18 w - Translate

Pre-order မှာယူလို့ရပြီဖြစ်တဲ့ Wuling Hongguang Mini EV 5 door

နာမည်ကျော် Wuiling ကနေ သူတို့ရဲ့ 5-door Hongguang Mini EV ကို Pre-Order ပြုလုပ်နိုင်ပြီဖြစ်ကြောင်း
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာလိုက်ပါပြီ။ အဆိုပါကားသစ်မှာ 4 door type ဖြစ်ပေမယ့် Wuling ဘက်ကနေတော့ five-door hatchback အဖြစ် တရားဝင် ကြေညာထားတာကိုတော့ တွေ့ရပါတယ်။

လက်ရှိကားသစ်က Wuling Hongguang Mini EV ရဲ့ second generation version ဖြစ်ပါတယ်။ ကားရဲ့ ဒီဇိုင်းပိုင်းနဲ့ စီးနင်းနိုင်မှု ပုံစံတွေကို new Tianyu S platform မှာ ဆင့်ကဲပြောင်းလဲမှုတွေ ပြုလုပ်ပြီး 3 door versions နဲ့ 5-door versions နှစ်မျိုးလုံးကို ရရှိနိုင်တော့မှာဖြစ်ပါတယ်။ first-generation Mini EV တုန်းက ဆိုရင်လည်း 2020 ခုနစ်မှာ စတင်မိတ်ဆက်ပေးနိုင်ခဲ့ပြီး အစီးရေ 1.4 သန်းကျော် အထိကို ရောင်းချခဲ့ရတာပါ။

တရုတ်နိုင်ငံမှာ Preorders မှာယူသူတွေအတွက် ခံစားခွင့်အနေနဲ့ 1,400 USD တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို ပေးအပ်သွားမယ်လို့ ကြော်ငြာထားပါတယ်။ ထူးထူးခြားခြားတစ်ခုကတော့ drivetrain အတွက် lifetime warranty နဲ့ 3.5 kW charging pile ရရှိနိုင်မယ်ဆိုတဲ့အချက်ပါပဲ။

3 door versions နဲ့ 5-door versions နှစ်မျိုးလုံးက 3256, 1510, and 1578 mm (l/w/h) ရှိပြီး Wheelbase 2190 mm အရွယ်အစားအတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် first-generation ကားရဲ့ အရွယ်အစားက 3064/1493/1641 mm နဲ့ wheelbase 2010 mm ရှိတာကြောင့် အခု second generation ကားသစ်က သိသိသာသာပိုကြီးပါတယ်။ all-new Mini EV တွေ အကုန်လုံးမှာတော့ 13-inch wheels တွေကိုပဲ အသုံးပြုထားတာပါ။

အခုလို ပိုကြီးလာတာကြောင့် အတွင်းခန်းမှာလည်း အတော်လေး ကျယ်ဝန်းလာစေပြီး caramel cream color scheme အသစ်လည်း ပါဝင်လာပါတယ်။ အပြင်ပိုင်းမှာဆိုရင်လည်း puffed blue, bubble green, and sweet coffee လို့ခေါ်တဲ့ ‘fantasy high definition’ အရောင် ၃ မျိုး ဖြင့် ရရှိနိုင်မှာပါ။ အရောင်ပြောင်းလဲမှုအပိုင်းမှာလည်း သိသာတဲ့ ဆွဲဆောင်မှုရှိစေဖို့အတွက် 7-layer coating process ကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။

အခု အသစ်ထွက်ရှိလာမယ့် second-generation car ရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် maximum output 30 kW ရှိတဲ့ TZ155XZ230 electric motor ကို ထည့်သွင်းပေးထားပြီး top speed 100 km/h ရှိပါတယ်။ Gotion or Saike Ruipu Power Battery System ကနေ ထောက်ပံ့ပေးထားတဲ့ 16.2 kWh lithium iron phosphate battery pack တွေကို အသုံးပြုထားတာကြောင့် CLTC range 205 km အထိ မောင်းနှင်နိုင်မှာပါ။

