ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒေလီမှာ မီးခိုးမြူတွေကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားရ
အိနိ္ဒယနိုင်ငံ ဒေလီမြို့မှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာတာကြောင့် မူလတန်းကျောင်းအားလုံးကို ပိတ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေလီနဲ့မြောက်ပိုင်း ပြည်နယ်တွေမှာ အပူချိန်ကျဆင်းခြင်း၊ မီးခိုးတွေ၊ ဖုန်မှုန့်တွေ၊ လေတိုက်နှုန်းနည်းတာနဲ့ မော်တော်ယာဉ်တွေကနေ မီးခိုးထုတ်လွှတ်တာတွေနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေကို မီးရှို့တာတွေကြောင့် ဆောင်းရာသီမှာ မီးခိုးမြူတွေ နှစ်စဉ်ကျရောက်လေ့ရှိပါတယ်။
မြို့တော်ကို ဖုံးလွှမ်းနေတဲ့ မီးခိုးမြူတွေကြောင့် မူလတန်အားလုံးကို ပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားမှုပြောင်းလဲ ပြုလုပ်မယ်လို့ မြို့တော်ဝန် အာတီရှီမာလီနာဆင့်ချ်ကဆိုပါတယ်။
ဒေလီနဲ့ အနီးနားရှိမြို့တွေမှာတော့ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုတွေ ကြုံတွေ့နေရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ လေထုအဆင့်ထက် အမှုန်အမွှားတွေဟာ အဆ ၅၀ ပိုမိုပါဝင်နေတယ်လို့ ပြောပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဒေလီဒေသခံတွေဟာ မျက်လုံးယားယံခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ မြို့တော်ဒေလီမှာ နေ့စဉ်လူသေဆုံးမှုရဲ့ ၇ ဒသမ ၂ ရာခှိုင်နှုန်းဟာ အမှုန်အမွှားတွေနဲ့ လေထုညစ်ညမ်းမှုများကြောင့်ဖြစ်တယ်လို့ ဇူလိုင်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဆီးချို သွေးချိုပညာပေးကုသဌာနများ ဖွင့်လှစ်ထားရှိ
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဆီးချို သွေးချိုပညာပေးကုသဌာနများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားအဖြစ် ကျင်းပသည့် နိုဝင်ဘာ ၁၄ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသမှ ပြည်သူများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေရေးအတွက် ကျေးလက် ကျန်းမာရေး ဌာနများတွင် ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိပြီး ကုသမှုအတွက် လိုအပ်သော အခြေခံ ဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးခြင်း၊ လက်ရှိတွင် ဆေးခန်း ၇၅၁၆ ခု ဖွင့်လှစ်ထား ရှိခြင်း၊ ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် ကုသမှုရရှိ စေပြီး နောက်ဆက်တွဲရောဂါဝေဒနာများ ခံစားရခြင်းမှ ကာကွယ်နိုင်ရန်နှင့် ဆီးချို သွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာများ မြင့်မားစေရန်အတွက် ဆီးချို သွေးချိုပညာပေးကုသဌာန များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့အပြင် ဆီးချို သွေးချို ရောဂါအန္တရာယ်ကို တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သည့် ကျန်းမာရေးပြဿနာအဖြစ် အလေးထားပြီး ရောဂါကာကွယ်ကုသခြင်းနှင့် ရောဂါ ထိန်းချုပ်ခြင်းဆိုင်ရာ အခြေခံအရေးကြီးသည့်အချက်များကို ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထုကို အသိပညာပေးရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆေးပညာရှင်များနှင့် ပြည်သူလူထု စုပေါင်းအားဖြင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သေးသည်။
Breaking News!!!
ပြင်သစ်လီဂူးဝမ်း နာမည်ကျော် ကလပ်အသင်း လိုင်ယွန်ဟာ သူတို့အသင်းရဲ့ ဘဏ္ဍာရေး ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ လီဂူးတူးဆီ တန်းဆင်းသွားရတော့မှာ ဖြစ်တဲ့အပြင် Transfer Ban လည်း ခံရတော့မှာပဲ ဖြစ်ပါတယ်။
လိုင်ယွန်အသင်းဟာ လက်ရှိ ရာသီမှာ လီဂူးဝမ်းပြိုင်ပွဲအတွင်း အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နာမည်ကျော် ဘောလုံးသမားကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ အသင်းကောင်းတစ်သင်းလည်း ဖြစ်ခဲ့ပါတယ်။
တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာ ပူဇော်ပွဲ
#သတင်းဟင်းလေးအိုးကြီး
တောင်ကြီး တန်ဆောင်မုန်းလပြည့်ည ရိုးရာမီးပဒေသာ ပူဇော်ပွဲ
#centralnewsnaypyitaw
ကြက်ပင်စိမ်း
ကြက်သားတွေကိုသေးသေးတုံးပြီး ဆား ဟင်းခတ်မှုန့်နယ်ထား
ကြက်သွန်နီလေးစိတ်စိတ်ရယ်
ကြက်သွန်ဖြူဓားပြားရိုက်တွေရယ်ကိုဆီသပ်
နွမ်းရင်ငရုတ်သီးခွဲခြမ်းထည့်ကြော်
ပြီးရင်ကြက်သားတွေထည့်ပြီးကြော်
ကြက်သားတွေနူးရင်
ပဲသီးစိမ်းနဲ့ပင်စိမ်းရွက်ထည့်ကြော်ပါတယ်
အစပ်ကြိုက်ရင်ငရုတ်သီးစိမ်းပါထည့်ပါ