18 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း နစက ဥက္က ဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရပ်များကို ဖြန့်ဖြူးရာတစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဖြစ်ရပ်တည်ခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သမိုင်းကြောင်းကိုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့အတူ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်၍ စီးပွားရေးတက္ကသိုလ်များအား နှစ်အလိုက်တိုးချဲ့ဖွင့်လှစ်ခဲ့မှု၊ ပါရဂူဘွဲ့(Ph.D)ဘွဲ့သင်တန်းများအပါအဝင် နှစ်အလိုက်ဘာသာရပ်သင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် မွေးထုတ်ပေးနိုင်ခဲ့သော သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘွဲ့ရဦးရေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

" နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီး ပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ချမှတ်ထားတဲ့စီးပွားရေးဦးတည်ချက်တွေနဲ့အညီ နိုင်ငံတော်ရဲ့ စီးပွားရေးမောင်းနှင်အားတိုးတက်လာစေဖို့ရည်ရွယ်ပြီး MSME လုပ်ငန်းတွေကတစ်ဆင့် ပို့ကုန်မြှင့်တင်နိုင်ရေးကိုဆောင်ရွက်နေပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ကာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှဦးဆောင်၍ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(၃၉)ခုတွင် B.A (Economics)ဘွဲ့သင်တန်းများကို စတင်ဖွင့်လှစ်ပေးခဲ့သဖြင့် အနာဂတ်ကာလတွင် B.A (Economics)ဘွဲ့ရများအနေဖြင့် တတ်သိထားသည့် စီးပွားရေးအသိအမြင်၊ အတွေးအမြင်မျကိုအသုံးချကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးမှုတို့ကို ဆောင်ရွက်လာနိုင်တော့မည်ဟု ပြောသည်။

စီးပွားရေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် MBA ဘွဲ့ရများအနေဖြင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးတွင်ကျွမ်းကျင်သော စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုပိုင်းတွင် အဆင့်မြင့်အရာထမ်းများ၊ MDevS ဘွဲ့ရများ သည် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် NGO/INGO အဖွဲ့အစည်းများ၊ MBF ဘွဲ့ရများသည် ဗဟိုဘဏ်၊ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၌ ကျွမ်းကျင်ပညာရှင်၊ စီမံခန့်ခွဲသူများအဖြစ် အဆင့်မြင့်ရာထူးများကို တာဝန်ယူနေကြသည်ဟု ပြောသည်။

ထို့အတူတူ ရန်ကုန်စီးပွားရေးတက္ကသိုလ်ဘွဲ့ရများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ် ပယ်အသီးသီး၌ ထင်ရှားကျော်ကြားသူများအ ဖြစ်ပါဝင်နေကာ နိုင်ငံတော်သမ္မတမှစ၍ ပြည် ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်များ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ ဒု-ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များစသည့် နိုင်ငံတော်၏အဆင့်မြင့်တာဝန်အသီးသီးကိုထမ်းဆောင်နေကြခြင်းအားဂုဏ်ယူဖွယ်တွေ့မြင်ရသည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ရန်ကုန် ခရေပင်လမ်းခွဲတွင် စက်ရုံကြို/ပို့ကားတိမ်းမှော-က် ၄ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းခွဲအနီး၌ ယနေ့ ဒီဇင်ဘာ ၁၄ ရက်ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စက်ရုံကြို/ပို့ကား တိမ်းမှော-က်ခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲချုပ်(ရန်ကုန်)ထံမှ သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် TRUCK အမျိုးအစား စက်ရုံဝန်ထမ်းကြို/ပို့ကားသည် ခရေပင်လမ်းခွဲအနီးအရောက် တိမ်းမှော-က်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှော-က်ခဲ့သဖြင့် စက်ရုံဝန်ထမ်း အ မျိုးသား(၂)ဦးနှင့်အမျိုးသမီး(၂)ဦးတို့တွင် ထိ ခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် စမ်းကြီးဝမူစလင်လူငယ်များလူမှုကူညီရေးအသင်း၊ မာတာလူမှုကူညီရေးအသင်း၊ မြသီတာလူမှုကူညီရေးအသင်း၊ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား မြေ ပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image
18 ပတ် - ဘာသာပြန်ပါ။

