Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်မှ ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်
ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများ ကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ နိုဝင်ဘာ (၂၀)ရက်က ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ အာဆီယံနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်သားကာ၊ အာဆီယံ-ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ မူဘောင် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။