Natural Amethyst
သဘာဝ ခရမ်းစွဲ 💜💜💜
ကျောက်ရည်ရွှင်ရွှင်လေး ပွင့်အားကောင်း
ဗေဒါရည်လေး အရမ်းလှတယ်နော်
#gems


Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Natural Amethyst
သဘာဝ ခရမ်းစွဲ 💜💜💜
ကျောက်ရည်ရွှင်ရွှင်လေး ပွင့်အားကောင်း
ဗေဒါရည်လေး အရမ်းလှတယ်နော်
#gems
Part-2
ဒီမိုကရေစီ ဟူသည် (၂)
အားလုံး အရေးအတွက် အားလုံး ပါဝင် ဆုံးဖြတ်ခြင်း
နိုင်ငံရေး သိပ္ပံပညာရှင်များကတော့ ဒီမိုကရေစီစနစ်ဟူသည် လူတစ်စု၊ အသင်းအဖွဲ့တစ်ခု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ရာ၌ ၎င်းအစုအသင်း သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ပါဝင်သူအားလုံးတို့ မိမိ သဘောဆန္ဒ အသီးသီးကို ဖော်ပြခွင့်ရကြ၍ ယင်းအား တန်းတူညီမျှ ထည့်သွင်း စဉ်းစားမှုပြုသော စနစ်မျိုးကို ဆိုသည်ဟု အခြေခံအချက်ကို ချုပ်၍ ရှင်းလင်း ဖွင့်ဆိုလေ့ရှိကြသည်။
ဆုံးဖြတ်ချက်၊ ဆုံးဖြတ်ချက်များ။
လူတိုင်း၏ ဘဝမှာ နေ့စဉ်နှင့်အမျှ ဆိုသလို ဆုံးဖြတ်ချက် ကြီးငယ်တွေ ချမှတ်ကြ ရသည်။ အိမ်ထောင်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည် စသည် ...
အဲဒါတွေသည် မိမိ တစ်ဦးတည်းနှင့်ဆိုင်သော ကိစ္စသက်သက်ဖြစ်က မိမိဘာသာ နှစ်သက်ရာ ဆုံးဖြတ်၍ ထိုဆုံးဖြတ်ချက်တို့၏ ကောင်းကျိုး ဆိုးကျိုးကို မိမိဘာသာ ခံစားရုံပဲ ဖြစ်သည်။
သို့သော် တချို့ကိစ္စရပ်များသည် မိမိကိုယ်ပိုင် ကိစ္စရပ်များ ဖြစ်သည့်တိုင် ယင်းတို့နှင့်စပ်လျဉ်း၍ စဉ်းစားဆုံးဖြတ်မည်ပြုသည့်အခါ အခြားသူတို့၏ သဘောဆန္ဒများ၊ သို့မဟုတ် မိမိ ကျင်လည်ရာ လူ့အဖွဲ့အစည်းက ချထားခဲ့သည့် ဆုံးဖြတ်ချက်များနှင့် ရောယှက် ငြိုတင်နေတာမျိုး ရှိတတ်သည်။ မိမိက ဤသို့ ဆုံးဖြတ်ချင်သည်၊ သို့သော်အများသို့မဟုတ် လူ့အဖွဲ့အစည်းက ခွင့်မပြုဟူသော အနေအထားမျိုး ဖြစ်သည်။
ဥပမာ အထက်က ဆိုခဲ့သည့် အိမ်ထောင်ရေး၊ စီးပွားရေး စသည့် ကိစ္စများပဲ ဆိုပါစို့။
