15 w - Translate

❛ မိသားစု ❜
_ _ _ _ _ _ _ _ _ _ _
မိသားစုဆိုတာ
တစ်ယောက် ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစုသီချင်းဟာ
အတက်အဆင်း ရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း
လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
လဲကျသွားတဲ့ ငါ့အဖေနေရာကို
ငါ့ညီလေး ဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေနေရာကို
ငါ့ညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါ မမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က
သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့
ထင်တယ်။
ငါ့မိသားစုမှ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း
သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက်
ရှိနေတယ်ဆိုလည်း
ငါပဲ ဖြစ်မှာ
ငါ့မိသားစုမှာ ကြမ်းခင်းတစ်ချပ်
ကျိုးပဲ့နေတယ်ဆိုလည်း ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ
ငါ့မိသားစုပဲ
မဝင်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။
- စိုင်းဝင်းမြင့် -

image
15 w - Translate

#နိုင်ငံတကာသတင်း
◼ယူကရိန်း၌ လုံခြုံရေးအာမခံတပ်ဖွဲ့များချထားမည့်အစီအစဉ်ပြင်သစ်သမ္မတကြေညာ
ရုရှားနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ယူကရိန်းရှိ မဟာဗျူဟာကျသော နေရာများတွင် အ ခြေစိုက်သည့် ဥရောပနိုင်ငံအများအပြားမှ လုံခြုံရေးအာမခံတပ်ဖွဲ့များ စေလွှတ်မည့် အစီအစဉ်ကို ပြင် သစ်သမ္မတအီမန်နျူယယ်မက်ခရွန်ကကြေညာလိုက်သည်။
အဆိုပါတပ်ဖွဲ့များမှာရုရှား၏ရန်လိုမှုအလားအလာကိုအဟန့်အတားဖြစ်စေလိမ့်မည် ဟုပြင်သစ်နိုင်ငံ၊ပါရီမြို့
တော်၌ယနေ့ကျင်းပသည့် အဆင့်မြင့် ထိပ် သီးအ စည်းအဝေးအပြီး သတင်း စာ ရှင်းလင်းပွဲတွင် သမ္မတမက်ခရွန်ကသတင်းထောက်များအား ပြောကြားသည်။
သို့ရာတွင်အဆိုပါတပ်ဖွဲ့များသည် ငြိမ်း ချမ်း ရေးထိန်း သိမ်းမှုတပ်ဖွဲ့များအ ဖြစ်ရည်ရွယ် ခြင်း မဟုတ် သကဲ့သို့ယူကရိန်းတပ်ဖွဲ့များကိုအစားထိုးမည်မဟုတ်ဘဲရှေ့တန်းတွင်မဖြန့်ကြက်ထား သော်လည်း ဗျူဟာမြောက်မြို့များ နှင့် အခြေစိုက်စခန်းများတွင် ထားရှိမည်ဖြစ်ကြောင်းဆိုသည်။
ယူကရိန်းတွင် တပ်ဖွဲ့များစေလွှတ်မှုအပေါ် ဥရောပမဟာ မိတ်များအကြား သဘောထားကွဲနေသော်လည်း အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပံ့ ပိုးရန် ပြင်သစ်နှင့် ဗြိတိန်တို့က ဦးဆောင်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတမက်ခရွန်ကပြောကြားသည်။
"ဒါကတညီတညွတ်တည်း တော့မဟုတ်ဘူး၊ ဒါပေမယ့် ဒါကို အောင်မြင်ဖို့ ကျွန်တော်တို့တစ်သားတည်း ဖြစ်ဖို့မလိုပါဘူး။" ဟု ၎င်းက ပြောသည်။
