ်ကိုင်း မန်းတလေး ပြင်ဉီးလွင်
မိုးကြီးပြီး လျှပ်စီးမိုးကြိုးပြင်းထန်
ကာ တာချီလိတ် မိုင်းဖြတ် တာလေ
မိုင်းယောင်း ဒေသတွေမိုးသည်းမည်။

image
19 w - Translate

ချစ်သူလေးဝါဆိုမိုးဦးနဲ့အတူ
စင်ပေါ်မှာ ရှယ်ကြူးပြတဲ့ အဆိုတော်ဖြိုးလေး
အရမ်းချစ်တတ်သောဘဲကြီးပါနော်🫶အားတွေကျရပါသော ......
#ဖြိုးလေး
#ဝါဆိုမိုးဦး
#celenews

image
19 w - Translate

ချစ်သူလေးဝါဆိုမိုးဦးနဲ့အတူ
စင်ပေါ်မှာ ရှယ်ကြူးပြတဲ့ အဆိုတော်ဖြိုးလေး
အရမ်းချစ်တတ်သောဘဲကြီးပါနော်🫶အားတွေကျရပါသော ......
#ဖြိုးလေး
#ဝါဆိုမိုးဦး
#celenews

image
19 w - Translate

ချစ်သူလေးဝါဆိုမိုးဦးနဲ့အတူ
စင်ပေါ်မှာ ရှယ်ကြူးပြတဲ့ အဆိုတော်ဖြိုးလေး
အရမ်းချစ်တတ်သောဘဲကြီးပါနော်🫶အားတွေကျရပါသော ......
#ဖြိုးလေး
#ဝါဆိုမိုးဦး
#celenews

image