မိမိက ဘယ်သူဘယ်ဝါနှင့် အိမ်ထောင်ပြုချင်သည်။ သို့သော် လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေများက တစ်စုံတစ်ရာသော အချက်ကို အကြောင်းပြု၍ မိမိအား တရားဝင် လက်ထပ်ခွင့်မရအောင် ဟန့်တား ထားသည်။
အလားတူ၊ စီးပွားရေး လုပ်ငန်းတစ်ရပ် ထူထောင်ချင်သည်။ စည်းကမ်းဥပဒေ တစ်ခုက မိမိ ရွေးချယ်သည့်လုပ်ငန်း လုပ်ခွင့်မရအောင် ဟန့်တားနေသည်။
အလားတူ၊ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခု လုပ်ချင်သည်။ စည်းမျဉ်း စည်းကမ်း အဟန့်အတားကြောင့် မလုပ်နိုင်။
#ဆက်ရန်ရှိ
Part_3
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
တစ်ခုသော သင်္ကြန်အခါ (သက္ကရာဇ် မမှတ်မိ။ မှတ်မိတာက မောင်သာနိုး မိန်းမ မရသေး) မောင်သာနိုးရယ်၊ တက္ကသိုလ် မောင်စောလွင်ရယ်၊ ကျွန်တော်တို့ သုံးယောက်သား စစ်ကိုင်းတောင် ဆရာတော် ရွှေကိုင်းသားရဲ့ အနုရုဒ္ဓါချောင်မှာ ညအိပ်၊ မနက် ပီပီလင်းတော့ ပရက္ကမချောင်ကအစ တောင်အနှံ့၊ ချောင်အနှံ့လည်ပြီး မန္တလေးဘက် ကူးခဲ့ကြတယ်။ ကိုစောလွင်အိမ်ရောက်တော့ ပဲပုပ်စေ့လှော်နဲ့ တို့ရှမ်းမ လက်ဖက်ခြောက်နှပ် အဖန်ရည်တစ်အိုးနဲ့ မန္တလေးနွေကို အန်တုဗလ ပြုကြရတယ်။ စားပွဲပေါ်မှာ မောင်သာနိုး လက်ဆောင်ပေးထားတဲ့ 'ဘောင်းဘီဝတ် မိုးတိမ်’ ကဗျာစာအုပ်ကလေး။
'ကဲ...ကိုသာနိုး၊ ကဗျာရွတ်ဗျာ'
မဆိုင်းမတွပါပဲ စာအုပ်ကိုင်ပြီး မောင်သာနိုးဟာ ‘ဘောင်းဘီဝတ် မိုးတိမ်’ကို ရွတ်ပါလေတော့တယ်။ ကိုစောလွင် . ဘယ်လိုခံစားမိသလဲတော့ မပြောတတ် ကျွန်တော်တော့ဖြင့် ကြက်သီး တဖြန်းဖြန်း။
ကဗျာသံစဉ် လှုပ်ရှားမှုနဲ့ မောင်သာနိုးရဲ့ အောင်မြင်ခံ့ညားတဲ့ အသံ၊ မာန် မောက်တဲ့ ဟန်ဟာ တစ်သားတည်း၊ တစ်ထပ်တည်း။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက မောင်သာနိုးရဲ့ “ဘောင်းဘီဝတ် မိုးတိမ်' ဘာသာပြန်ဟာ ရစ်သမ် ပါတယ်။ ကာရန် ပါတယ်။ အစပ်အဟပ်၊ အဖြတ်အရပ်၊ အတက်အဆင်း၊ အနိမ့်အမြင့်၊ အသံအတိုအရှည် သူ့နေရာနဲ့ သူ အထာကျကျ ဘာသာပြန်ထားတာမို့ ရွတ်ဆိုလို့ ရတယ်ဆိုတဲ့ အကြောင်းပါပဲ။