အဆိုပါကားသစ်က အရင် ဗားရှင်းတွေထပ်စာရင် platform နဲ့ dimension တွေပြောင်းထားသာမက ကားအရှေ့ပိုင်းမှာဆိုရင်လည်း အရင် Mini EV တွေထပ် ပိုမိုး လုံးလုံးဝန်းဝန်းပုံစံအဖြစ် Design ပိုင်းတွေကိုပါ အပြောင်းအလဲ ပြုလုပ်ထားတာပါ။

မြန်မာနိုင်ငံမှာဆိုရင်လည်း Wuling Mini EV တွေ ရောင်းချပေးနေတာဆိုတော့ အခု Version အသစ်ဖြစ်တဲ့ Wuling Hongguang Mini EV 5 door ဗားရှင်းကိုရော ရောင်းချပေးမှာလား သူ့ဈေးတန်းအရဆိုရင်ရော တန်တယ်လို့ ခံစားရလားဆိုတာကို အမြင်လေးတွေ မျှဝေပေးခဲ့ပါဦး ခင်ဗျာ။

image

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် လာမည့်ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်း ရေလုပ်သားလေးဦးအမြန် ပြန်လွှတ်ပေးရေးအတွက် မြန်မာ အရာရှိနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံသားလေးဦး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်ဆဲအခြေအနေတွင် ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC) ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ဒုတိယဝန်ကြီးချုပ်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်လည်း ဆွေးနွေးခဲ့ပြီး ထိုင်းလေးဦး ကို ပြန်လွှတ်ရေးလုပ်ငန်းစဉ် နှောင့်နှေးနေရခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများကြောင့်သာဖြစ်ကြောင်း သိခဲ့ရကာ အခြားပြဿနာများမရှိကြောင်း အာမခံချက်ရခဲ့သည်ဟု သူက ပြောဆိုသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီး ဖမ်သန် ဝီချာယာချိုင်းကလည်း ရေလုပ်သားလေးဦး၏ မိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး အခြေအနေနှင့်ပတ်သက်၍ အသိပေးရန် TBC နှင့် အခြားဌာနများကို ညွှန်ကြားထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

image
18 w - Translate

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်၌ မိုးသက်လေပြင်းများကျရောက်မည်

ကပ္ပလီပင်လယ်ပြင်၌ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများကျရောက်နိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ည ၆ နာရီထုတ်ပြန်ချက်အရ သိရသည်။

လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း ယင်းနှင့်ဆက်စပ်နေသော ကပ္ပလီကျွန်းအနီးတွင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ လာမည့် (၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ရောက်ရှိပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်၍ အမြင့်(၄)ပေမှ (၆)ပေခန့်ရှိသည့် လှိုင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

image
18 w - Translate

မိန်ကလေး သူငယ်ချင်းတွေနဲ့
ခရီးသွားဖူးတဲ့ သူတွေဆိုသိကိုသိတယ်😣

အိတ်လွယ်ပေးရုံတင်မကဘူးနော်
ပုံပါရို၊က်ပေးရတယ် မလှရင်စေတနာကိုမပါဘူး ပြန်ရို-က်ပေးဆိုတာပါသေးတယ်🤧

#popular Paoh Stars
📷-Bagn Lover

image
18 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(ဒီဇင်ဘာ - ၁၄ ရက်)
#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၀၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၆၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၂၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၆၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၂၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၀၅ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၆ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၁၃ ကျပ်
ဝယ်ဈေး - ၂၈.၄၁ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၂ ကျပ်
ဝယ်ဈေး - ၅၁.၄၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၅ ကျပ်
ဝယ်ဈေး - ၅၅၁၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

