18 ပတ် - ဘာသာပြန်ပါ။

တစ်ပတ်တစ်ခါ ကိုယ့်ကိုယ်ကို dating လုပ်ပေးပါ 🍸
Date တယ်ဆိုတာ ချိန်းတွေ့တာပါပဲ။
အများစုကတော့ ချစ်သူနဲ့ ချိန်းတွေ့ကြတယ်။
တချို့ကတော့ မိဘနဲ့ ချိန်းတွေ့တယ်။
တချို့က သူငယ်ချင်းတွေနဲ့ ချိန်းတွေ့တယ်။
လူတိုင်းကတော့ ချစ်ရသူတွေကို date နေကြတာပဲ။
အချိန်ပေးကြတယ် လို့ ဆိုရမှာပေါ့။
ဒါပေမယ့် မေ့နေကြတာက
ကိုယ့်ကိုယ်ကို date ပေးဖို့ပါ။
လောကကြီးမှာ လူတွေဟာ
ကိုယ်တိုင်ဆိုတဲ့ ဖြစ်တည်မှုတစ်ခုကို
မေ့နေလေ့ရှိပါတယ်။
တခြားသူတွေ၊ တခြားအရာတွေကို
ကိုယ့်ကိုယ်ကိုထက် ပိုဦးစားပေးလေ့ရှိပါတယ်။
တစ်နေ့ ၂၄ နာရီမှာ
လူတိုင်းလိုလို အချိန်မလောက်ငှကြပါဘူး။
မလောက်ငှရခြင်း အကြောင်းအရင်းတွေကို
ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင်
တခြားလူတွေ၊ တခြားအရာတွေကြောင့်ဖြစ်ပြီး
ကိုယ့်ကိုယ်ကိုအတွက်ဆိုရင်တော့
အချိန်မပေးတတ်ကြပါဘူး။
တစ်နေ့မှာ တစ်နာရီတောင်
အချိန်ပေးဖို့ မဖြစ်နိုင်ဘူးဆိုပါစေဦးတော့ ..
တစ်ပတ်မှာ တစ်ရက်လောက် ကျိန်းသေ
ကိုယ့်ကိုယ်ကို အချိန်ပေးရပါမယ်။
တစ်ပတ် တစ်ကြိမ် Self Date လုပ်ပေးရပါမယ်။
Self Date လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက
💐 ပျော်ရွှင်မှုဟာ တခြားသူတွေ၊ တခြားအရာတွေနဲ့ ပညတ်ချက်တွေအပေါ် မမူတည်တော့ဘဲ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ပိုင်ဆိုင်မှုအပေါ်မှာသာ ပျော်ရွှင်တတ်လာပါလိမ့်မယ်။
💐 ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားပြီး ကိုယ့်အကြောင်းကိုယ် ပိုသိလာပါတယ်။ ကိုယ့်ကိုယ်ကို ချစ်တတ်လာပါတယ်။
💐 မိမိကိုယ်ကို ယုံကြည်မှုတိုးပွါးလာစေပြီး အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
💐 မိသားစု၊ သူငယ်ချင်း၊ ချစ်သူ၊ ဘယ် relationship မှာမဆို ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာစေပါတယ်။ ကောင်းမွန်တဲ့ relationship တွေဆို ခိုင်မြဲစေပြီး လွှတ်ချသင့်တဲ့ relationship မျိုးဆို လွှတ်ချသွားနိုင်ပါတယ်။
💐 သူတစ်ပါးကို အားကိုးဖို့ထက် ကိုယ့်ကိုယ်ကိုပဲ အားကိုးတတ်လာပါတယ်။ ဘယ်အခက်အခဲကိုမဆို သတ္တိရှိရှိ ရင်ဆိုင်နိုင်တဲ့ခွန်အား ပေါ်ပေါက်လာစေပါတယ်။
💐 အဓိကကောင်းကျိုးကတော့ မိမိရဲ့ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ဘယ်လိုအရာကမှ မဖျက်စီးနိုင်တော့အောင် self-love ကြီးထွားလာခြင်း ဖြစ်ပါတယ်။
ဆိုတော့ Self Date ဘယ်လိုလုပ်ကြမလဲ ?
အရင်ဆုံး အချိန်ပေးဖြစ်အောင် ကြိုးစားပါ။
အချိန်ရလာပြီဆိုရင် …
1. ကိုယ့်ကိုယ်ကို focus လုပ်ပါ။ ကိုယ်နဲ့အတူ ကိုယ်သာရှိပါစေ။ အတွေးတွေ၊ စိုးရိမ်ပူပန်မှုတွေ ဘာမှ မရှိပါစေနဲ့။ ဖုန်းကို အရေးပေါ်ကိစ္စကလွဲလို့ အသုံးမပြုဖြစ်အောင် စီစဉ်ထားပါ။
2. အိမ်မှာနေဖြစ်မယ်ဆိုရင် ကိုယ့်အတွက်ကို နံနက်စာ၊ နေ့လည်စာ၊ ညစာ ပြင်ဆင်ပါ။ မပျင်းတတ်ဘူးဆို မုန့်တွေလည်း လုပ်စားပါ။
3. ကော်ဖီလေးဖြစ်ဖြစ်၊ အအေးလေးဖြစ်ဖြစ် စီစဉ်ပြီး စိတ်ဝင်စားတဲ့ စာအုပ်တစ်အုပ်လောက် ဖတ်ကြည့်ပါ။
4. ရုပ်ရှင်လည်း ကြည့်ပါ။ ရုပ်ရှင်တကယ်ကောင်းရင် တစ်ယောက်တည်းကြည့်ရတာ အရသာပိုရှိပါတယ်။ ပိုလွတ်လပ်ပါတယ်။
5. သီချင်းကျယ်ကျယ်ဖွင့်ပြီး ကိုယ့်အခန်းကို ရှင်းပါ။ ကိုယ်လက်လှုပ်ရှားလည်းဖြစ်သလို အခန်းသန့်သွားရင် စိတ်ချမ်းသာစေပါတယ်။
6. Self Date မှာ ကြောင်လေး၊ ခွေးလေးတွေ ပါဝင်နိုင်ပါတယ်။ သူတို့ရှိရင် သူတို့နဲ့ အချိန်ဖြုန်းပါ။ ဆော့ပါ။
7. အိမ်မှာမနေဖြစ်ဘူး၊ အပြင်ထွက်ချင်တယ်ဆိုရင် တစ်ယောက်တည်း သွားကြည့်ပါ။ ဖုန်းမသုံးပါနဲ့။
8. နားကြပ်လေးနဲ့ သီချင်းနားထောင်ပြီး ရှုခင်းတွေ၊ ပတ်ဝန်းကျင်တွေကို ကြည့်ပါ။ လမ်းများများလျှောက်ပါ။
9. ကော်ဖီဆိုင်ထိုင်ပါ။ စိတ်ကြိုက် မုန့်နဲ့ သောက်စရာတွေ မှာပြီး သုံးဆောင်ပါ။
10. Shopping ထွက်ပါ။ ကိုယ့်ကိုယ်ကို လက်ဆောင်ပေးတဲ့အနေနဲ့ အလိုချင်ဆုံးပစ္စည်းကို ဝယ်နိုင်ပါတယ်။
ဒီလောက်ဆို Self Date အတွက် idea ရလောက်ပါပြီ။
နောက်ဆုံးအနေနဲ့ တစ်ခု သင်ပေးပါဦးမယ်။
ကိုယ်ဟာ ပုံမှန် Self Date လုပ်ဖြစ်ပြီ၊
ကိုယ့်ကိုယ်ကို ချစ်တတ်ပြီဆိုရင်
ချစ်သူရည်းစား မရှိလည်း
Single လို့ သုံးနှုန်းစရာ မလိုတော့ပါဘူး။
Self-partnered ဖြစ်တဲ့သူလို့ သတ်မှတ်နိုင်ပါပြီ။
(Credit to Emma Watson)
AD