ထိပ်သီးအစည်းအဝေး၏ ရည်မှန်းချက်မှာ ရေရှည်လုံ ခြုံရေး အာမခံချက်အတွက် အခြေခံ အုတ် မြစ် ချရန်နှင့်ရုရှား၏ကြီးထွားလာနေသောခြိမ်းခြောက်မှုအကြားနောင်လာမည့်ကျူးကျော်ရန်လိုမှုမှန်သမျှကို တိုက်ဖျက်ရေးယူကရိန်းစစ်တပ်အားကာကွယ်ရေး စွမ်းရည်အမြင့်ဆုံးဖြစ်လာရန်တို့ဖြစ်သည်။
ကိဗ်အတွက် အကူအညီများ ပိုမိုအားကောင်းလာစေရန်၊ ရေရှည်ငြိမ်းချမ်းရေးရရှိရန် နှင့်ဥရောပတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ရေးကိုဆွေးနွေးရန်နိုင်ငံပေါင်း ၃၀ နီးပါးမှ ခေါင်းဆောင်များ၊ နေတိုးနှင့် EU အကြီးအကဲများကပြင်သစ်မြို့တော်ပါရီ၌ ယနေ့တွင်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
လေးနှစ်တာကာလအတွင်းဝင်ရောက်လာပြီဖြစ်သော ယူကရိန်းရှိ ရုရှား၏စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ဖိအားပေးမှုကြောင့်စေ့စပ်ညှိနှိုင်းသူများကအပစ်အခတ်ရပ်စဲရေးအတွက်အပြင်းအထန်ကြိုးပမ်းနေစဉ်ယခုဆွေးနွေးပွဲကိုပါရီတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ပင်လယ်နက်အတွင်း ရေကြောင်းပို့ဆောင်မှုကို အကာ အကွယ်ပေးရန်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက် အအုံဆိုင်များအားတိုက်ခိုက်မှုများကို ရပ်တန့်ရန် အမေရိကန် ကကြားဝင် ဆောင်ရွက် သော သဘောတူညီချက်များကို ငြိမ်း ချမ်းရေးအတွက် ပထမဆုံးခြေလှမ်းအဖြစ် ကြိုဆိုခဲ့ကြသည်။
သို့ရာတွင် အသေးစိတ်အချက်များနှင့်ပတ်သက်၍ မော်စကိုနှင့် ကိဗ် တို့ကသ ဘောထားကွဲလွဲနေပြီး သဘောတူညီချက်ချိုး ဖောက်ကြောင်း အပြန်အလှန်စွပ်စွဲထားကြသည်။
ထိုအတောအတွင်းမှာပင်ယူကရိန်းအားစစ်ရေးအကူအညီယူရိုနှစ်ဘီလီယံထပ်မံပေးအပ်မည်ဖြစ်ကြောင်း ယူကရိန်း ၏ ရေရှည်လုံခြုံရေးအပေါ်ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံ တကာ ထိပ်သီးအစည်းအဝေးမတိုင်မီ ယမန်နေ့ ညနေပိုင်းတွင်ပြင်သစ်သမ္မတအီမန်နျူယယ်မက်ခရွန်က ကတိပြုခဲ့သည်။
"ကျွန်တော်တို့ပေးနေတဲ့ ယူကရိန်းကို ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ရုရှားမှာ ပြောပိုင်ခွင့်မရှိသလို အခြေအနေတွေကိုလည်း သူတို့က သတ်မှတ်လို့မရပါဘူး။" ဟု ၎င်းက ပြောကြားသည်။
သတင်း-လင်းခေတ်
ကိုးကား- Euronews

image

I Know What You Did Last Summer ရုပ်ရှင် sequel အတွက် official poster ထွက်လာပါပြီ။ 🩸 July (18) မှာ ရုံတင်ပါမယ်။

image

Avengers Doomday အတွက် cast list

15 w - Translate

"သို့ /
မခင်ချောမေ "
ငယ်ငယ်ကလို
မင်း ဖီးဆင့်စက်ဘီးကလေး
ဆိုင်ရှေ့ ဒေါက်ထောက်ထားမလား
ငေးကြည့်မိပါတယ်။
ခေတ်က ထသွားပြီး
ငါတို့က ဆက်ထိုင်နေရတဲ့ နှစ်တွေ ။
- အီလစ် -

