31 w - Translate

ရေချိုးခန်းသန့်ရှင်းရေးလုပ်ရင်း သမိုင်းအလယ်ခေတ်မှ ဘီလူးရုပ်တု တွေ့ရှိ

ဗြိတိန်နိုင်ငံမှ လင်မယားနှစ်ဦးဟာ ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေရင်း သမိုင်းအလယ်ခေတ်လက်ရာ ဘီလူးရုပ်တုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထရေစီနဲ့ ရိုရီတို့ ငှားရမ်းနေထိုင်တဲ့အိမ်ဟာ အမျိုးသားရေး၊ ဗိသုကာလက်ရာနဲ့ သမိုင်းဆိုင်ရာ အရေးပါတဲ့ အဆောက်အအုံအဖြစ် Grade-I သတ်မှတ်ခံထားရတာပါ။

ရေချိုးခန်းထဲမှာ အလှဆင်ထားတဲ့ သစ်ပြားကို ဖယ်လိုက်ချိန်မှာ ကျောက်တုံးကို ထွင်းထုထားတဲ့ ဘီလူးရုပ်တု တွေ့ရှိခဲ့တာပါ။ အဲဒီဘီလူးရုပ်တုကို ရေထွက်ပြွန်နဲ့ ချိတ်ဆက်ထားတာဖြစ်ပြီး ရေဆိုးစွန့်ပစ်မြောင်းစနစ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မယ်လို့ လင်ကွန်းဘုရားကျောင်းမှ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

ဗြိတိန်နိုင်ငံ ဗစ်ကာကောက်အရပ်မှာရှိတဲ့ သူတို့ရဲ့နေအိမ်ကို လင်ကွန်းဘုရားကျောင်းက ပိုင်ဆိုင်တာဖြစ်ပြီး ထရေစီနဲ့ ရိုရီတို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့မတ်လ ၁ ရက်နေ့ကမှ ပြောင်းရွှေ့လာခဲ့တာပါ။

#new

image
image
image
31 w - Translate

အသုပ်ထဲတို့ ဟင်းချက်တဲ့ အထဲတို့ ဟင်းခတ်မှုန့်မပါရင် စားရတာအဆင်မပြေရင် အိမ်လုပ် ကြက်သားမှုန့်လေး လုပ်ထားကြပါရှင့်

ကြက်သားရင်အုံသား -၃၀ သား
ကြက်သွန်နီဥကြီး -၁ လုံး (စိတ်ထားပါ)
ကြက်သွန်ဖြူ အမှုန့် -၁ ဇွန်း(အိမ်မှာရှိတဲ့အမှုန့်ကိုအလွယ်ထည့်လိုက်တာပါ)
နံနံပင် -၃ ခက်
ငရုပ်ကောင်း -၁ဇွန်း (လဘက်ရည်ဇွန်း လုပ်ပြီးသားအမှုန့်ရှိလို့ အမှုန့်ထည့်လိုက်တာပါ)
Pink salt -နဲနဲ
ကြက်သားကို အတုံးကြီးတုံးပြီးပြုတ်ပါတယ် ရရင် အမျှင်လေးတွေ လုပ်ပြီး oven ထဲ ထည့်လဲရပါတယ် ထွေး ကတော့ air fryer ထဲ တမျိုးချင်းဆီ ထည့်ပြီး ခြောက်အောင်လုပ်ပါတယ် အားလူံးခြောက်သွားရင် ကြိတ်စက်ထဲ အမှုန့်ကြိတ်လိုက်ပါတယ် ဘာ ဓါတုဆေးမှမပါ ဝင်တဲ့ သဘာဝကြက်သားမှုန့်လေး ☺️☺️
ထွေး ကတော့ ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါတယ်ရှင့်

image
31 w - Translate

Yosemite National Park‎‏, USA 💚💚💚

image
31 w - Translate

စိတ်ပျက်စရာရလဒ်နဲ့ ဗိုလ်လုပွဲ တက်သွားတဲ့ မန်ယူ

မိနစ် ၇၀ အထိ ၃ ဂိုးပြတ် ဦးဆောင်နေပြီးမှ ချေပဂိုး ၃ ဂိုး ပြန်ပေးခဲ့ရတဲ့ မန်ယူရဲ့ ဖြစ်ရပ်ကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာပါပဲ။ ၃ ဂိုးပြတ် ဦးဆောင်နေတဲ့ပွဲကို (သာမန်ပွဲချိန်အတွင်း) အနိုင်မရခဲ့တာဟာ ၁၁ နှစ်အတွင်း မန်ယူအတွက် ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒါတောင် အချိန်ပိုမှာ ကိုဗင်ထရီ သွင်းတဲ့ဂိုး လူကျွံနေလို့ မန်ယူ မထွက်ခဲ့ရတာပါ။

