Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အိန္ဒိယနိုင်ငံတမီနာဒူးလ်၌ ဆေးရုံမီးလောင်၍ လူ ၇ ဦးသေဆုံး
နူးဒေလီ၊ဒီဇင်ဘာ ၁၄
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီနာဒူးလ်ပြည်နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ မီးလောင်ခဲ့သဖြင့် လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင်ပြောကြားခဲ့သည်။
တမီနာဒူးလ်ပြည်နယ် မြို့တော်ချန်နိုင်းအနောက်ဘက် ၄၃၀ ကီလိုမီတာအကွာရှိ ဒင်ဒီဂယ်ဒေသ ထရစ်ချီလမ်းမှ အရိုးဆေးရုံ၌ မီးလောင်ကျွမ်းခဲ့ပြီး ဆေးရုံ၏ လေးထပ်တွင် ဝါယာရှော့ခ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။
မီးလောင်စဉ်အတွင်း ဓါတ်လှေကားထဲ၌ပိတ်မိနေသူ ၆ ဦးကို အချိန်မီကယ်တင်နိုင်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ အသက်ရှူကြပ်သည့်လက္ခဏာများ ကို ခံစားခဲ့ကြရသော်လည်း ဆေးရုံသို့ပို့ဆောင်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်သွားကြောင်း သိရသည်။
မီးသတ်သမားများအနေဖြင့် မီးငြှိမ်းနိုင်ရန် အချိန်အတော်ကြာယူခဲ့ရပြီး မီးကိုထိန်းချုပ်နိုင်ခဲ့သည်ဟုလည်းသိရသည်။ အိန္ဒိယ၌ လူအများသည် လုံခြုံရေးစံချိန်စံညွှန်းများကို လျစ်လျူရှုထားမှုများကြောင့် အဆောက်အုံများသည် မကြာခဏဆိုသလို မီးလောင်ကျွမ်းလေ့ရှိသည်။
တရုတ်နှင့်အမေရိက သိပ္ပံ၊နည်းပညာပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ၅ နှစ်သက်တမ်းတိုး
ပေကျင်း၊ဒီဇင်ဘာ ၁၄
အမေရိကနှင့်တရုတ်တို့သည် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ပြင်ဆင်ရန်နှင့်သက်တမ်းတိုးရန်အတွက် နှစ်ဖက်တာဝန်ရှိသူများ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။
ဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က စတင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကို နောက်ထပ် ၅ နှစ်ထပ်မံသက်တမ်းတိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါသဘောတူညီချက်စာချုပ်ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က တရုတ်သမ္မတ တိန့်ရှောင်ဖိန်နှင့် ၃၉ ယောက်မြောက်အမေရိကန်သမ္မတ ဂျင်မီကာတာတို့လက်ထက်၌ စတင်သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ပြီး ပထမဆုံး လက်မှတ်ရေးထိုးခဲ့သောစာချုပ်လည်းဖြစ်ကြောင်းသိရသည်။
ထိုအချိန်မှစ၍ အဆိုပါသဘောတူညီချက်ကို ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဖလှယ်မှုများအတွက် လမ်းခင်းပေးနိုင်ခဲ့သည့်သဘောတူညီချက်လည်းဖြစ်လာခဲ့သည်။
2ဗူးမြောက်သုံးဖြစ်နေတဲ့ Sunscreen လေး🙆🏻♂️🤗
Nyi ဒီနေ့ ခုလက်ရှိသုံးဖြစ်နေတဲ့ Rovectin soothing sunscreen လေးအကြောင်း ပြောပြမယ်နော်။ Nyi ဒါကိုသုံးနေတာ 2ဗူးမြောက်ရှိပါပြီ။ သူနဲ့ပတ်သက်ပြီး ဘာကိုကြိုက်လဲဆိုရင်
1. SPF reliable ဖြစ်တယ် (နာမည်ကြီး Korea brand Rovectin ကဖြစ်ပြီး SPF test တွေ သေချာစစ်ဆေးထားလို့ SPF50+ PA++++ ပြည့်ကြောင်း ယုံကြည်လို့ရတယ်)
2. White cast နည်းတဲ့ physical sunscreen (Physical sunscreen မလို့ super sensitive skin တွေကအစ သုံးနိုင်တဲ့အပြင် white cast လဲနည်းလို့ ပြာမှာစိတ်မပူရပါဘူး)
3. အဆီသေချာထိန်းနိုင်တယ် (မျက်နှာကအဆီပြန်ပြီး မဲသွားတတ်တယ်ဆိုရင် ဒီ sunscreen သာသုံးနော်၊ ဝင်းဝင်းသိပ်သိပ်လေးနဲ့ မျက်နှာလေးလှပနေစေတယ်)
