EV ကားတွေမှာ ရိုးရိုး တာယာ သုံးလို့ရလား???
သုံးချင်ရင်တော့ သုံးလို့ရပါတယ် ဒါပေမဲ့ အားမပေးချင်ပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေတို့ရဲ့ EV ကားအတွက် ရိုးရိုး Standard All Season Tire တွေကို ဝယ်သုံးလိုက်တာက စျေးနှုန်းအားဖြင့် အနည်းငယ် သက်သာနိုင်ပေမယ့် မိတ်ဆွေတို့ EV ရဲ့ သွားနိုင်တဲ့ အကွာအဝေး Range နဲ့ Performance ပိုင်းဆိုင်ရာတွေကို ထိခိုက်နိုင်တဲ့အပြင် မျှော်မှန်းထားတာထက် ပိုစောပြီး တာယာ လဲလိုက်ရတာမျိုး ကြုံရနိုင်ပါတယ်။
ဘာလို့လဲဆိုတော့ ရိုးရိုး Standard Tire တွေက ပုံမှန် အင်ဂျင်ကားတွေရဲ့ အလေးချိန်တွေအပေါ်မှာပဲ တွက်ချက်ထုတ်လုပ်ထားတာ ဖြစ်ပြီး Battery တွေကြောင့်အလေးချိန်ပိုများပြီး တာယာတွေအပေါ်မှာ အား ပိုသက်ရောက်မှု ရှိတဲ့ EV ကားတွေအတွက်တော့ ကိုက်ညီမှု ရှိမှာ မဟုတ်ပါဘူးဗျ။
EV ကားတွေရဲ့ အလေးချိန်က တာယာအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိလဲ?
ကားတာယာက လမ်းရဲ့ မျက်နှာပြင်နဲ့ အဆက်မပြက် ထိတွေ့နေရတဲ့ တခုထဲသော အစိတ်အပိုင်းဖြစ်ပါတယ်။ ကားတွေရဲ့ အလေးချိန်များလေလေ တာယာအပေါ် ဝန်ပိုပိစေလေလေ ဖြစ်ပြီး တာယာရဲ့ Rubber Treads အပေါ် အားပိုသက်ရောက်မှု ဖြစ်စေပါတယ်။ အလေးချိန်ပိုလာတာက တာယာရဲ့ လမ်းမျက်နှာပြင်နဲ့ ပွတ်တိုက်မှုကို ပိုမိုဖြစ်စေပြီး တာယာရဲ့ သက်တမ်း မြန်မြန်တိုနိုင်ပါတယ်။
သုတေသန မှတ်တမ်းတွေအရ EV ကားတွေက တခြားသော ICE ကားတွေထက် အလေးချိန် 30% လောက်ပိုများနေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် 2024 Hyundai Kona မော်ဒယ်တစ်မျိုးထဲမှာဆိုရင် gas ကားရဲ့ လေးချိန်က 3,053 pounds ရှိပြီး Kona EV ရဲ့ အလေးချိန်ကတော့ 3,758 pounds အထိ ရှိနေတာကို နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။EV ကားတွေဟာ အင်ဂျင်ကားတွေထက် အလေးချိန်ပိုများတာကြောင့် တာယာသက်တမ်းကို ပိုတိုစေနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် EV ကားတွေအတွက် တာယာဝယ်တဲ့အခါမှာတော့ ကိုယ့်ရဲ့ EV နဲ့ ကိုက်ညီမယ့် EV တာယာများကိုသာ သုံးစွဲသင့်ပါတယ်။
EV ကားစျေးကွက် တရွေ့ရွေ့ များလာတဲ့ မြန်မာနိုင်ငံမှာရော EV ကားအသုံးပြုသူတွေအနေနဲ့ ဘယ်လိုတာယာတွေကို ဘာကြောင့် ရွေးချယ် အသုံးပြုနေကြမလဲဆိုတာ မိတ်ဆွေတို့ရဲ့ ထင်မြင်ချက်လေးတွေ မျှဝေပေးခဲ့လို့ရပါတယ်။