ပင်နယ်တီ အဆုံးအဖြတ်မှာ ကက်စမဲရိုးရဲ့ကန်ချက်ကို ကိုဗင်ထရီ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမဲ့ အိုဟားရားရဲ့ကန်ချက်ကို အိုနာနာ ကာကွယ်ပြီး ဘီရှက်ရဲ့ကန်ချက် ဘားကျော်သွားခဲ့လို့ မန်ယူ ဗိုလ်လုပွဲ ရောက်ခဲ့တာပါ။ ဗိုလ်လုပွဲမှာတော့ အခါးသီးဆုံး မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

image
31 w - Translate

ကိုယ်တိုင် ကြိုးစား ရှင်သန်ချင်စိတ်ဖြစ်လာအောင် အားပေးပါ

တစ်ခါတုန်းက အငြိမ်းစားဆရာမ တစ်ယောက်နဲ့ နည်းပညာကို စိတ်ဝင်စားတဲ့ အာမခံဝန်ထမ်းတို့ဟာ အိမ်ချင်းကပ်ရပ်နေကြသတဲ့။

သူတို့ နှစ်ဦးလုံးဟာ သူတို့ရဲ့ အိမ်တွေမှာ သစ်ပင်မျိုးစုံကို စိုက်ပျိုးလေ့ရှိကြတယ်။ အငြိမ်းစား ဆရာမဟာ သူမရဲ့ သစ်ပင်တွေကို ရေအရမ်းမလောင်းဘဲ၊ အရမ်း အလွန်အကျွံလည်း ဂရုမစိုက်ဘဲ နေလေ့ရှိတယ်။ နည်းပညာပိုင်းကို စိတ်ဝင်စားတဲ့ အာမခံဝန်ထမ်းကတော့ သစ်ပင်တွေကို ရေတွေ အရမ်းလောင်းပြီး အရမ်းကို ဂရုစိုက်သတဲ့။

ဆရာမရဲ့ သစ်ပင်တွေက ပုံမှန်ပဲ ရှင်သန်နေတဲ့ ပုံပေါက်ပေမယ့် အာမခံဝန်ထမ်းရဲ့ သစ်ပင်တွေကတော့ အရမ်းကို သန်စွမ်းပြီး စိမ်းလန်းနေတဲ့ပုံပေါက်နေတာပေါ့။ တစ်ညမှာတော့ မိုးတွေ အရမ်းရွာပြီး မုန်တိုင်း အသေးစားတစ်ခု ဖြစ်သွားတယ်။ မနက်လည်းကျရော အာမခံသမားရဲ့ သစ်ပင်တွေက အမြစ်ကနေ ကျွတ်ထွက်နေတာတွေ့ရပြီး ဆရာမရဲ့ သစ်ပင်တွေကတော့ ခိုင်ခိုင်မာမာပဲ တည်ရှိနေပြီး သိ်ပ်ပြီး မပျက်စီးသွားဘူးတဲ့။