image
15 w - Translate

❝ အသည်းကွဲတယ်ဆိုတာလည်း
အသည်းရှိခဲ့လို့ပါပဲ
အချစ်မှာ
အခြား ဘာရှိရမှာလဲ ❞
× × ×
▫️စိုင်းဝင်းမြင့် //ကျေးဇူးတော်လမ်း

image
15 w - Translate

" ကျစ်ဆံမြီးလေး ဖြစ်ဖြစ်
အင်္ကျီအစွန်းလေး ဖြစ်ဖြစ်
ခေါက်ထီးကလေး ဖြစ်ဖြစ်ပေါ့။
မခင်ချောမေရေ . . .
ချစ်ခြင်းမေတ္တာကို ခပ်ဝေးဝေးက
တစ်ခါလောက် လှမ်းမြင်ရင် တော်ပါပြီ "
- အီလစ် -

image
15 w - Translate

လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းဖြစ်တဲ့ ဒရက်ကူလာ ..

Morbius (2022)

➪➪➪➪➪➪➪➪➪➪➪➪➪➪

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး

ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။

ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ

သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုး

ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့

ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို

ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။
ကြည့်ကြည့်လိုက်ကြပါဦး။

image
15 w - Translate

𝐁𝐢𝐭𝐜𝐨𝐢𝐧 𝐇𝐞𝐢𝐬𝐭 𝟐𝟎𝟏𝟔

ဘစ်ကွိုင်း ဆိုတဲ့ ဒစ်ဂျစ်တယ် ငွေကြေးက ခေတ်စားနေတဲ့ ၂၀၂၀ ခုနှစ်အချိန်လေးပါ၊ ဒါပေမယ့် ဘစ်ကွိုင်းကို တရားမ၀င်ငွေကြေးအဖြစ် သတ်မှတ်ထားကြပါတယ်။

ဘာလို့လဲဆိုတာ့ ဒီငွေကြေးကအလွယ်တကူ  အင်တာနက်ပေါ်မှာ ဘဏ်တွေနဲ့ချိတ်ဆက်စရာမလိုဘဲ လွဲနိုင်လို့ပါ

ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ခေါင်းစားစေသလို နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ဝိညာဉ်ဆိုတဲ့ ဟက်ကာကို အပူတပြင်းလိုက်ရှာဖမ်းနေကြပါတယ်၊

ဘာလို့လဲဆိုတော့ ဝိညာဉ်ဆိုတဲ့ ဟက်ကာ ကွန်ပျူတာတွေကို အွန်လိုင်းကနေ အုတ်ဂူလို့နာမည်ပေးထားတဲ့ဗိုင်းရပ်တစ်မျိုးဖြန့်ပြီး ဘစ်ကွိုင်းငွေကြေးတွေ အကြပ်ကိုင် တောင်းခံနေလို့ပါ

ဒီလိုခြေရာဖျောက်ကောင်းတဲ့ ဝိညာဉ်ဆိုတဲ့ ဟက်ကာကို  ဗီယက်နမ် ဆိုင်ဘာပြစ်မှုစုံစမ်းရေးကို ဘယ်လိုများနည်းလမ်းတွေနဲ့ ဖမ်းဖို့ကြံစည်ခဲ့သလဲ ဖမ်းမိမှာလဲ လွတ်သွားမှာလဲ ဝိညာဉ်ကဘယ်သူလဲဆိုတာကို

မထင်မှတ်တဲ့ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို စောင့်ကြည်ု့လိုက်ကြပါ

image
15 w - Translate

"အကယ်၍ ခရစ္စတီယာနိုရဲ့သွင်းဂိုးတွေကို ရေတွက်ခြင်းမပြုတော့ဘူးဆိုရင်တော-င် ခရစ္စတီယာနိုက ရပ်တန့်သွားမှာမဟုတ်ပါဘူး။ သူ့အလု-ပ်သူ ဆက်လု-ပ်နေမယ့် သူမျိုးပါ"
- ဘရူနိုဖာနန်ဒက်စ်

image