ဒီကဗျာရဲ့ မူရင်းခေါင်းစဉ်က “၁၃ ပါးမြောက် သာဝက” ဖြစ်တယ်။ နောက်တော့ ဘောင်းဘီဝတ် မိုးတိမ်’လို့ ပြင်ဆင်လိုက်ရတယ်။
အပိုင်း လေးပိုင်းကို ကြွေးကြော်သံလေးမျိုးနဲ့ ခွဲရေးထားတယ်။ အချုပ်ကတော့ ငွေ ငွေ ငွေ တစ်ငွေတည်း ငွေနေတဲ့ ဇာဘုရင်ခေတ် ဘူဇွာ လူ့အဖွဲ့အစည်း ကြီးထဲမှာ လူသားတန်ဖိုးကို ဂုဏ်ဓနပေတံနဲ့ ယှဉ်ထိုးကြည့်နေတဲ့အခါမျိုး။ မိန်းမပျို လေးတစ်ယောက်ရဲ့ ချစ်တုံ့ပြန်မှုကို မရလိုက်တဲ့ ကဗျာဆရာဟာ သူ့ခေတ်ရဲ့ အနုပညာ၊ သူ ့ခေတ်ရဲ့ အတွေးအခေါ်၊ သူ့ ခေတ်ရဲ့ အချစ်နဲ့ အိမ်ထောင်ရေး ဖွဲ့စည်းမှုတွေ အားလုံးကို စက်ဆုပ် ရွံရှာမုန်းတီးမှု အပြည့်၊ မီးလျှံ ဟုန်းဟုန်း တောက်နေတဲ့ နှလုံးသားနဲ့ တအားအော်ဟစ်လိုက်တာပဲ ဖြစ်တယ်။
‘ဘောင်းဘီဝတ် မိုးတိမ်’ဟာ မာယာကော့ဖ်စကီးနဲ့ မာရီယာတို့ရဲ့ အချစ် ဇာတ်လမ်းတစ်ပုဒ်လို ့ ပြောရင်လည်း ရပါတယ်။ ဒါပေမဲ့ စိတ်ကူးယဉ်တော့မဟုတ်ဘူး။
ဂျာမန်ကဗျာဆရာ ဂွည်ထည်ဟာ ရှေးခေတ်ကရှိခဲ့တဲ့ အလှဘုရင်မ ဟယ်လင် ရဲ့ ဝိညာဉ်ကို ပဉ္စလက်နဲ့ ခေါ်ယူပြီး သူ့ဇာတ်ကောင် ဖောစိတ်ကို ချစ်ရေးဆိုစေကာ နမ်းစေခဲ့တယ်။ မာယာကော့ဖ်စကီးရဲ့ အချစ်က ဒါမျိုးမဟုတ်ဘူး။
သွေးထဲသားထဲ သံစူးဝင်နေတဲ့အချစ်မျိုး။
#ဆက်ရန်ရှိ
~~~ အမှတ်တရ ~~~ { ၈ }
ဂျူး
လွန်ခဲ့သည့် သုံးနှစ်ခန့်က လျှောက်ခဲ့သော ဆေးရုံကြီးရှေ့လမ်း ၃၀ သည် ကျွန်မတို့ နှစ်ဦးအား ယခင်ကလို ပြန်လည်ရင်းနှီး သွားစေ၏ ။ သို့သော် ကျွန်မတို့ နှစ်ဦးအား လှမ်းကြည့်နေသော မျက်နှာများမှာ ကျွန်မ မြင်ဖူးသလိုလို ။ နောက်ပြီး ကျွန်မအား စကားတင်း ဆိုနေကြသလိုလို။ တကယ်ဆို အိမ်ထောင်ရှိပြီးသော ရည်းစားဟောင်းနှင့် အခုလို ယှဉ်တွဲ၍ မသွားသင့်ဘူး မဟုတ်လား။
“အခု ဘယ်မှာ ဆေးခန်းဖွင့်နေလဲ”
ကျွန်မရောက်နေသော မြို့ကလေး၏ နာမည်ကို မောင် ကြားဖူးမည်မဟုတ်။ သြော် ဟုသာ ရေရွတ်သည်။ ဗွီဒီယို မရှိ ၊ တယ်လီဗေးရှင်းမရှိ ၊ အအေးဆိုင် တစ်ဆိုင် ၊ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်နှင့် ရုပ်ရှင်ရုံ ဖြစ်ခဲ့ဖူးသော ဆန်ဂိုဒေါင် တစ်လုံးသာရှိသည့် မြို့ငယ်ငယ်လေး အကြောင်း အေးအေးဆေးဆေးမှ ပြောပြရဦးမည်။