လီယွန်နယ်မက်ဆီသည် လိဂ်အကောင်းဆုံးကစားသမားဆု ၁၀ ကြိမ်ရခဲ့သည့် သမိုင်းတစ်လျှောက် တစ်ဦးတည်းသောကစားသမားဖြစ်သည်။

- လာလီဂါ ၉ ကြိမ်
- MLS 1 ကြိမ်

image
18 ပတ် - ဘာသာပြန်ပါ။

လစာထုတ်ပြီး ၁၀ရက်အကြာ

image
18 ပတ် - ဘာသာပြန်ပါ။

လစာထုတ်ပြီး ၁၀ရက်အကြာ

image
18 ပတ် - ဘာသာပြန်ပါ။

လစာထုတ်ပြီး ၁၀ရက်အကြာ

imageimage
18 ပတ် - ဘာသာပြန်ပါ။

မရှိချိန်မှာချွေတာသလိုရှိလာချိန်မှာအညုာမလွယ်နဲ့...

သူများလက်ဝယ် ငွေတစ်ဆယ်
လက်ဝယ်တစ်ကျပ် အမြဲမှတ်တဲ့

အချိန်ကြာလာလေလေ
အသက်ကြီးလာလေလေ
လောကကြီးအကြောင်း
လူတွေအကြောင်း
သင်ပိုသိလာပါလိမ့်မယ်။

သင်က ဘာမှမဟုတ်ရင်
သင့်ကို ဘယ်သူကမှ ဂရုစိုက်မှာ
မဟုတ်သလိုသင့်လက်ထဲမှာ ဘာမှမရှိရင်သင့်ဘေးနားမှာလဲ ဘယ်သူမှမရှိဘူး...

image
18 ပတ် - ဘာသာပြန်ပါ။

“🚨🔴ကျနော့်အနေနဲ့ လီဗာပူးလ်အသင်းမှာ ကစားခဲ့တာ နှစ်(၂၀)ရှိခဲ့ပြီဖြစ်ပြီး စာချုပ် လေးငါးခု လက်မှတ်ထိုးသက်တမ်းတိုးထားပါတယ်။ လီဗာပူးလ်မဟုတ်တဲ့ တခြားကလပ်တခုကို ထွက်ကစားဖို့ဆိုတာ ဖြစ်လာမယ်လို့ မထင်ပါဘူး”

အလက်ဇန်းဒါး အာနိုး (လီဗာပူးလ် နောက်ခံလူ)

image
18 ပတ် - ဘာသာပြန်ပါ။

အိမ်မှာ ကြက်ပြုတ်ရည် တစ်အိုးရှိရင် ထမင်းစားခါနီးမှ
ဒီလို အသီးအရွက် စိမ်းစိမ်းလေးတွေ ခပ်သောက်လို့ရပါတယ်။

ကြက်သားနဲ့ အရိုးတွေကို ခုတ်ထစ် ဆေးကြောပီး
ဂျင်းထောင်း,ကြက်သွန်ဖြူ တစ်ပြားရိုက်,
အရသာမှုန့်,ဆားနဲ့နယ်ပီး အိုးထဲထည့်ပါ။
မီးဖိုပေါ်တင်ပီး အရည်များခန်းသွားအောင်လှော်ပေးပီး
ရေပူပူထည့်ပီး အသားနူးအောင်တည်ထားပါ။
ငရုတ်ကောင်းလေး ခပ်ထားပါ။

မိမိနှစ်သက်သလောက် အရည်ခပ်ပီး
ဗူးသီး ( သို့ ) ကျောက်ဖရုံသီး တို့ကိုထည့်ပီး
အသီးနူးအောင် တည်ပီး
ဟင်းချို လုပ်သောက်လို့ ရသလို

ဂွေးတောက်ရွက်,မြင်းခွာရွက်,ဒန့်ဒလွန်ရွက်
ဗူးရွက်,ကျောက်ဖရုံရွက်,ဂေါ်ရခါးရွက်
ဟင်းနုနွယ်ရွက်,ကိုက်လံ စသဖြင့်
မိမိနှစ်သက်ရာ အရွက်လေးတွေခပ်ပီး
၁ မိနစ်ခန့် မီးဖိုပေါ်တင်ပီး
ဟင်းချိုအဖြစ် သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

ချဉ်စပ် ဟင်းချိုလည်း လုပ်သောက်နိုင်ပါတယ်။

image
18 ပတ် - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၁၄-၁၂-၂၀၂၄)

image