4. Moisture အရမ်းပေးတယ် (Physical sunscreen တွေက အသားခြောက်တာများပြီး ဒီ Rovectin ကတော့ physical တွေထဲ အစိုဓာတ်အရဆုံးမလို့ ဆောင်းရာသီမှာပါ သုံးနိုင်တယ်)
5. Texture အကျော့ရှင်းဆုံး Physical sunscreen (လိမ်းရတာအိဖတ်နေလို့ အရမ်းကိုအရသာရှိပါတယ် အသားထဲကို အလွယ်တကူစိမ့်ဝင်ပြီး ပူထူစေးကပ်တာမျိုး မရှိပါဘူး)
ဒီ 5ချက်ကတော့ Rovectin soothing sunscreen နဲ့ပတ်သက်ပြီး Nyi အရမ်းသဘောကျတဲ့အချက်တွေပါပဲ။ ဒါကြောင့်လဲ ဆက်ပြီးသုံးဖြစ်နေတာ 2ဗူးမြောက်ရှိပြီပေါ့နော်။
အဓိက ကိုယ့်ရဲ့အသားအရေက sensitive ဖြစ်တယ်၊ sunscreen ဘာသုံးသုံး အဆင်မပြေဘူး၊ အဆီပြန်တယ် ဝက်ခြံအဆီဖုထွက်တယ်ဆိုရင် ဒီ sunscreen လေးသုံးကြည့်ဖို့ highly recommend ပါဗျာ။
🛒 Nyi’s Pick
#reviewbynyi
#crd
အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်း ဆက်ရှိမယ်လို့ တူချယ်လ်ပြော
ဒီဇင်ဘာ ၁၅
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်က တိုက်စစ်မှူး ဟာရီကိန်းဟာ အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် ဆက်ရှိမယ်လို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “လက်ရှိအချိန်မှာ အပြောင်းအလဲအတွက် စဉ်းစားဖို့ မလိုအပ်ပါဘူး။ ဟာရီက အင်္ဂလန်အတွက် အမြဲတမ်း ထိပ်တန်း ခေါင်းဆောင်တစ်ဦးပါ။ ဒါကြောင့် အခုအချိန်မှာ ဒီအကြောင်းကို ဘာလို့ စဉ်းစားနေမှာလဲ။ ဟာရီ အပါအဝင် ကြီးမားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အသွေးတွေရှိတဲ့ ကစားသမားအစုအဖွဲ့နဲ့ အလုပ်လုပ် ရမှာဖြစ်လို့ ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)မဲခွဲမှုကို တက်ရောက်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင်ရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေခဲ့တာပါ။
၂၀၁၈ ခုနှစ်ကတည်းက အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခွင့်ရခဲ့တဲ့ ဟာရီကိန်းဟာ နည်းပြတူချယ်လ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ အတူတွဲ အလုပ်လုပ်ခဲ့ဖူးပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် အဓိကပြိုင်ပွဲကြီး ၄ ခုမှာ ဦးဆောင်ထားခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)ရဲ့ အုပ်စု K မှာ ဆားဘီးယား၊ အယ်လ်ဘေးနီးယား၊ လတ်ဗီးယား၊ အန်ဒိုရာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
ဒီအုပ်စုမှာ ထိပ်ဆုံးနေရာ ရပ်တည်တဲ့ အသင်းဟာ ခြေစစ်ပွဲတိုက်ရိုက် အောင်မြင်မှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ အင်္ဂလန်အသင်းကို နည်းပြသစ်အဖြစ် တရားဝင် စတင်ကိုင်တွယ်မယ့် တူချယ်လ် ဟာ မတ်မှာကစားမယ့် အယ်လ်ဘေးနီးယား၊ လတ်ဗီးယားအသင်းတို့နဲ့ ခြေစစ်ပွဲတွေမှာ အင်္ဂလန်အသင်းကို ပထမဆုံး ပွဲစဉ်တွေအဖြစ် စတင်တာဝန်ယူသွားမှာဖြစ်ပါတယ်။
Source: Goal
ပုံ - ဟာရီကိန်းနဲ့တူချယ်လ်ကို တွေ့ရစဉ်
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဒီဇင်ဘာည ၁၅
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၈ ဒေါ်လာ
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၀၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၄၅၀ ကျပ်
