7 ပတ် - ဘာသာပြန်ပါ။

အချဉ်ပေါင်းသုပ် လုပ်စားကြမယ်

ပထမဆုံး ငရုတ်သီးစိမ်းထောင်းထားမယ် ကိုယ် စပ်ချင်သလောက်သာ ထောင်းထား

ထန်းလျက်ခဲ ဆယ်ခဲလောက် ကို ရေနဲ့ ကျိုထားပြီး သဲတွေ စစ်ထားမယ်

ပုဇွန်ခြောက် ရေစိမ်ထားမယ်

ပြီးရင် သဲစစ်ထားတဲ့ ထန်းညက်ရည်ကျိုအိုး ထဲကို ထောင်းထားတဲ့ ငရုတ်သီးစိမ်း ရေစိမ်ထားတဲ့ ပုဇွန်ခြောက် ငါးပိစိမ်းဆားနည်းနည်း ငံပြာရည်နည်းနည်းထည့်ပြီး ချက်မယ်(တချို့ မရမ်းပြားခြောက်တွေက ဆားအရမ်းများလို့ ငန်သွားနိုင်လို့ ထည့်မယ်ဆို သတိထားပါနော်)

ပြီးရင် အနှစ်ပါတဲ့ ဆီးယို မရမ်းယို ကီဝီသီးခြောက် အစရှိတဲ့ ကိုယ်နှစ်သက်ရာ ယိုစုံတွေ ဖောက် ထည့်ပါ

နောက် အအေးခံ လေလုံဗူးထဲ ထည့်ပြီး သုံးဆောင်လို့ရပါပြီ

ရှောက်ရည် သံပရာရည် မညှစ်ထည့်ပါဘူး

ပို အထားခံရအောင်ပါ နော်

image