Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင် ဟာ
အကယ်ဒမီဆုအတွက် ဆန်ကာတင် ၈ကြိမ် ဝင်ခဲ့ဖူးပြီး အကယ်ဒမီဆု ၃ဆုဆွတ်ခူးရရှိခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့် ဟာ
အကယ်ဒမီဆုအတွက် ဆန်ကာတင် ၇ကွိမျဝငျခဲ့ဖူးပွီး
အကယ်ဒမီ ဆု ၂ဆုဆွတ်ခူးရရှိခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ စိုးမြတ်နန္ဒာဟာ
အကယ်ဒမီဆု အတွက် ဆန်ကာတင် ၅ကြိမ်ဝင်ခဲ့ပြီး
အကယ်ဒမီဆု ၂ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ နန္ဒာလိူင်ဟာ အကယ်ဒမီဆု အတွက် ဆန်ကာတင် ၅ကြိမ်ဝင်ခဲ့ဖူးပြီး
အကယ်ဒမီဆု ၂ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဝတ်မူန်ရွှေရည်ဟာ
အကယ်ဒမီဆုအတွက် ဆန်ကာတင် ၆ကြိမ်ဝင်ခဲ့ဖူးပြီး
အကယ်ဒမီဆု ၂ဆုဆွတ်ခူးရရှိခဲ့ပါတယ်။
အကယ်ဒမီများရှင် ဖွေးဖွေးဟာ
အကယ်ဒမီဆုအတွက် ဆန်ကာတင် ၅ ကြိမ်ဝင်ခဲ့ဖူးပြီး
အကယ်ဒမီဆု ၃ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ဟာ
အကယ်ဒမီဆုအတွက် ဆန်ကာတင် ၄ကြိမ် ဝင်ခဲ့ဖူးပြီး
အကယ်ဒမီဆု ၂ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။
မိုးဟေကိုဟာ အကယ်ဒမီဆုအတွက် ဆန်ကာတင် ၃ကြိမ်
ဝင်ခဲ့ဖူးပါတယ်။
နဝရတ်ဟာ အကယ်ဒမီ ဆုအတွက်
ဆန်ကာတင် ၄ကြိမ်ဝင်ခဲ့ဖူးပါတယ်။
ခင်ဝင့်ဝါဟာ အကယ်ဒမီဆုအတွက် ဆန်ကာတင်
၂ကြိမ်ဝင်ခဲ့ဖူးပြီး အကယ်ဒမီဆု ၁ဆု ပိုင်ဆိုင်ထားပါတယ်။
ပိုင်ဖြိုးသုဟာ အကယ်ဒမီဆုအတွက် ဆန်ကာတင်၂ကြိမ်
ဝင်ခဲ့ပြီး အကယ်ဒမီဆု ၁ဆု ပိုင်ဆိုင်ထားပါတယ်။
#credit
ကော့သောင်းမြို ရေလယ်တွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား
တနသ်ာရီတိုင်းဒေသကြီး ကော့သောင်းမြို အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ရပ်နားထားသည့် ယုဇနကုမ္ပဏီမှ MV ပြည့်ရတနာဝင်း ကုန်သင်္ဘောမှာ ဒီဇင်ဘာ ၁၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါMV ပြည့်ရတနာဝင်း သင်္ဘောပိုင်ရှင် ဦးကျင်တိုး၊ ရေယာဉ်မှူး ဦးတင်ရွှေပါ သင်္ဘောသား ၂၂ ဦးသည် ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြိုမှ ကော့သောင်းမြိုသို ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်၍ ရေလယ်တွင်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၃ ရက်ကအချိန်တစ်နာရီကျော်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
NOM၊
နိုင်ငံတကာသတင်းတိုများ
၁။ရုရှားသည်ဆီးရီးယားတွင်စစ်စခန်းများဆက်လက်ထားရှိရန်ဆီးရီးယားအစိုးရသစ်နှင့်သဘောတူညီမှုရခဲ့သည်။