အဲ့ဒီအခါ အာမခံ ဝန်ထမ်းက ဆရာမကို ဘာဖြစ်လို့ သူ့သစ်ပင်တွေက ပြိုလဲကုန်ပြီး ဆရာမရဲ့ သစ်ပင်တွေက အကောင်းအတိုင်း ရှိနေရသလဲလို့ မေးလိုက်တယ်။ အဲ့ဒီအခါ ဆရာမက အာမခံ ဝန်ထမ်း အနေနဲ့ သစ်ပင်တွေကို ရေတွေ အများကြီး လောင်းပေးပြီး အလွန်အကျွံ ဂရုစိုက် ပျိုးထောင်တာမို့ သစ်ပင်တွေက အသက်ရှင်ဖို့ အတွက် ပြင်းပြင်းထန်ထန် ကြိုးစားစရာမလိုတော့ဘူးလို့ ပြောလ်ိုက်ပါတယ်။ သူမ အနေနဲ့ ကတော့ သစ်ပင်တွေကို ရေအလွန်အကျွံလောင်းတာမျိုး အလွန်အကျွံ ဂရုစိုက်တာမျိုးမရှိပါဘူး။ ဒါ့ကြောင့် သစ်ပင်တွေရဲ့ အမြစ်တွေက သူတို့ရဲ့ အစာရေစာ လိုအပ်မှုအတွက် ကိုယ်တိုင် တိုးချဲ့ရှာဖွေရတာ ဖြစ်လို့ သူတို့ ကုပ်တွယ်ထားတဲ့ အမြစ်တွေက ပိုနက်နဲပြီး ပိုခိုင်မာတာ ဖြစ်တယ်။ ဒါ့ကြောင့် သူမရဲ့ သစ်ပင်တွေက မပြိုလဲသွားတာဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးကနေ တဆင့် ဥပမာပေး ပြောပြချင်တာက မိဘတွေရဲ့ သားသမီးတွေ အပေါ် ပြုစု ပျိုးထောင်ပုံကိုပါ။ မိဘတွေ အနေနဲ့ စိုးရိမ်စိတ်လွန်ကဲလို့ဖြစ်စေ၊ စိတ်မချလို့ဖြစ်စေ သားသမီးတွေ ကို အလွန်အကျွံ အလိုလိုက်တာမျိုး၊ အစစအရာရာ အဆင်သင့် လိုက်လုပ်ပေးတာမျိုး မဖြစ်အောင် သတိထားဖို့လိုပါတယ်။ ကလေးတွေ ကိုယ်တိုင် ကြိုးစားယူသင့်တဲ့ အရာမျိုးတွေကို ကိုယ်တိုင် ကြိုးစားချင်စိတ်ဖြစ်ပေါ်လာစေ ဖို့ အရေးကြီးပါတယ်။ အစစအရာရာ အဆင်သင့် လက်ထဲ ထည့်ပေးနေမယ့်အစား ကိုယ်တိုင် ကြိုးကြိုးစားစား ရှင်သန်ချင်စိတ်လေး ဖြစ်လာအောင် အားပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေရဲ့ ငယ်ဘဝမှာ သစ်ပင်လေးတွေရဲ့ အမြစ်ကလေးတွေလိုပဲ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်၊ အားကိုးစိတ် အမြစ်တွယ်ခိုင်မာသွားဖို့ ပြုစုပျိုးထောင်ပေးပါလို့ တိုက်တွန်းပါရစေ။

Ref: Moral Stories: Keeping the roots stronger

image
31 w - Translate

ဟိုက်ပါရေတံခွန်

image
31 w - Translate

late lunch😋 ကြက်သောက်ဆမ်း

image
31 w - Translate

မန္တလေး တောင်ပေါ်လမ်းမှာ
စိန်ပန်းနီလေးတွေ ပွင့်တဲ့အချိန်🌺

(စိန်ပန်းတွေပွင့်တဲ့အချိန်မန်းတောင်ပေါ်တက်ရင် တကယ်ကိုလှပသာယာတဲ့ မြင်ကွင်းလေးတွေကို တွေ့ရမှာပါ)🌺

မန္တလေးလို့နာမည်ကြား​လိုက်တာနဲ့
ခဏခဏပြန်သွားချင်တဲ့မြို့လေး❤️

ချစ်သောမန္တလေး❤️

ဓာတ်ပုံ -Eaint Yati

image
31 w - Translate

မန္တလေး တောင်ပေါ်လမ်းမှာ
စိန်ပန်းနီလေးတွေ ပွင့်တဲ့အချိန်🌺

(စိန်ပန်းတွေပွင့်တဲ့အချိန်မန်းတောင်ပေါ်တက်ရင် တကယ်ကိုလှပသာယာတဲ့ မြင်ကွင်းလေးတွေကို တွေ့ရမှာပါ)🌺

မန္တလေးလို့နာမည်ကြား​လိုက်တာနဲ့
ခဏခဏပြန်သွားချင်တဲ့မြို့လေး❤️

ချစ်သောမန္တလေး❤️

ဓာတ်ပုံ -Eaint Yati

image
31 w - Translate

မန္တလေး တောင်ပေါ်လမ်းမှာ
စိန်ပန်းနီလေးတွေ ပွင့်တဲ့အချိန်🌺

(စိန်ပန်းတွေပွင့်တဲ့အချိန်မန်းတောင်ပေါ်တက်ရင် တကယ်ကိုလှပသာယာတဲ့ မြင်ကွင်းလေးတွေကို တွေ့ရမှာပါ)🌺

မန္တလေးလို့နာမည်ကြား​လိုက်တာနဲ့
ခဏခဏပြန်သွားချင်တဲ့မြို့လေး❤️

ချစ်သောမန္တလေး❤️

ဓာတ်ပုံ -Eaint Yati

image