Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
********************
(ပြည်တွင်း) မတ်လ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကိုရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အောက်ဖော်ပြပါ ကော့သောင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ထိုင်းနိုင်ငံသား (၄) ဦးနှင့် ဘားအံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ဖိလစ်ပိုင်နိုင်ငံသား (၃) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက် တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြု၍ ပြည်နှင်ဒဏ်ပေးလိုကကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အေအိုင်နည်းပညာသုံးမောင်းသူမဲ့လေယာဉ်မြောက်ကိုရီးယားစမ်းသပ်
လူ့ဉာဏ်ရည်တု နည်းပညာ (အေအိုင်)သုံး အသေခံမောင်းသူမဲ့ လေယာဉ်များစမ်းသပ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်ဦးဆောင်ခဲ့ကြောင်း မတ် ၂၇ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ယင်းအပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အဆင့်မြှင့်တင်မွမ်းမံထားသော ကင်းထောက်မောင်းသူမဲ့ လေယာဉ်သစ်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် အေအိုင်နည်းပညာသုံး အသေခံ မောင်းသူမဲ့လေယာဉ်များ စမ်းသပ်မှုကို မတ် ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။
ခေတ်မီစစ်လက်နက်ပစ္စည်းများကို ထုတ်လုပ်ရာတွင် အေအိုင် နည်းပညာစွမ်းဆောင်ရည် ထည့်သွင်းနိုင်ရေးမှာဦးစားပေးဆောင်ရွက်ရမည့် အချက်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက လက်နက်ကိုင်တပ်ဖွဲ့များကို မှာကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မတ် ၂၆ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးလေကြောင်းအန္တရာယ် ကြိုတင်သတိပေးရေးစနစ် လေယာဉ်ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လေ့လာသူများ၏အဆိုအရ အဆိုပါလေကြောင်းအန္တရာယ်ကြို တင်သတိပေးစနစ် လေယာဉ်သည်ရုရှားနိုင်ငံ၏ အီလူးရှင်း-၇၆ အမျိုးအစားကုန်တင်လေယာဉ်ကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ကြောင်းသိရသည်။
ရိုက်တာ
Peter Pan [2003]
အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။
Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။
လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။
2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။
မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။
Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။