၂။ရွေးကောက်ခံသမ္မတထရမ့်ကသူသမ္မတကျမ်းသစ္စာကျိန်ဆိုမည့်ဇန်နဝါရီလ၂၀ရက်မတိုင်မီအစ္စရေး-ပါလက်စတိုင်းစစ်ကိုအပြီးသတ်ရန်အစ္စရေးဝန်ကြီးချုပ်ကိုပြောလိုက်သည်။
၃။ရုရှားနှင့်အိန္ဒိယသည်ဆယ်နှစ်ရေနံရောင်းချရေးသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်သည်။
၄။ယနေ့သောကြာနေ့တွင်ရုရှားကယူကရိန်းနိုင်ငံအနှံရှိဓါတ်အားပေးစက်ရုံများကိုတိုက်ခိုက်လျက်ရှိသည်။
၅။ဒေသတွင်းတရုတ်၏ကြီးထွားလာသောအင်အားကိုထိန်းချုပ်ရန်သြစတေလျနိုင်ငံသည်တစ်ပတ်အတွင်းဒုတိယမြောက်လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကိုပါပူအာနယူးဂီရိနိုင်ငံဖြင့်ချုပ်ဆိုလိုက်သည်။
NOM
ငါးငပိချက်
ငါးအသားတွေကိုချေပြီးပျစ်နှစ်နေအောင်ချက်ထားတဲ့ ငါးပိချက်ကိုမကြိုက်သူများအတွက် ငါးငပိချက်ကိုဒီလိုလေးချက်စားကြည့်သင့်ပါတယ်နော်။ငါးကို ငါးကြင်းအသုံးပြုထားပါတယ်။ ငါးကိုအတုံးလေးတွေတုံးထားပါ။ ငါးတုံးကို ဆား ဆနွင်း အရသာမှုန့် နယ်ထားပါ။ ကျိုပြီးသား ငပိရည်ကို အရိုးစစ်ပြီး အရည်ယူထားပါ။ ငရုတ်သီးစိမ်းညှပ်ထားပါ။ ကြက်သွန်ဖြူနီထောင်းပြီး ဆီသပ်ပါ။ ငရုတ်သီးစိမ်း နဲ့ ငါးအသားတုံးများထည့်ပါ။ အိုးမကပ်စေရန် ငံပြာရည်အနည်းငယ်ထည့်ပြီး မွှေပေးပါ။ ငါးအသားအနည်းမာပြီးကျက်ပြီဆိုမှ အရည်စစ်ယူထားသော ငပိရည်ကျိုထည့်ပါ။ ဆူပွက်လာရင် အနံမွှေးမွှေးလေးနဲ့ ငါးငပိရည်ကျိုရပါပြီ။ နှစ်သက်ရာငါးအသုံးပြုလို့ရပါတယ်ရှင့် အဆင်ပြေကြပါစေနော်။
ဗဟိုဘဏ်မှ ဒေါ်လာ (၂၈) သန်းခွဲ ထပ်မံထုတ်ရောင်းထား
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒီဇင်ဘာလ (၁၂) ရက်တွင် ဒေါ်လာ (၂၈)သန်းခွဲ ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်းမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် အဓိကလိုအပ်သည့် ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များကို အလုံးအရင်းဖြင့် ဆက်တိုက်ထုတ်ရောင်းပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်အနေဖြင့် ယခုဒီဇင်ဘာ နှစ်ပတ်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၈၁) သန်းခွဲ၊ ထိုင်းဘတ် (၃၀၈ ဒသမ ၀၆၉) သန်းနှင့် တရုတ်ယွမ် (၈ ဒသမ ၄၀၇) သ န်းအထိ ရောင်းချပေးထားပြီးဖြစ်သည်။
ဗဟိုဘဏ်မှ ဒေါ်လာဈေးမြင့်တက်ပြီးနောက်ပိုင်း နိုင်ငံခြား ငွေများကို အလုံးအရင်းဖြင့် ထုတ်ရောင်းပေးခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်းသည် ကျဆင်းခဲ့ရာ ယနေ့တွင် တစ်ဒေါ်လာ (၄,၄၅၀)ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၂) ကျပ်နှင့် တရုတ် ယွမ် တစ်ယွမ် (၆၁၇) ကျပ်ဖြင့် ဈေးနှုန်းအတတ်အကျမရှိ ဈေးငြိမ်နေကြောင်း သိရသည်။