#crd

image
18 ပတ် - ဘာသာပြန်ပါ။

Jason တော့ စိတ်ညစ်နေလောက်ပြီ
တိုက်ဦးမလား 🤣

18 ပတ် - ဘာသာပြန်ပါ။

Savvy mode 😂

image

၁၈.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၈.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၈.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image

၁၈.၁၂.၂၀၂၄ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd_photo

image
image
image

image
18 ပတ် - ဘာသာပြန်ပါ။

မန်ယူနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေဟု နောက်ခံလူ မက်ဂွဲယား ပြော

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ နောက်ခံလူ မက်ဂွဲယားက အတည်ပြုသွားပါတယ်။

အင်္ဂလန်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်ယူအသင်းက နောက်ထပ်တနှစ် သက်တမ်းတိုးခွင့်ရှိနေတာပါ။

မက်ဂွဲယားဟာ တပတ်လုပ်ခ ပေါင် ၁၉၀,၀၀၀ ရရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ အသင်းနဲ့ စကားပြောဆိုမှုတွေ အပြုသဘောဆောင်နေပြီး စာချုပ်ကိစ္စကို အများကြီးမစဉ်းစားသေးကြောင်း မက်ဂွဲယားက ပြောပါတယ်။

မန်ယူအသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ မက်ဂွဲယားဟာ နည်းပြသစ် အာမိုရင်ရဲ့နည်းစနစ်၊ နည်းဗျူဟာပိုင်းကိုလည်း ချီးကျူးခဲ့ပြီး အာမိုရင်ဟာ ပေါ်တူဂီလိဂ်မှာ ဆုဖလားရယူနိုင်သူဆိုတာ သက်သေပြခဲ့ပြီးသား နည်းပြဖြစ်ကြောင်း မက်ဂွဲယားက ပြောသွားပါတယ်။
DVB

image
18 ပတ် - ဘာသာပြန်ပါ။

အီလွန်မတ်က "Xmail" ခေါ် အီးမေးလ်ဝန်ဆောင်မှုအသစ်ကို အရိပ်အမြွက်ပြောခဲ့ပါတယ်။ သူ့ platform X ပေါ်မှာ ပြောခဲ့တာဖြစ်ပြီး Gmail နဲ့ ယှဉ်ပြိုင်နိုင်မယ် ဆိုပါတယ်။
လက်ရှိ ကမ္ဘာ့အီးမေးလ်ဈေးကွက် 53.67% ကို Apple Mail က
လွှမ်းမိုးထားပြီး 30.70% ကို Gmail က လွှမ်းမိုးထားပါတယ်။
Credit to Min Myat San

image