“အဆင်ပြေရဲ့လား”
“ဒီလိုပါပဲ .. မောင်ရာ”
“မောင်လဲ ဒီလိုပါပဲ ၊လူနာတွေနဲ့ ၊သမဝါယမနဲ့ အိမ်နဲ့ လုံးချာလိုက်ပြီး ဘယ်လိုမှ မအားဘူး ။ အခုတောင် ကိုယ့်ညီ မင်္ဂလာဆောင်ဖို့ ကိစ္စနဲ့ သွားလို့ ရန်ကုန်ရောက်ဖြစ်တာ”
“အာအိုင်တီက တစ်ယောက်လား”
ထိုလူငယ်လေးသည် မောင့်ကိုအလွန်ချစ်သော ညီတစ်ယောက် ဖြစ်သည်။
“အင်း .. အခု သူက အလုပ်၀င်နေပြီ။ အံ့သြစရာကောင်းတာက သူ ဒီတစ်ခေါက် မင်းကို မေးလိုက်သေးတယ်”
“သြော် … ”
“မင်း ၀တ္ထုတွေ မတွေ့လို့တဲ့ ၊ စာရေးဖို့ ကြိုးစားစေချင်တာတဲ့ ၊ ကိုယ့်ကို မေးနေသေးတယ် ၊ မင်းဘာဖြစ်လို့ စာမရေးသလဲ ဆိုတာ”
“အင်းပေါ့လေ .. ရုတ်တရက်ဆိုတော့ ကျွန်မ နဲ့ မောင့်ကို သူ တွဲတွဲပြီး သူ မြင်နေဦးမှာပေါ့ ၊ နောက်တော့လဲ တကွဲစီ မြင်သွားမှာပါ။ မန္တလေးကို ခဏခဏရောက်လား”
“ကျောင်းပြီးခါမှ မန္တလေးကို ဒါ ပထမဆုံးအချိန် ပြန်ရောက်တာပဲ။ မလာရဲတာလဲ ပါတာပေါ့လေ ။ သိတဲ့အတိုင်း ကိုယ်က သတ္တိကြောင်တတ်တယ်။ နောက်ပြီး ကိုယ်က နာမည်ဆိုးနဲ့ လူပဲ”
မောင်က အနည်းငယ် မျက်နှာပျက်စွာ ရယ်မောပါသည်။
“ဖဲရိုက်သေးလား”
“အင်း နည်းနည်းပါးပါး”
“ဇနီးက ဘာမှ မပြောဘူးလား”
“သူက မင်းလို မလည်ဘူး ၊ အ,တယ် ။ ကိုယ်ဘာလုပ်လုပ် သိပ်သိတာ မဟုတ်ဘူး”
“အခုတော့ မောင် ရွေးတဲ့လမ်း မှန်နေပြီပေါ့ ၊ မောင့်ကို ပခုံးချင်း မယှဉ်တဲ့ ဇနီးနဲ့လေ”
“ဒါတွေ မပြောပါနဲ့ ချစ်ရယ်”
မောင်က ကျွန်မကို ချစ်ဟု ခေါ်လိုက်သောအခါ မျက်နှာ နွေးခနဲ ပူသွား၏။ ကျွန်မ နွဲ့မှီခို၀င်ခဲ့ဖူးသော မောင့်ရင်ခွင်သည် ယခင်ကလိုပင် နူးညံ့ နွေးထွေးဦးမှာပဲလား။
“မိုးနည်းနည်းရွာဦးမယ် ထင်တယ် ။ ထီးဘာဖြစ်လို့ မဆောင်းတာလဲ”
“ပျင်းလို့”
ဘူတာရုံရှိ မီးရထားခုံး တံတားပေါ်သို့ ဖြတ်လျောက်သောအခါ မောင်က ဘယ်မှာတည်းသလဲ ဟု မေး၏ ကျွန်မ မဖြေပါ။ မောင်က မကြားဘူးထင်၍ ထပ်မေးသည်။
#ဆက်ရန်ရှိ