ကိုးရီးယားကြာဇံကြော် ♡
Fried Sweet Potato Noodles >> Glass Noodles
❀ ❀ ❀ ❀ ❀ ❀
ကန်ဇွန်းဥကထုတ်ထားတဲ့ကန်ဇွန်းဥကြာဇံကိုသုံးပြီးကြော်ထားတာပါ။ပဲကြာဇံကဖြူပြီးကန်ဇွန်းဥကြာဇံကအနည်းငယ်ညိုပါတယ်။ကိုးရီးယားကုန်စုံဆိုင်များမှာရနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥကြာဇံ - ၂၀၀ ဂရမ်
ကြက်သား/အမဲသား/ပုဇွန်
ကြက်သွန်နီ - တစ်ခြမ်း
မုန်လာဥနီ - တစ်စိတ်
ရှီတာခီမှို - ၅ပွင့်
ငရုပ်ပွနီ/စိမ်း- တလုံး
ကြက်ဥအနှစ် - နှစ်လုံး
ဟင်းနုနွယ်ရွက်/မုန်ညင်းစိမ်း- တစ်စည်း
ပဲငံပြာရည်အကြည် - ၅ဇွန်း
နှမ်းဆီမွေး - ၅ဇွန်း
နှမ်းလှော် - ၂ဇွန်း စားပွဲဇွန်း
ဆား-အနည်းငယ်
သကြား - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြာဇံကိုရေနွေးပွက်ပွက်ဆူတွင်၇မိနစ်ပြုတ်ပြီးရေအေးလောင်းကာရေစစ်ထားပါ။
(၂)နှစ်သက်ရာအသားငါးပုဇွန်ကိုပြင်ဆင်ထားပါ။
(၃)မုန်လာဥနီကိုအမျှင်ချောင်းလေးများစိတ်ထားပါ။ရှီတာခီမှိုခြောက်ကိုရေစိမ်ပြီး ပါးပါးလှီးထားပါ။ငရုပ်ပွကိုအချောင်းေ လးများစိတ်ထားပါ။ကြက်သွန်နီအမြော င်းစိတ်ထားပါ။
(၄)ကြက်ဥအနှစ်ကိုခေါက်ပြီးအိုးအပူရှိန်အနည်းငယ်ဖြင့်ပါးပါးလေးအချပ်လိုက်ရအောင်ကြော်ပြီးအမျှင်လေးများစိတ်ထားပါ။
(၅)ဟင်းနုနွယ်ရွက်သို့မဟုတ်မုန်ညင်းစိမ်းကိုရေနွေးဖျောပြီးရေစစ်ထားပါ။ပုဇွန်ကိုလည်းရေနွေးဖျောထားပါ။အသားထည့်လိုပါကအရသာထည့်ပြီးကြော်ပေးပါ။
(၆)အားလုံးအသင့်ဖြစ်ပါကဇလုံတခုတွင်ပြုတ်ထားပြီးသောကြာဇံကိုထည့်ပြီးကပ်ေ ကြးဖြင့့်အနည်းငယ်ညပ်ပြီးဖြတ်ပေးပါ။ဆားအနည်းငယ်ပဲငံပြာရည်တစ်ဇွန်းနှင့်နှမ်းဆီမွေးထည့်ပြီးသမအောင်မွေထားပါ။
(၇)ရေနွေးဖျောထားသောမုန်ညင်းရွက်ကိုလည်းပဲငံပြာရည်၊ဆီမွေးဖြင့်နယ်ပြီး ကြာဇံထဲထည့်ပါ။ပုဇွန်ထည့်ပါ။
(၈)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာမှိုပါးပါးစိတ်ထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ထည့်ပါ။ပြီးလျှင်ဆယ်ယူပြီးကြာဇံဇလုံတွင်ထည့်ပါ။အထက်ပါနည်းအတိုင်းမုန်လာဥနီ၊ကြက်သွန်နီငရုပ်ပွတို့ကိုတမျိုးဆီကြော်ပြီးကြာဇံထဲသို့ထည့်ပါ။ကြက်ဥကြော်အမျှင်စိတ်ထားသည်ကိုထည့်ပါ။
(၉)အားလုံးကြော်ပြီးပါကလက်ကျန်ပဲငံပြာရည်နှင့့်ဆီမွေးသကြားတို့ကိုထည့်ပြီးသမအောင်မွေပေးကာနှမ်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀သီးနှံနှင့်ကြာဇံတို့ကိုအားလုံးပေါင်းမကြော်ဘဲတခုဆီကြော်ထားတဲ့အတွက်အသီးအနှံများရဲ့အရောင်များဝါသွားခြင်းမရှိဘဲလှလှပပအရောင်စုံလေးရရှိမှာဖြစ်ပါတယ်။

image
18 w - Translate

TGIS 😁

image
18 w - Translate

နေ့လည်ခင်း တရေးတမောအိပ်ချင်ရင် ဒီနည်းလေးသုံးနော်😝

image
18 w - Translate

Green detox

image