အပိုလူ ဖြစ်နေပြီလား ???

တစ်ခါတလေမှာ ကျွန်တော်တို့ဟာ
လူတစ်ယောက် ဒါမှမဟုတ် လူတစ်စုရဲ့ဘဝမှာ
အပိုလူ ဖြစ်နေတတ်ပါတယ်။

ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊
ချစ်ခင်ကြင်နာမှုတွေ၊
တန်ဖိုးထားမှုတွေက
သူတို့တွေအတွက် အရေးမပါတာမျိုး ဖြစ်နေတတ်ပါတယ်။

သူတို့ အမှားတော့မဟုတ်ပါဘူး။
ကိုယ်ပေးချင်တာကို သူတို့ဘက်က မလိုအပ်တာပါ။
ကိုယ်က သူတို့အတွက် အပိုလူတစ်ယောက်ပေါ့။
ကိုယ့်ရဲ့ ရှိခြင်း၊ မရှိခြင်းဟာ
သူတို့အတွက် ဘာမှပြောင်းလဲမှု မရှိပါဘူး။
ကျွန်တော့်အတွေ့အကြုံလေး‌တွေကို ပြောပြပါမယ်။

ကျွန်တော် လူတစ်ယောက်ရဲ့ ဘဝမှာ အပိုလူဖြစ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ကျွန်တော့် crush တစ်ယောက်ကို ချစ်ခွင့်ပန်ခဲ့တယ်။ သူက ကိုယ့်ကို အပြတ်တော့မငြင်းဘူး။ ဒါပေမယ့် ပြန်လည်း မချစ်ဘူး။ ကျွန်တော်ကတော့ အဖြေကိုစောင့်ရင်း သူ့ကို ဂရုစိုက်ပေးတယ်။ မကိုင်တဲ့ ဖုန်းတွေခေါ်တယ်။ Seen မပြတဲ့ message တွေပို့တယ်။ သူနဲ့နီးစပ်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတယ်။ ဒါပေမယ့် သူ့အတွက်ကတော့ အပိုတွေသက်သက်ပါပဲ။

ကျွန်တော့်မှာ Facebook စသုံးခါစတုန်းက သူငယ်ချင်းတစ်ဖွဲ့ ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့အဖွဲ့ ခဏခဏတွေ့ကြတယ်။ သူတို့နဲ့ရှိနေတဲ့ကာလမှာ ကျွန်တော်ကို သိသိသာသာ လျစ်လျူရှုတာတွေ၊ အရေးမပါသလို ဆက်ဆံတာတွေ၊ နှိုင်းယှဉ်အပြစ်တင်တာတွေနဲ့ ကြုံခဲ့ရတယ်။ ဒါပေမယ့်လည်း ကိုယ်က သူတို့နဲ့ ဆက်ပြီးခင်မင်ချင်တဲ့အတွက် သူတို့ ကောင်းကောင်းမဆက်ဆံလည်း မသိချင်ယောင်ဆောင်ပြီးနေခဲ့တယ်။ ရူးသလို ပေါသလိုနဲ့ တွယ်ကပ်ခဲ့တယ်။ သူတို့အတွက် အပိုလူအဖြစ် ရှိနေခဲ့ရပါတယ်။

အဲ့သလို အဖြစ်မခံပါနဲ့။
အပိုလူဘဝကနေ ရုန်းထွက်ပါ။

ကျွန်တော်လည်း ရုန်းထွက်ခဲ့ပါတယ်။
ကိုယ့်ကို မလိုအပ်တဲ့သူတွေ၊
ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေဆီမှာ
ကြိတ်မှိတ် နေထိုင်နေစရာမလိုပါဘူး။

ပတ်ဝန်းကျင်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦး။
ကိုယ့်ကို တကယ်တန်ဖိုးထားတဲ့ သူတွေရှိပါတယ်။
အဲ့ဒီလူတွေဆီကို မသွားဘဲနဲ့
ဘာဖြစ်လို့ တခြားသူတွေရဲ့ဘဝမှာ
အပိုလူ အဖြစ်ခံနေမှာလဲ။

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ရှာဖွေရပါတယ်။
အပိုလူဖြစ်ခြင်းက ပျော်စရာ မဟုတ်ပါဘူး။
ကျွန်တော်တို့က အပိုလူဖြစ်ဖို့
မွေးဖွားလာတာ မဟုတ်ပါဘူး။

