ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အသေခံဒရုန်းတွေ အလုံးအရင်းနဲ့ထုတ်လုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် အမိန့်ပေး
နိုဝင်ဘာ ၁၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ အသေခံဒရုန်းတွေ စမ်းသပ်မှုနဲ့ပတ်သက်ပြီး ကြီးကြပ်ညွှန်ကြားခဲ့ကာ ဒီလိုဒရုန်းတွေ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့ အမိန့်ထုတ်ပေးလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဒီကနေ့မှာ ဖော်ပြလာပါတယ်။
ကမ္ဘာတဝန်းမှာလည်း ဒီလိုအသေခံဒရုန်းတွေကို ထုတ်လုပ်အသုံးပြုနေကြပြီး စစ်ရေးသီအိုရီရဲ့ အရေးပေါ်အခြေအနေတရပ်အဖြစ် လိုတပ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ ထုတ်လုပ်မှုစနစ်ကို အမြန်ဆုံးတည်ဆောက်ပြီး အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုကို အပြည့်အ၀လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။
လက်ရှိမှာတော့ အသေခံဒရုန်းတွေကို ခဲယမ်းမီးကျောက်လို လက်နက်တခုအဖြစ် ယူကရိန်းစစ်ပွဲမှာသာမက အရှေ့အလယ်ပိုင်းမှလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး ကမ္ဘာတဝန်းမှာလည်း ပြိုင်ဆိုင်မှု အရှိန်မြင့်နေပါတယ်။
မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းကစပြီး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာခဲ့ကာ အသေခံဒရုန်းထုတ်လုပ်မှု နည်းပညာတွေဟာ ရုရှားဆီကနေ အကူအညီရတာမျိုး ဟုတ်မဟုတ် မေးခွန်းထုတ်မှုတွေလည်းရှိနေပါတယ်။
မကြာသေးမီက မြောက်ကိုရီးယားနဲ့ ရုရှားခေါင်းဆောင်တို့ဟာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ အပြန်အလှန်ကာကွယ်ပေးရမယ်ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။
လက်ရှိမှာတော့ ရုရှားအနောက်ပိုင်းဒေသကို မြောက်ကိုရီးယားစစ်သားတွေ ဖြန့်ကြက်ထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သားတွေ ပါဝင်တိုက်ခိုက်နေပြီလို့ အခိုင်အမာပြောဆိုထားပါတယ်။
Ref:Reuters
Photo:KCNA
#centralnewsnaypyitaw
မုန့်ပစ်စလက် (သို့) မုန့်ပျားသလက် ( သို့) မုန့်ပစ်သလက်
ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ တဆေး (yeast) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၄။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ပဲပြုတ် - လက်တဆုပ်စာ
၆။ ကြက်သွန်မြိတ်(ပါးပါးလှီး) - ၂ ပင် (သို့) ၃ ပင်
၇။ ဆီ
နှမ်းထောင်း အတွက် - နှမ်းလက်ဖက်ရည်ဇွန်း ၃ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ကို ထောင်းထားပါ။
ပြုလုပ်နည်း
၁။ ဆန်မှုန့်၊ ရေ၊ ဆားနှင့်တဆေးတို့ကို အ၇ည်ဖျော်ပြီး တည သိပ်ထားပါ။ အနည်းဆုံး ၈ နာရီခန့်ထားပါ။(နောက်နေ့မနက်စား၇န်အတွက်)
၂။ မကပ်သော ကြက်ဥကြော်သော အ၇ွယ် ဒယ်အိုးကို သုံးရင် ပို အဆင်ပြေပါတယ်။ ဒယ်အိုး အကြီးကိုသုံးမည် ဆို၇င် မုန့်အနှစ်ထဲ မှာ ေ၇လျော့ထည့်ပါ။ (မုန့်သားမထူမှာစိုးလို့ပါ။)
၃။ ဒယ်အိုးထဲကို ဆီ အနည်းငယ် (ဆီစွတ်၇ုံ) ထည့်ပြီး medium heat ဖြင့် အပူပေးပါ။ အိုး ပူလာလျှင် တညသိပ်ထားသော မုန့်နှစ်ကို ယောက်ချိုဇွန်း ၁ ဇွန်းခွဲ ခန့်ထည့်ပါ။ ပြီးလျှင် အပေါ်မှ ပဲပြုတ် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ။ (မီးအေးအေး medium heatနှင့်ပဲလုပ်ပါ။)
၄။ မုန့်သား မှာအပေါက်ကလေးများဖြစ်လာလျှင် အပေါ်မှ အဖုံးအုပ်ပြီး ၁ မိနစ် ခန့်ထားပါ။
၅။ ထို့နောက် မီးဖိုပေါ်မှ ချရ်ျ နှမ်းထောင်းလေးဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက်)(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၁၅ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၅၆၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၁၈၈၆၀၉ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၃၀ ကျပ်
ဝယ်ဈေး - ၄၄၃၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၇၀ ကျပ်
ဝယ်ဈေး - ၃၃၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၄၅ ကျပ်
ဝယ်ဈေး - ၄၆၂၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၉.၀၃ ကျပ်
ဝယ်ဈေး - ၁၂၅.၇၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၀၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၈.၉၀ ကျပ်
ဝယ်ဈေး - ၂၈.၁၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၂၁ ကျပ်
ဝယ်ဈေး - ၅၁.၅၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၁ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၀၀ ကျပ်
ဝယ်ဈေး - ၅၅၅၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၀၅ ကျပ်
ဝယ်ဈေး - ၂၈၃၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၈ ကျပ်
ဝယ်ဈေး - ၅၆၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။