ရွာငံမှာ ပစ်ခတ်မှုတွေဖြစ်လို့ တန်ဆောင်တိုင်လာတဲ့ကားတွေ ရာနဲ့ချီ ပိတ်မိနေ

နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်၊ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် တောင်ကြီးတန်ဆောင်တိုင်ကိုလာတဲ့ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။

မန္တလေး- ဟန်မြင့်မိုရ်- ရွာငံ--အောင်ပန်း-ရွှေညောင်-တောင်ကြီးအထိ သွားလို့ရတဲ့ လမ်းပိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လမ်းပိတ်ဆို့စစ်ဆေးနေတဲ့အတွက် ဒီညနေ ပိုင်းအထိ ခရီးသွားကားတွေ ရာနဲ့ချီ ပိတ်မိနေတာဖြစ်ပြီး အများစုဟာက တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာတဲ့ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဟန်မြင့်မိုရ်က တက်လာရင် ရွာငံမြို့အဝင်မရောက်ခင်နားလေးမှာ သေနတ်သံတွေ ဆက်တိုက် ကြားလိုက်ရတယ်။ အဲဒီနားမှာတော့ ရွာငံအဝင် စစ်ဆေးရေးဂိတ်၊ ရဲကင်းဂိတ်လိုဟာမျိုး ရှိတယ်၊ အဲဒါကို လာပစ်တာ ထင်တယ်။ သေနတ်သံတွေကြားတော့ ကားတွေအကုန်လမ်းဘေးချရပ်ထားလိုက်တယ်။ ညနေအထိ စစ်ဆေးနေတာမပြီးသေးတော့ ကားရာနဲ့ချီပိတ်နေတာ”လို့ ခရီးသွားတယောက်က ပြောပါတယ်။

အဲဒီလမ်းပိုင်းကိုဖြတ်သန်းလာတဲ့ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်တွေကို လုံခြုံရေးစစ်ဆေးနေတာကြောင့် ဖြတ်သန်းခွင့်မပြုသေးတာဖြစ်ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကို သေချာမသိရသေးသလို သေနတ်သံ ၁၀ချက်ထက်မနည်း ကြားလိုက်ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတယောက်က ဆိုပါတယ်။

ရွာငံမြို့နယ်မှာ အရင်က နစကနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အခြေစိုက်ထားတာ မရှိပေမယ့် နစကက အာဏာရယူပြီးနောက်မှာတော့ နစကတပ်ဖွဲ့က တပ်စွဲထားတာရှိသလို ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပြီး နစကနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။

ဓာတ်ပုံ-KN

#centralnewsnaypyitaw

image
22 w - Translate

ပွဲတော်များစွာရှိနေတဲ့ မြန်မာလူမျိုးတို့ရဲ့ ပျော်ရွှင်စရာ တန်ဆောင်မုန်းလပြည့်နေ့ရက်မြတ်မှသည် လူကြီးမိဘ၊ဆရာသမားများကို ကန့်တော့ပူဇော်ခြင်း၊ကထိန်အလှူအတန်းများနှင့်အတူ ပျော်ရွှင်စွာဖြတ်သန်းရင်း ကုန်ဆုံးနိုင်ကြပါစေလို့ My Space မှ ဆုတောင်းပဏ္ဏာပြု လိုက်ရပါတယ် ခင်ဗျာ …

#myspaceadmin
#frankiestories

image

ရွှေတိဂုံစေတီတော်၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲ ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ ၁၅

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ (၃၆) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကို စေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေ၌ နိုဝင်ဘာလ ၁၄ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Credit - ဆင်ဟွာသတင်းဌာန

#သတင်းဟင်းလေးအိုးကြီး

#မသိုးသင်္ကန်း #ရွှေတိဂုံစေတီတော် #ရန်ကုန်မြို့

imageimage
+7

ခြေစမ်းပွဲမှာ စင်္ကာပူကို မြန်မာအရေးနိမ့်

နိုဝင်ဘာ ၁၅

နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၄ရက်နေ့က ကစားခဲ့တဲ့ စင်္ကာပူအသင်းနဲ့ မြန်မာအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် စင်္ကာပူ အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ စင်္ကာပူအသင်းဟာ ပွဲချိန် ၆ မိနစ်မှာ သွင်းယူထားတဲ့ဂိုးနဲ့ မြန်မာအသင်းကို ပထမပိုင်းမှာ ၁ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ သွင်းဂိုးရရှိဖို့ ကြိုးစားခဲ့တာကြောင့် ပွဲချိန် ၄၇ မိနစ်မှာ ချေပဂိုးနဲ့ ၅၂ မိနစ်မှာ ဦးဆောင်ဂိုးပါ ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကို ရဲရင့်အောင်နဲ့ သီဟဇော်တို့က သွင်းယူခဲ့တာပါ။

ဒါပေမယ့် မြန်မာအသင်းဟာ ပွဲပြီးခါနီး ၈၄ မိနစ်နဲ့ ၈၆ မိနစ်မှာ စင်္ကာပူအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုး ပေးခဲ့ရပြီး ရှုံးပွဲကြုံတွေ့သွားခဲ့ပါတယ်။

စင်္ကာပူအသင်းကို အရေးနိမ့်ခဲ့တာဟာ နည်းပြ ဦးမျိုးလှိုင်ဝင်း လက်ထက်မှာ မြန်မာအသင်းရဲ့ ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။

မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ လက်ဘနွန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image

!

မမမိုး

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်( ၄ )ရက်မြောက်နေ့မှတော့ အနယ်နယ် အရပ်ရပ် က လာရောက် လည်ပတ်တဲ့ပြည်တွင်း/ ပြည်ပ ဧည့်သည်များနဲ့ စည်ကားလျက်ရှိပြီး မီးပုံးပျံများလည်း အောင်မြင်စွာ လွှတ်တင်နိုင်ကြောင်း သိရပါတယ် ။

#သတင်းဟင်းလေးအိုးကြီး

မိုးညှင်းမြို့နယ်တွင် သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ငွေကျပ်သိန်း ၁၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅နာရီ ၅၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းသူရ(ခ)ရာဇာမြင့် မောင်းနှင်ပြီး မစိန်းမြ နှင့် မမျိုးသူဇာလှိုင်(ခ)သူဇာ တို့လိုက်ပါလာသော သုံးဘီးဆိုင်ကယ် အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၄.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁,၁၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉နာရီ အချိန် ဂမ်ဒီး(ခ)ဂမ်အောင်အား မိုးညှင်းမြို့၊ အောင်သပြေ(၁)ရပ်ကွက်ရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈,၅၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၇၀)၊ TOYOTA HILUX SURF မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းသူရ(ခ)ရာဇာမြင့်(၂၃)နှစ်၊ မစိန်းမြ(၆၄)နှစ်၊ မမျိုးသူဇာလှိုင် (ခ)သူဇာ(၃၂)နှစ်နှင့် ဂမ်ဒီး(ခ)ဂမ်အောင်(၃၄)နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။

#centralnewsnaypyitaw

image

နိုဝင်ဘာ ၁၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image

နိုဝင်ဘာ ၁၅ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image