ဝယ်ဈေး - ၄၃၅၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၉၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၀၅ ကျပ်
ဝယ်ဈေး - ၄၅၈၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၅ ကျပ်
ဝယ်ဈေး - ၆၀၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၁၃ ကျပ်
ဝယ်ဈေး - ၂၈.၄၁ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၈၂ ကျပ်
ဝယ်ဈေး - ၅၁.၄၆ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၂ ကျပ်
ဝယ်ဈေး - ၃.၀၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၆၅၅ ကျပ်
ဝယ်ဈေး - ၅၅၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၆ ကျပ်
ဝယ်ဈေး - ၅၆၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးက ရေပန်းအစားဆုံးလို့ မန်ယူနည်းပြပြော
ဒီဇင်ဘ ၁၅
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က မန်စီးတီးအသင်းဟာ ရလဒ်တွေ ဆိုးနေပေမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်အသင်းထက် ပိုကောင်းမွန်တဲ့ နေရာမှာရှိပြီး ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။
အာမိုရင်က “အသင်းကြီးတွေဟာ အချိန်မရွေး တုန့်ပြန်နိုင်ပြီး ပွဲအပေါ် နားလည်မှု၊ ကစားပုံ၊ ယုံကြည်မှုတွေအရ သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းတဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို အခို-က်အတန့် မျိုးမှာတောင် ကျနော်တို့ဟာ အသင်းအပေါ်မှာ အာရုံစိုက်စရာတွေ အများကြီးရှိပါတယ်။ ကျနော်တို့ဟာ ကြီးမား တဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ကျနော်ကတော့ ကျနော်တို့ရဲ့ ပြဿနာတွေကို ပိုပြီးအာရုံစိုက်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၇ ပွဲအထိ အရေးနိ-မ့်ကာ ရလဒ်တွေ ဆက်တိုက်ဆိုးနေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း ရလဒ်ပိုင်း တည်ငြိမ်မှု မရှိသေးဘဲ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပယ်လ်ဇန်အသင်းကို အနောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့တာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်း နည်းပြဘဝ ပထမဆုံးကိုင်တွယ်ရမယ့် မန်ချက်စတာဒါဘီ ပွဲစဉ်အတွက် ပြင်ဆင်နေပြီး မန်စီးတီးအသင်းဟာ သူတို့ထက် အနိုင်ရဖို့ ပိုပြီးရေပန်းစားကြောင်း ပြောခဲ့ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ မထွက်ခွာခင် စပို့တင်းလစ္စဘွန်း အသင်းကို ကိုင်တွယ်ခဲ့ချိန် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပြထားတာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်း နည်းပြမဖြစ်ခင်က မန်စီးတီးအသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပါတယ်။
အာမိုရင်ကတော့ ယူနိုက်တက်အသင်းဟာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ မန်စီးတီး အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံရတဲ့အပေါ် တုန့်ပြန်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံး အရေးနိ-မ့်ခဲ့တာကြောင့် မန်စီးတီး အသင်းနဲ့ပွဲမှာ ရှုံးနိမ့်မှုကို ရပ်တန့်ပြီး နိုင်ပွဲပြန်လည် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - မန်စီးတီးနဲ့ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
#သတင်းဟင်းလေးအိုးကြီး