ဘယ်သူ့အတွက်မှ အပိုလူ အဖြစ်မခံတော့တဲ့နောက်ပိုင်း
ပိုပြီးအေးချမ်းလာပါလိမ့်မယ်။
ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။
ပိုပြီးအောင်မြင်လာပါလိမ့်မယ်။

AD
#crd

image
17 w - Translate

တိတ်တော့နော် … နောက်ကို ဖုန်းယူမစစ်တော့ဘူး
ဖောက်ပြန်ခံရတာ ငါပါဟဲ့ … 🥲

image
17 w - Translate

စိတ်မကြည်ဘူးနော် 😞

image
17 w - Translate

Other ; ရေချိုးရတာ အရမ်းအေးတယ်နော်
Me ;

image

cute

ငါးရခိုင်ချက်
စနေ၊ တနင်္ဂနွေ ပိတ်ရက် လေးကလည်း ရောက်လာပြီ။
ရာသီဥတု လေးကလည်း ကိုယ့်ဘက်ပါတယ် ဟုတ် -----
ပူပူစပ်စပ်ဟင်း လေးက ဒီလို ရာသီဥတုနဲ့ လိုက်ဖက်တယ်နော်။ ဆီနည်းနည်;ပဲသုံးရလို့ ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ ဆီပြန်ဟင်းတွေ စားရတာရိုးသွားရင် ဒီလိုလေးချက်စားကြည့်ပါနော်
လွယ်လွယ်ကူကူ နဲ့ ချက်စားလို့လဲရတဲ့ " ငါးရခိုင်" ချက်လေးပါ

ပါဝင်ပစ္စည်းများ
- နှစ်သက်ရာ ငါးတစ်မျိုး
- ကုလားအော်သီး
- ငရုတ်သီးစိမ်း
- မန်ကျည်းသီးမှည့် (သို့မဟုတ်) ချဉ်းစော်ကားသီး
- အချိုမှုန့်
- နံနံပင် သို့ ရှမ်းနံနံ
- ဆား
- မျှင်ငါးပိ (သို့) စိမ်းစားငပိ
- ဆီအနည်းငယ်
- နနွင်းမှုန့်အနည်းငယ်
- ကြက်သွန်ဖြူ
- ငရုပ်ကောင်းအနည်းငယ်
ချက်နည်း
- ပထမဆုံး ငရုတ်သီးစိမ်း နှင့် ကုလားအော်တောင့် များကို မီး အေးအေး နှင့် နွမ်းသွားသည့် အထိ ကင်ပြီး ကြက်သွန်ဖြူနှင့်ရောကာ မညက်တညက် ကြိတ်ထားပေးပါ။
- အိုးတစ်လုံးထဲမှာ ငါးကို ဆား ၊ နနွင်းမှုန့်၊ အချိုမှုန့်၊ မျှင်ငါးပိတို့နဲ့ နယ်ပြီးနှပ်ထားပါ။
- မန်ကျည်းသီး ရေဖျော်ထားပါ။နံနံပင် (သို့) ရှမ်းနံနံကို သင်ပြီး ရေစိမ်ထားပါ။
- နှပ်ထားသော ငါးကို မီးဖိုပေါ်တင်ပြီးလျှင် ကုလားအော်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ
ကြိတ်ထားတာထည့်ပါ။ ဆီ ၊ ရေထည့်ပြီး တည်ထားပါ ။
- ဆူပြီဆိုလျှင် မန်ကျည်းမှည့် အရည်ဖျော်ထားတာထည့်ပြီး ပြန်ဆူအောင်စောင့်ပါ ။
- ဆူလာပြီဆို နံနံပင် (သို့) ရှမ်းနံနံ အုပ်ပြီး စားလို့ရပါပြီ။

image
17 w - Translate

အသက် 39 နှစ်အရွယ် ခရစ္စတီယာနို ရော်နယ်ဒိုဟာ သွင်းဂိုး 43 ဂိုး ဖြင့်2024 ခုနှစ်ရဲ့ စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။🫨အသက်အရွယ်ဆိုတာ ခရစ္စတီယာနို ရော်နယ်ဒို အတွက် ကိန်းဂဏန်းတစ်ခုပါဘဲ👏

image

image
17 w - Translate

Nails for Christmas 💅🎄✨

image
17 w - Translate

Nails for Christmas 💅🎄✨

image